ကျနော်တို့အတွက် မိခင်ဘာသာစကားမဟုတ်တဲ့ အခြားဘာသာစကားတခုကို အသံထွက်မှန်အောင် ပြောနိုင်ဖို့ဆိုတာ တော် တော်လေး ခက်ပါတယ်။
ဦးနှောက်ကလည်း သင်ယူနိုင်မှု ပိုမို အားနည်းလာတဲ့ အသက်ကြီးမှ အခြားဘာသာစကားကို သင်ယူတာဆိုရင် ချက်ချင်း တတ်မြောက်ဖို့ ဆိုတာ ပိုခက်သွားပါတယ်။
အခု ကျနော်က နိုင်ငံတကာသုံး ဘာသာစကား အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် အသံထွက်မှန်အောင် ဘယ်လို လေ့ ကျင့်မယ်၊ ဘယ်လို အသံထွက် မှန်ကန်စေမယ်ဆိုတဲ့ အလွယ်ဆုံးနည်းလမ်းတွေကို ပြောပြချင်ပြီး အလွယ်ဆုံးအနေနဲ့ မိမိ ကိုယ်တိုင် အိမ်မှာတင်ပဲ လေ့လာနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။
(၁) အသံထွက်တွေကို နားထောင်ပါ
သင်ထောက်ကူ အင်္ဂလိပ်စာဖိုင်တွေကို နားထောင်နိုင်တယ်၊ အင်္ဂလိပ်အသံထွက် ရုပ်သံတွေကို ကြည့်နိုင်တယ်။ နောက် ပိုင်း အင်တာနက်ကနေ အွန်လိုင်းအဘိဓာန်တွေမှာ အသံထွက်တွေပါ တပါတည်း ပါရှိတာကြောင့် အွန်လိုင်းကနေလည်း လေ့လာ နားထောင်နိုင်မှာ ဖြစ်ပါတယ်။
နားထောင်မှု လုပ်ဆောင်ချိန်မှာ အာရုံစိုက် နားထောင်ဖို့ တခုတော့ လိုအပ်ပြီး အကောင်းဆုံးကတော့ စာတန်းထိုး ပါရှိတဲ့ ရုပ်သံကိုကြည့်ရင်း ဘယ်စကားလုံးကို ဘယ်လို အသံထွက်တယ် ဆိုတာ ပူးတွဲမှတ်သားတာ အကောင်းဆုံး ဖြစ်ပါတယ်။
(၂) ဖြည်းဖြည်းချင်း အသံထွက် လေ့ကျင့်ပါ
လေ့လာသူအများစုမှ မှားယွင်းတတ်တဲ့အကြောင်းကတော့ မိမိ ပိုင်နိုင်ပြီထင်တဲ့ စကားစု၊ စကားလုံးကို ပြောဆိုသုံးစွဲချိန် မှာရော လေ့ကျင့်ချိန်မှာပါ အမြန် ပြောဆို သုံးစွဲကြပါတယ်။
မိမိအနေနဲ့ မိခင်ဘာသာစကား အနေအထားလောက်ထိအောင် တတ်မြောက်မှု မရှိသေးတာကို မိမိကိုယ်ကို သိမယ်ဆို ရင် လေ့ကျင့်ချိန်မှာ အနှေးအနေအထားနဲ့ပဲ ပြောဆိုလေ့ကျင့်တာ အကောင်းဆုံး ဖြစ်ပါတယ်။
အမြန်ပြောဆို လေ့ကျင့်မှုက အသံထွက်ကို မှားစေ၊ ရောထွေး ဝေဝါးစေတာကြောင့် လေ့ကျင့်ချိန်မှာ အနှေးပြောဆို လေ့ ကျင့်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
(၃) နှုတ်ခမ်းသားတွေကို ကြည့်ပြီး လေ့ကျင့်နိုင်တယ်
