Trend

မိန်းမသားတို့ မနှစ်သက်တဲ့ အမျိုးသားတို့ရဲ့အမူအကျင့်များ

ချစ်သူတွေ ရင်းနှီးသူတွေထဲက ကောင်လေးနဲ့ ကောင်မလေးတွေ ကြားမှာ မိတ်ပျက်၊ ဆက်ဆံရေး ပျက်သွားတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဘာလို့ ဆက်ဆံရေး ပျက်သွားတာပါလဲ။

သေချာတာကတော့ တယောက် မကြိုက်တာ တယောက်လုပ်မိလို့ပါပဲ။

တခြား အချစ်ရေး ဖောက်ပြန်တာတွေ၊ လုပ်ငန်းစည်းဖောက်တာတွေကို ဖယ်ထား၊ မိန်းမသားတွေ မကြိုက်တဲ့ အမူအကျင့် တွေကို မလုပ်မိရင်တော့ သင်လည်း ချစ်သူကောင်မလေး၊ ကောင်မလေး မိတ်ဆွေတွေနဲ့ မိတ်ပျက်စရာ မလိုတော့ဘူးလေ။

ဒီတော့ မိန်းကလေးတွေ ဘာကို မကြိုက်ကြတာလဲ။

(၁) သူတို့ကို မေးခွန်းမမေးရင် မကြိုက်ဘူး

မိန်းကလေးတွေက သူတို့ ဘာလုပ်နေလဲ၊ ဘာစားနေလဲ၊ နေကောင်းလားဆိုတာတွေက အစ စိုးရိမ်လို့ နေကောင်းရဲ့လား အဆင်ပြေလား ဆိုတဲ့ မေးခွန်းတွေ အားလုံးကို မေးမှ သဘောကျကြပါတယ်။

သူတို့ကို မေးခွန်းတွေ မမေးရင် မကြိုက်ပါဘူး။ မေးချင်သည် ဖြစ်စေ၊ မမေးချင်သည် ဖြစ်စေ မေးခွန်းလေးတွေ မေးတတ်တဲ့ အကျင့် လုပ်ထားဖို့တော့ လိုအပ်နေပါပြီ အမျိုးကောင်းသားတို့ရေ။

(၂) စကားပြောနေရင်း ဖုန်းသုံးနေတာ မကြိုက်ဘူး

စကားပြောနေချိန် ဂိမ်းပဲ ဖြစ်ဖြစ်၊ အလုပ်ပဲ ဖြစ်ဖြစ်၊ ဘာကြောင့်ဖြစ်ဖြစ် ဖုန်းသုံးနေရင် မိန်းကလေးတွေက သူတို့ကို ဂရုမ စိုက်ချင်လို့၊ ဂရုမစိုက်ဘူးလို့ မြင်သွားတတ်ကြပါတယ်။ ဖုန်းမသုံးပါနဲ့၊ အကောင်းဆုံးက သူ့အတွက် အချိန်ပေးမယ် ဆိုပြီး သူ့ရှေ့မှာတင် ဖုန်းကို ပိတ်ထားပြလိုက်ပါ။

ပိုလို့တောင် အချစ်ခံရပါလိမ့်မယ်။

(၃) တည်တည်တံ့တံ့နေတာကို မကြိုက်ဘူး

တခြားသူတွေနဲ့ ရှိချိန် ခပ်တည်တည်နေတာ သဘောကျကြ၊ တယောက်တည်း အကျင့်အရ ခပ်တည်တည်နေတာကို လက် ခံကြပေမယ့် သူတို့နဲ့အတူ ရှိနေချိန် သင့်ဆီကနေ အပြုံးတချက်မှ မပွင့်လန်းဘူးဆိုရင်တော့ မိန်းမသားတွေက မနှစ်သက် တော့ပါဘူး။ သူ့ ဟန်ပန်၊ သူ့ အပြောတခုခုအတွက် ပြုံးပြ၊ ရယ်ပြဖို့ ကျင့်သားရထားဖို့ လိုအပ်နေပါပြီ။

(၄) စကားပြောရင် မျက်လုံးချင်းဆုံပြောပါ

စကားပြောနေချိန် တခြားကို ကြည့်နေတာတွေ၊ အထက်မှာ ပြောသလို ဖုန်းသုံးနေတာတွေကိုတောင် မိန်းမသားတွေက မ ကြိုက်ပါဘူး။ ပြီးတော့ စကားပြောရင် အကောင်းဆုံးက ကောင်မလေးနဲ့ မျက်လုံးချင်း ဆုံပြောပါ၊ သူ့မျက်နှာ၊ သူ့အပေါ်က နေ အကြည့်မခွာဘဲ စကားပြောပါ။ ဒါဆို အဆင်ပြေပါပြီ။

