အခုပြောပြမှာကတော့ စုံစမ်းရေး အပါအဝင် လျှို့ဝှက်ကိစ္စတွေနဲ့ အရေးပေါ်ကိစ္စတွေမှာ အကောင်းဆုံး တာဝန်ထမ်းဆောင်ဖို့ လေ့ကျင့်ထားတဲ့တပ်ဖွဲ့တွေ နိုင်ငံအလိုက်ရှိတဲ့အထဲက အကောင်းဆုံး၊ အတော်ဆုံး အထူးတပ်ဖွဲ့တွေအကြောင်းပဲ ဖြစ်ပါ တယ်။
(၁) United States Navy SEALs
၁၉၆၂ ခုနှစ်က ဖွဲ့စည်းထားတဲ့ အမေရိကန်ရေတပ်လက်အောက်က အဖွဲ့တခုပါ။ ရေတပ်ဆိုပေမယ့် ပယ်လယ်မှာရော ဝေဟင် အတွက်ရော ကြည်းတပ်အဖြစ်ပါ တာဝန်စုံ ထမ်းနိုင်အောင် လေ့ကျင့်ပေးထားတာ တွေ့ရပါတယ်။ အိုစမာဘင်လာဒင်လို ရာ ဇဝတ်သား ရှာဖွေမှုတွေကိုတောင် CIAနဲ့ တွဲဖက် ထမ်းဆောင်ရှင်းလင်းခဲ့တာ တွေ့ရပါတယ်။
(၂) Special Boat Service
အင်္ဂလန်ရဲ့အထူးကမ်းတက်တပ်ဖွဲ့ ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ အမေရိကန်ရေတပ်နဲ့ စွမ်းရည် သိပ်မကွာဘူးလို့ သုံး သပ်ကြပါတယ်။
အခုအဖွဲ့ကို SBS အဖြစ် အတိုကောက် ခေါ်ကြပြီး SBS အဖွဲ့သားဖြစ်ဖို့ အလွန်ပြင်းထန်တဲ့ စစ်ဆေးမှုပုံစံ စစ်ဆင်ရေး ၃ကြိမ် စစ်ဆေးပြီး အများစုက အဆင့် ၂မှာတင် ထုတ်ပယ်ခံရလေ့ရှိတယ်လို့ သိရပြီး အလွန်တော်တဲ့သူတွေကိုပဲ အဖွဲ့ဝင်အဖြစ် ထား တယ်လို့ သိရပါတယ်။
(၃) SAS
အင်္ဂလန်ရဲ့ နောက်ထပ်အထူးအဖွဲ့တခုပါ။ Special Air Serivce ဆိုတဲ့ စကားလုံးကို အတိုကောက်ခေါ်တာပါ။ လေကြောင်း ကနေ ဦးစားပေး စစ်ဆေးရေးတွေ ဆောင်ရွက်ကြပါတယ်။ အထက်မှာ ပြောခဲ့တဲ့ SBSနဲ့ ပူးပေါင်းအဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
ကမ္ဘာမှာ လေ့ကျင့်မှုအများဆုံး အဖွဲ့ ၂ဖွဲ့အဖြစ် သတ်မှတ်ခံထားရပါတယ်။ ၁၉၄၁ ခုနှစ်ကတည်းက ဖွဲ့စည်းထားတာဖြစ် တယ်လို့ သိရပါတယ်။ ပုံမှန်အချိန်တွေမှာ အကြမ်းဖက်နှိမ်နင်းရေး တာဝန်ထမ်းဆောင်ပြီး စစ်ဖြစ်ခဲ့ရင် လျှို့ဝှက်စစ်ဆင်ရေး တွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
(၄) Sayeret Matkal
အစ္စရေးရဲ့အကောင်းဆုံး အထူးအဖွဲ့ ဖြစ်ပါတယ်။ ရန်သူ့နယ်ထဲထိအောင် အောင်မြင်တဲ့ စုံစမ်ရေးနဲ့ ဆောင်ရွက်ချက်တွေ လုပ် ဆောင်နိုင်တယ်လို့ သိရပါတယ်။
အကြမ်းဖက် နှိမ်နင်းရေးနဲ့ အစ္စရေးနယ်မြေတလျှောက် စစ်ဆင်ရေးတွေ လုပ်ဆောင်တယ်လို့ သိရပါတယ်။ အမေရိကန်ကမ်း တက်တပ်ဖွဲ့နဲ့ အင်္ဂလန် SASတွေနဲ့ အတူ အကောင်းဆုံးအဖွဲ့အဖြစ် သတ်မှတ်ကြတာ တွေ့ရပါတယ်။
(၅) GIGN
ကမ္ဘာပေါ်မှာ အကောင်းဆုံးပါဆိုတဲ့ အထူးအဖွဲ့ အနည်းငယ်လောက်ပဲ GIGNကို ယှဉ်နိုင်လောက်အောင် စွမ်းရည် ရှိကြပါ တယ်။ အသွက်လက်ဆုံးနဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ပြင်သစ်ရဲ့အထူးတပ်ဖွဲ့ပါ။ အဖွဲ့ဝင် ၂၀၀လောက်ပဲ ရှိပြီး သူတို့ကိုပဲ အ ကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးထားတာ ဖြစ်ပါတယ်။
ပြင်သစ်စစ်တပ်ရဲ့လက်အောက်ခံအဖြစ် ရှိတာပါ။ အကြမ်းဖက်နှိမ်နင်းရေးနဲ့ ကယ်ဆယ်ရေးတွေမှာ အသုံးပြုတယ်လို့ သိရ ပါတယ်။ လက်ရှိမှာတော့ ဒုစရိုက်မှု ကြိုတင်ကာကွယ်ရေးနဲ့ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