ရုပ်သံတွေကို ကြည့်ရှု လေ့ကျင့်ချိန်မှာ စကားပြောကို နားထောင်မှု၊ ဘယ် စကားလုံးကို အသံထွက်တယ်ဆိုတာ လိုက်လံ မှတ်သားမှုအပြင် အချို့သော ခက်ခဲ ရှည်လျားတဲ့ အသံထွက်မျိုးကို ထွက်ပြခဲ့တယ်ဆိုရင် မိမိအနေနဲ့ အဆိုပါ အသံထွက် ပြသူရဲ့နှုတ်ခမ်းသားနဲ့ ဖြစ်နိုင်ရင် လျှာ လှုပ်ရှားပြောဆိုမှုကိုပါ သေချာကြည့်ပြီး မိမိအနေနဲ့လည်း အဆိုပါအတိုင်း လိုက်လံ လှုပ်ရှားပြောဆို လေ့ကျင့်သင့်ပါတယ်။
ကျနော်တို့ မြန်မာစာမှာ တ နဲ့ သ မပီသူ အနေနဲ့ နှုတ်ခမ်းနဲ့ လျှာကို ကွဲအောင် လေ့ကျင့်ပြောဆိုရသလို နမူနာယူကြည့်ပြီး လေ့ကျင့်ဖို့ လိုအပ်ပါတယ်။
(၄) ပါးစပ်ကို လေ့ကျင့်ဖို့ လိုအပ်ပါတယ်
စကားပြောဆိုဖို့အတွက် ပါးစပ်အတွင်း ကြွက်သားတွေနဲ့ လျှာတွေ ပူးပေါင်းပြီး လေကို လိုအပ်သလို ဖန်တီးထုတ်လုပ် အသံ ပြုရပါတယ်။
ဆိုလိုတာကတော့ ပါးစပ်အနေနဲ့ ကြွက်သားတွေ ကျင့်သားကောင်းနေဖို့ လိုအပ်ပါတယ်။ မိမိအားလပ်ချိန်တွေမှာ ပါးစပ်ကို အသင့်အတင့် ဟ ထားပါ။ လျှာကို အပေါ်သွားနဲ့ အောက်သွား အကြားမှာ ထုတ်ထားပါ၊ လေကို အဆိုပါအနေအထား အ တိုင်း ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ လျှာရော ပါးစပ်ရဲ့ကြွက်သားတွေကို ပိုမို အားကောင်းစေနိုင်ပါတယ်။ လှုပ်ရှားပြောဆိုရမှု ပို မို အားကောင်းစေပါတယ်။
(၅) ရုပ်သံတွေကို ကြည့်ပါ
အဆင့် ၁မှာ ပြောခဲ့သလိုပဲ နားထောင်မှုအပြင် အင်္ဂလိပ် အသံထွက် ရုပ်သံတွေကို နားထောင်တာ အကောင်းဆုံး ဖြစ်ပါ တယ်။ အင်္ဂလိပ်စာတန်းထိုးနဲ့အတူ ကြည့်ပါ။ စကားလုံးတွေရဲ့အသံထွက်ကို လိုက်လံ မှတ်သားပါ၊ စာတန်းထိုးသီချင်း တွေ နားထောင်ပြီးလည်း လိုက်ဆို လေ့ကျင့်နိုင်ပါတယ်။
(၆) အကြားအာရုံကို မှတ်သားပါ
ရေဒီယို နားထောင်နိုင်တယ်၊ ရုပ်သံတွေ ကြည့်နိုင်တယ်၊ သီချင်းတွေ နားထောင်နိုင်တယ်။ သူတို့ ဘာပြောတယ်၊ ဘာဆို တယ် ဆိုတာ မိမိအနေနဲ့ နားမလည်သည့်တိုင်အောင် လေ့လာချိန် မဟုတ်ဘဲ ကားစီးနေချိန်၊ တခုခု စောင့်နေချိန်တွေမှာ အားရင် အားသလို နားထောင်နေပါ။