(၅) သေသေသပ်သပ်၊ သန့်သန့်ရှင်းရှင်းနေထိုင်ပါ

ကောင်လေးတွေဆိုတာ ဖြစ်သလို နေတတ်ကြပါတယ်၊ အကျႌတထည်ကို ၂ရက် ဝတ်ချင် ဝတ်မယ်၊ ဖိနပ်လည်း နေ့စဉ် သန့် ရှင်းရေး လုပ်ချင်မှ လုပ်ကြပါလိမ့်မယ်။ ဒါပေမယ့် မိန်းကလေးတွေက ဒီလို ညစ်ညစ်ပတ်ပတ်နေတာကို မကြိုက်ပါဘူး။ အ ကောင်းဆုံးက သေသေသပ်သပ် ဝတ်ဆင်ပါ၊ သန့်သန့်ရှင်းရှင်းနေထိုင်ပါ၊ သူတို့ သဘောကျပါတယ်။

(၆) သူမ မပါဘဲ ဝိုင်းမဖွဲ့ပါနဲ့

ချစ်ရသူ မိန်းကလေး မပါဘဲ ပျော်ပွဲစားပွဲ၊ အပျော်ခရီး၊ ဘာမှ မလုပ်၊ မသွားပါနဲ့။ မသိရင်တော့ ပြဿနာ မရှိပေမယ့် သိရင် တော့ စိတ်ဆိုးခံရပါလိမ့်မယ်။ အထူးသဖြင့် အခြား မိန်းကလေးတွေ မပါပါစေနဲ့၊ သူမနဲ့အတူ ရှိနေတာ အကောင်းဆုံးပါ။

(၇) သူမကို လှပကြောင်းပြောပေးပါ၊ ဂရုစိုက်ပြပါ

ဒီနေ့ ဘယ်လောက် လှတယ်၊ အရင်ကထက် ဘယ်လို လှလာတယ် ဆိုတာမျိုး ပြောပေးပါ။ သူမအနေနဲ့ သင့်အတွက် အလှ အပ အပြင်အဆင်တွေ လုပ်ဆောင်ထားမှာ ဖြစ်ပြီး သင့်အနေနဲ့ အဆိုပါ အလှအပတွေကို အသိအမှတ် မပြုဘူးဆိုရင်တော့ ဆက်ဆံရေး အဆင်ပြေမှာ မဟုတ်သလို မိန်းမသားတွေကလည်း မကြိုက်ပါဘူး။

သူမရဲ့ အလှအပ၊ အပြင်အဆင်၊ အသွားအလာတွေကို ဂရုစိုက်ပေး၊ ကောင်းသောစကားဆိုပေးပါ။

(၈) လိုရင်းမဟုတ်တဲ့ စကားတွေကို များများ မပြောပါနဲ့

သင့်အနေနဲ့ မိန်းကလေးတယောက်ကို ချစ်ရေးဆိုရာမှာပဲ ဖြစ်ဖြစ်၊ ချစ်သူနှစ်ယောက် အတူတူ ရှိနေချိန်မှာပဲ ဖြစ်ဖြစ်၊ စကား ပြောပြီဆိုရင် လိုရင်းကို မြန်မြန်ပြောပါ၊ နိဒါန်းမများပါစေနဲ့။

မိန်းမသားတွေက သူတို့ကသာ စကားများချင်ပေမယ့် လိုရင်း မဟုတ်ဘဲ စကားများများ ပြောလာခြင်းကို မကြိုက်ကြပါဘူး။

(၉) ချစ်ကြောင်း ပြသပါ

သင့်အနေနဲ့ ဖက်လှဲတကင်းနေဖို့ ဆိုတာထက် မိမိ သူမကို ဂရုစိုက်ကြောင်း၊ ချစ်ကြောင်း အပြောနဲ့ ဖြစ်စေ၊ လက်တွေ့မှာ လုပ်ရပ် တခုခုနဲ့ ဖြစ်စေ၊ လက်ဆောင်ပေးခြင်းမျိုးနဲ့ ဖြစ်စေ ပြသနိုင်ပါတယ်။

ချစ်ခင်ကြောင်းအနေနဲ့လည်း နီးနီးနေပါ၊ စကားလည်း တီးတိုးပြောပါ၊ ကြင်နာစွာ ဆက်ဆံပါ၊ မိန်းမသားတွေက သဘော ကျကြပါတယ်။

www.rd.com

Loading