တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ မတူဘဲ အပေါ့စားတင်ကားတွေကိုပဲ ဦးစားပေး အသုံးပြုနေတာ တွေ့ရပြီး ကာလကြာ အ ချိန်ထိအောင် အပေါ့စားတင့်ကား ထုတ်လုပ်ဖန်တီးမှုတွေကို လုပ်ဆောင်နေခဲ့တာ တွေ့ရပါတယ်။
အပေါ့စားတင့်ကားတွေဟာ ခံနိုင်ရည် သိပ်မကောင်းလှဘူးဆိုပေမယ့် အကြမ်းခံတင့်ကားတွေထက် မြန်တယ်၊ သွက်တယ်၊ လမ်းကြောင်းစုံ သုံးနိုင်မှုလည်း ရှိတာပါ။ ဒါပေမယ့် ခံနိုင်ရည်အပိုင်းမှာတော့ အမာခံမော်ဒယ်တွေထက်စာရင် ပျော့ချင်ပါ တယ်။
တရုတ်ရဲ့အများဆုံး အသုံးပြုနေတဲ့ တင့်ကားတွေက Type 62 အမည်ရှိ အပေ့ါစား မော်ဒယ်တွေ ဖြစ်ပြီး Type 63 တွေကို လည်း သုံးတာ တွေ့ရပြီး ဒီမော်ဒယ်ကတော့ ရေရော ကုန်းပေါ်မှာပါ မောင်းနှင်နိုင်အောင် 62 ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ် ပါ။
မော်ဒယ် နှစ်ခုလုံးမှာ ၈၅ မမ ပင်မ အမြောက်ကို တပ်ဆင်ထားတယ်။ အခု လက်နက်အရွယ်က ရုရှားထုတ် T-34 မော်ဒယ် တွေမှာ တပ်ဆင်တဲ့ အမြှောက်အရွယ်နဲ့ အတူတူပါပဲ။ ပြီးတော့ အဆိုပါ အမြောက်က ၄၇ ချက်ထိအောင် ပစ်ခတ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီနေ့ခေတ် ကာကွယ်ရေးကဏ္ဍဘက်မှာ များစွာသော အခြား အပေါ့စားတင့်ကားတွေကိုပါ သုံးနေကြပါပြီ။
ဒါပေမယ့် စစ်ဘက်ရေးရာမှာပါ အားထည့်မှုတွေ လုပ်ဆောင်နေတဲ့ တရုတ်က 62နဲ့ 63လို မော်ဒယ်တွေ ရှိရုံနဲ့တော့ ကျေနပ်ပုံ မရပါဘူး။ အခုလည်း နောက်ထပ် အပေါ့စားတင့်ကားသစ်ကို ဖန်တီးထုတ်လုပ်မိတ်ဆက်လာတာ တွေ့ရပါတယ်။
အခု VT-5မှာ တပ်ဆင်ထားတဲ့ အမြောက်က ၁၀၅ မမ အရွယ်ရှိ အမြောက်ကို ပင်မအဖြစ် ထိုင်ထားတာ ဖြစ်ပါတယ်။ သူက ၃၈ ချက်ထိအောင် ပစ်ခတ်နိုင်ပါတယ်။ ရှေ့ထွက် M1 Abramsနဲ့ M60 Pattonလို မော်ဒယ်တွေရဲ့အမြောက်ရော တပ်ဆင် ထုတ်လုပ်မှုနဲ့ပါ ဆင်တူတာ တွေ့ရပါတယ်။
Army Recognition.com ရဲ့ဖော်ပြချက်အရ အခု မော်ဒယ်သစ် VT-5က အလေးချိန် ၃၃ တန်ကနေ ၃၆တန် အတွင်းအ လေးချိန် ရှိမယ်လို့ သိရပါတယ်။ မော်ဒယ်မှာ အထက်မှာ ပြောခဲ့တဲ့ ၁၀၅ မမ လက်နက်ကြီးအပြင် နောက်ထပ် ၁၂.၇ မမ အ ရွယ်ရှိ စက်သေနတ်ကြီးနဲ့ ၄၀ မမ အရွယ်ရှိ လောင်ချကိုပါ တပါတည်း တပ်ဆင်ထားတာလည်း ဖြစ်ပါတယ်။
အမေရိကန်ရဲ့နောက်ဆုံးထုတ် အပေါ့စားတင့်ကားမော်ဒယ် M551 Sheridan ဟာ ဆိုရင် ဗီယက်နမ်နဲ့ တိုက်တဲ့ စစ်ပွဲအ တွင်းမှာရော ၁၉၉၀ ပြည့်လွန်နှစ်တွေက ကန္တာရပိုင်း စစ်ဆင်းရေးတွေမှာ အသုံးပြုခဲ့တာ တွေ့ရပြီး မော်ဒယ်ကို တချို့က လည်း Buford လို့ ခေါ်ကြသလို မော်ဒယ်မှာ XM8 Armored Gunစနစ် ပါရှိတယ်လို့ သိရပါတယ်။
အဆိုပါ စနစ်က လိုအပ်တဲ့ ပြစ်ချက်အတွက် အလိုအလျောက် ကျည်ပြင်စနစ်ရော အလိုအလျောက် ပစ်ချက် ပယ်ဖျက်စနစ် ကိုပါ လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
အဆိုပါ M551 ကနေ နောက်ဆက်တွဲ အဆင့်မြှင့်မှုတွေအဖြစ် အခု ဒီနေ့ခေတ်မှာတော့ အမေရိကန်က M1128 မော်ဒယ်ကို သုံးနေပြီး မော်ဒယ်မှာ Stryker Mobile Gun System စနစ်ကို ထည့်သွင်းထားတာ တွေ့ရပါတယ်။
ဒီမော်ဒယ်မှာလည်း ပင်မလက်နက်ကြီးအဖြစ် ၁၀၅ မမ အမြောက်ကို ထည့်ထားပေမယ့် ပစ်ချက်ကတော့ ၁၈ချက်ပဲ ရမှာ ပါ။
ဒါဆိုရင်တော့ အခု အသစ် မိတ်ဆက်လိုက်တဲ့ VT-5က အမေရိကန်ရဲ့ လက်ရှိ သုံးနေတဲ့ မော်ဒယ်ထက်ကိုပဲ ပစ်ချက်ပိုင်းမှာ လည်း အားသာတယ်။ နောက်ထပ် အမြောက်ငယ်နဲ့ စက်သေနတ် ထည့်သွင်းပါရှိမှုတွေလည်း ရှိသေးတာကြောင့် အမေရိ ကန်ရဲ့စစ်ဘက်သုံး အပေါ့စားတင့်ကားထက် ပိုမို ကောင်းမွန်အောင် ဖန်တီးအသုံးပြုလာတော့မှာလည်း ဖြစ်ပါတယ်။
Ref: www.busiessinsider.com