မသိစိတ်ကနေ မှတ်သားမှု လုပ်ဆောင်နေတတ်တာကြောင့် မိမိ အသံထွက် လေ့ကျင့်ချိန်မှာ အကူအညီ ရလာပါလိမ့်မယ်။
(၇) မိမိတဦးတည်း လေ့ကျင့်ပါ
မိမိအနေနဲ့ ပညာရပ်တခုကို လေ့လာနေမှု ဖြစ်တဲ့အတွက် ရူးသွပ်မှု ဆန်ချင် ဆန်နေမှာ ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကို ဂရု မစိုက်ပါနဲ့။ အသံထွက်ကို အားလပ်ချိန်တိုင်း ပြောဆို လေ့ကျင့်ပါ။
မှန်ကြည့်ပြီး ပြောဆိုလေ့ကျင့်လို့လည်း ရပါတယ်။ ဦးဆုံးအနေနဲ့ တဦးတည်း ပြောဆိုလေ့ကျင့်တာ အကောင်းဆုံး ဖြစ် ပါတယ်။
(၈) အပေါင်းအသင်းနဲ့ ပြောဆို လေ့ကျင့်ပါ
အထက်မှာပြောခဲ့တဲ့ တဦးတည်း လေ့ကျင့်မှုရဲ့နောက်တဆင့်ကို ရောက်လာပါပြီ။ မိမိနဲ့အတူ ကြိုးစားလိုစိတ်ရှိသူတဦးကို ချိတ်ဆက်ပြီး နှစ်ယောက်တည်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အသံထွက်ရော စကားပြောပါ စုဖွ့ဲ လေ့ကျင့်ပါ။ ပိုမို မြန်ဆန်တဲ့ ကောင်းမွန်တဲ့အသံထွက် တတ်မြောက်မှုကို ရရှိစေပါတယ်။
(၉) သီချင်းတွေ ဆိုပါ
အင်္ဂလိပ်သီချင်းတွေကို လိုက်ဆိုပါ။ မိမိအနေနဲ့ သီချင်းတပုဒ်လုံးကို နားမလည်သေးသည့်တိုင်အောင် အသံထွက်ရဖို့နဲ့ ကောင်းဖို့ မှန်ဖို့ လိုက်ဆိုပါ။
ဘယ်လို သီချင်းပဲ ဖြစ်ဖြစ် နားထောင်မှုအပိုင်းမှာ ကျောင်းစာထက် လူတိုင်းက အာရုံစိုက်တတ်ကြသလို နားထဲ စွဲလွယ် တာကြောင့် အားလပ်ချိန်မှာ အင်္ဂလိပ်သီချင်းတွေ နားထောင်ပါ၊ နားထဲ စွဲပြီ ဆိုတာနဲ့ လိုက်ဆိုပါ။ အသံထွက် မှန်ကန် ကောင်းမွန်စေတဲ့ နည်းလမ်းကောင်းတခု ဖြစ်ပါတယ်။
(၁၀) စကားပြောသလို ပြောနိုင်ဖို့ ကြိုးစားပါ၊ စာဖတ်သလို မကျင့်ပါနဲ့
စာဖတ်တယ်ဆိုတာ အသံကို သိပ်မကစားဘဲ ပီသအောင် ကြားနိုင်ဖို့ ဖတ်ပြတာမျိုး ဖြစ်ပေမယ့် စကားပြောမှာတော့ စိတ်ခံ စားချက်၊ ဥပမာ ပျော်ရွှင်သံ၊ စိတ်တိုသံတွေ ရောပါနေပါတယ်။
ဒီအတွက် စာဖတ်သလို အသံကို တပြေးတည်း ထွက်အောင် မလေ့ကျင့်ပါနဲ့၊ စကားပြောသလို စိတ်ခံစားမှုကို ထည့်ပြီး အ သံထွက် စကားပြောကို အနိမ့်၊ အမြင့် ပါရှိအောင် ပြောဆိုတတ်ဖို့ လေ့ကျင့်ပါ။
Ref: www.englishlive.ef.com