Trend

စက်တင်ဘာလဖွားများ ပိုအောင်မြင်ကြတယ် ဆိုပါလား

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံရှိ နာမည်ကျော် တက္ကသိုလ် ၃ ခုဖြစ်တဲ့ တိုရန်တိုတက္ကသိုလ်၊ ဖလော်ရီဒါ တက္ကသိုလ်၊ အနောက်မြောက်ပိုင်း တက္ကသိုလ်တို့ ပေါင်းပြီး လေ့လာချက်တခုကို ၆ နှစ်ကြာအောင် လုပ်ခဲ့တယ်။ အဲဒီလေ့လာစောင့်ကြည့်ချက်ထဲမှာ လူပေါင်း ၁ သန်းဝန်းကျင်ကို ထည့်သွင်းလေ့လာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေ့လာချက်က ဘာလဲဆိုတော့ တနှစ်တာကာလအတွင်း ဘယ်လမှာ မွေးဖွားသူတွေဟာ ပိုမို အောင်မြင်တိုးတက် ကြသလဲဆိုတာကို သိဖို့ပဲ ဖြစ်ပါတယ်။

ဒီလို ၆နှစ်တာအတွင်း လူပေါင်း ၁ သန်းခန့်ကို စစ်တမ်းရယူ လေ့လာချက်တွေအရ သိလာရတာကတော့ လပေါင်း ၁၂လ ရှိတဲ့ အနက် စက်တင်ဘာလမှာ မွေးဖွားသူတွေဟာ တခြားလတွေမှာ မွေးဖွားသူတွေထက် ဘဝမှာ ပိုပြီးပျော်ပျော်ရွှင်ရွှင်နေရတယ်၊ အောင်မြင်တဲ့ဘဝကို ရရှိကြတယ်ဆိုတာ သိလာရတာပဲ ဖြစ်ပါတယ်။

ပြီးတော့ ထူးခြားချက်နောက်တခု သိလာရတာက စက်တင်ဘာဟာ တနှစ်တာရဲ့အကောင်းဆုံးလ ဆိုပေမယ့် သူ့ရဲ့ရှေ့လ ဖြစ် တဲ့ သြဂုတ်လကတော့ သိပ်မကောင်းဘူးလို့ ဆိုတာပါပဲ။

စစ်တမ်းအရတော့ ၁၂ လတာအတွင်း သြဂုတ်လမှာ မွေးဖွားသူတွေက အောင်မြင်မှု အနည်းဆုံး၊ ပျော်ရွှင်မှု အနည်းဆုံးဘဝ ကို ရရှိတယ်လို့ ဆိုပြန်တာ တွေ့ရပါတယ်။
သြဂုတ်လ မွေးသူတွေထဲမှာ လက်ရှိ ကျော်ကြားနေတဲ့ စီးပွားရေးသမားကြီး Warren Buffet တယောက်လောက်ပဲ ရှိပြီး တခြား သြဂုတ်လမွေးသူတွေကတော့ ဒီလောက် မအောင်မြင်ကြဘူးလို့ ပျမ်းမျှတွက်ချက်မှုစစ်တမ်းတွေအရ ဆိုပါတယ်။

Microsoft ရဲ့သူဌေးကြီး Bill Gates ဆိုရင် အောက်တိုဘာမှာ မွေးတယ်၊ တချို့လတွေမှာ အောင်မြင်သူတွေ မွေးဖွားမှု တွေ့ရပေမယ့်အရေအတွက် အများအပြားတော့ သိပ်မတွေ့ရပါဘူး။

စစ်တမ်းရဲ့ဖော်ပြချက်အရဆိုရင် စက်တင်ဘာမှာ နာမည်ကျော် အဆိုတော် Beyonce၊ နာမည်ကျော် ရုပ်ရှင်မင်းသား Keanu Reeves၊ Adam Sandlerနဲ့ Salma Hayek တို့ အပါအဝင် နာမည်ကျော်ကြားသူတွေရဲ့စီးပွားရေးသမားတွေအပြင် အခြား ပုံမှန်လူထုထဲမှာကိုပဲ အောင်မြင်သူတွေ၊ ဘဝနေထိုင်မှုအပိုင်းမှာ ပျော်ရွှင်မှု ကောင်းကောင်းရနေသူတွေ အများဆုံး ရှိတယ်လို့ တွေ့လာရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခု စစ်တမ်းက အောင်မြင်သူတွေ၊ ဘဝမှာ ပျော်ရွှင်မှု အများဆုံး ရနေသူတွေကို စက်တင်ဘာမှာ မွေးတယ်လို့ ဆို ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် အတွင်းက MarketWatch ရဲ့ လေ့လာမှုနဲ့အတူ ဖော်ပြချက်မှာတော့ ငွေကြေးကြွယ်ဝသူတွေ အများစုကတော့ နှစ်တနှစ်ရဲ့နှစ်ဆန်းပိုင်းမှာ မွေးဖွားတယ်လို့ ဆိုပြီး ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ မွေးသူတွေဟာ ငွေရှင်ကြေး ရှင် အဖြစ်များပြီး လက်ရှိ ကမ္ဘာ့ဘီလျံနာတွေရဲ့ ၁၂.၅ရာခိုင်နှုန်းထိအောင် နှစ်ဦးပိုင်း (ဇန်နဝါရီ၊ ဖေဖော်ဝါရီ)တွေမှာ မွေးသူ တွေ ဖြစ်တယ်လို့ ဆိုထားတာ တွေ့ရပါတယ်။

ဒါဆိုရင်တော့ အခုစစ်တမ်း ၂ခုအရ ဘဝမှာ အောင်မြင်မှုရတိုင်း ချမ်းသာတာ မဟုတ်လေတော့ အောင်မြင် ပျော်ရွှင်သူတွေ အများစုက စက်တင်ဘာမှာ မွေးတယ်။
ငွေရှင်ကြေးရှင်သူဌေးတွေကတော့ နှစ်ဦးပိုင်း၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီတွေမှာ မွေးတယ်၊ ဒါဆို သင်လည်း မွေးလ ပြန်တွေး လိုက်တာနဲ့ အောင်မြင်ပျော်ရွှင်မယ့်သူလား၊ သူဌေးလောင်းတယောက်လား သိနိုင်လာပါပြီ်။

ဒါပေမယ့် တခြားလမွေးသူတွေကတော့ အားငယ်စရာ ဖြစ်နေသလိုပဲ၊ ဒီတော့ မအောင်မြင်ဘူး၊ မချမ်းသာဘူး အဖြစ်မခံပါနဲ့၊ ကြိုးစားခြင်းသာ အောင်မြင်ရာ၏လို့ ဆိုထားတာကြောင့် အားလုံး ကြိုးစားကြတာပေါ့။

www.maxim.com

Did you find apk for android? You can find new Free Android Games and apps.
Loading