(၆) Alpha Group
အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းတွေမှာ သုံးနိုင်ဖို့ ရုရှားအစိုးရက ၁၉၇၄ခုနှစ်ကတည်းက တည်ထောင်ဖွဲ့စည်းထားတာ ဖြစ် ပါတယ်။ FSB အဖွဲ့ရဲ့လက်အောက်ခံ ဖြစ်ပြီး လူအနည်းငယ်လောက်ပဲ ဒီအဖွဲ့နဲ့ အဖွဲ့ဝင်တွေအကြောင်း၊ လှုပ်ရှားမှုတွေကို သိတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့တွေရဲ့တာဝန်တွေလည်း ပူးတွဲ ထမ်းဆောင်မှု ရှိတယ်။
ပြည်တွင်းမှာရော ပြည်ပစစ်ဆင်ရေးတွေမှာပါ ပါဝင်ဆောင်ရွက်လေ့ရှိတယ်လို့လည်း သိရပါတယ်။
(၇) Unidad de Operaciones Especiales
၂၀၀၉ခုနှစ် UOEမှာမှ ရေတပ်အထူးအဖွဲ့အနေနဲ့ ထုတ်ပြလာခဲ့သလို လှုပ်ရှားဆောင်ရွက်မှုတွေက အခြားအထူးအဖွဲ့တွေ အနေနဲ့ လေးစားအားကျရလောက်အောင် ကောင်းမွန်တဲ့ စပိန်ရဲ့အထူးတပ်ဖွဲ့ပါ။
ဥရောပ အကောင်းဆုံးအဖွဲ့တွေထဲက တခုပါ။ ကမ်းတက်စစ်ဆင်ရေး၊ ပယ်လယ်ပြင်စစ်ဆင်ရေး၊ ကျွန်းတက်စစ်ဆင်ရေးတွေ ကို စမ်းသပ်လေ့ကျင့်ထားပြီး စွမ်းဆောင်ရည် အထူးကောင်းမွန်သလို ၁၉၅၂ ခုနှစ်လောက်ကတည်းက အဖွဲ့ကို ဖွဲ့စည်းထား တာ ဖြစ်ပြီး အခု နောက်မှာမှ သူ့အကြောင်း လူသိများလာတာ ဖြစ်ပါတယ်။
(၈) SSG
Special Services Groupရဲ့ အတိုကောက်အဖြစ်ပဲ ခေါ်ကြပါတယ်။ ပါကစ္စတန်ရဲ့အကောင်းဆုံး အဖွဲ့ပါ။ ပါကစ္စတန် အ ထူးစစ်ဆင်ရေး တပ်မလက်အောက်မှာ ရှိပါတယ်။
၁၉၅၆ ခုနှစ်ကတည်းက ဖွဲ့စည်းထားတာ ဖြစ်ပြီး အမေရိကန်ကန် အထူးတပ်ဖွဲ့နဲ့ရော အင်္ဂလန် SAS အဖွဲ့နဲ့ပါ ဆင်ပါတယ်။ လေ့ကျင့်မှုတွေအတွင်း ၁၂နာရီ အတွင်း ၃၆မိုင် ချီတက်ခြင်းနဲ့ ၅မိုင်ကို မိနစ် ၅၀နဲ့ ရောက်အောင် အပြေးလေ့ကျင့်မှုတွေက နာမည်ကြီး လေးစားဖို့ ကောင်းပါတယ်။
(၉) Delta Force
အဖွဲ့ရဲ့ နာမည်အပြည့်အစုံက 1st Special Forces Oprational Detachment-Delta(1st SFOD-D)ဖြစ်ပေမယ့် Delta Force အဖြစ်ပဲ လူသိများပါတယ်။ ၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့တာပါ။ အမေရိကန်ရဲ့နယ်ခြားတိုက်ပွဲတွေမှာ ပါဝင်မှုနဲ့ အောင် မြင်မှုတွေကြောင့် နာမည်ကြီးပါတယ်။
အင်္ဂလန်က SAS အဖွဲ့လို အဖွဲ့မျိုးကို အမေရိကန်က လိုချင်တာကြောင့် SASကို ပူး ပေါင်း တည်ထောင်သူကို အခု အဖွဲ့ တည်ထောင်ဖို့ ခေါ်ယူဖွဲ့စည်းထားတာလို့ သိရပါတယ်။
(၁၀) GSG 9
ဂျာမနီ ရဲတပ်ဖွဲ့ရဲ့လက်အောက်ခံအဖြစ် တည်ရှိတဲ့ အကြမ်းဖက်နှိမ်နင်းရေးနဲ့ အထူးစစ်ဆင်ရေးတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။
၁၉၇၃ ခုနှစ်က ဖွဲ့စည်း လေ့ကျင့်ထားတာပါ။ ဒီအဖွဲ့က မြူးနစ်မှာ ကျင်းပတဲ့ နွေရာသီအိုလံပစ်ပွဲမှာ ပြန်ပေးဆွဲခံထားရတဲ့ အ စ္စရေး အားကစားသမား ၁၁ ဦးကို ကယ်ထုတ်လိုက်နိုင်လို့ နာမည်ကြီး လူသိများလာတာပါ။ ၁၉၇၂ခုနှစ်ကနေ ၂၀၀၃ ခုနှစ် အတွင်းအဖွဲ့က တာဝန်ပေါင်း ၁၅၀၀လောက်ကို ထမ်းဆောင်ပြီးမြောက်ခဲ့တယ်လို့ သိရပါတယ်။
Ref: www.wonderslist.com