Trend

ကမ္ဘာ့အကောင်းဆုံး ဖက်ရှင်အမှတ်တံဆိပ်များ

Want create site? Find Free WordPress Themes and plugins.

ခေတ်ကာလကတော့ ဖက်ရှင်လောကမှာ အောင်မြင်ရုံနဲ့တင် ဘီလျံနာ၊ မီလျံနာလောက်ထိအောင် ချမ်းသာနိုင်မယ့် အခွင့် အရေး ရှိလာပြီလို့ ဆိုရမှာပါ။

နာမည်ကျော် ဖက်ရှင်ပစ္စည်းတခုကို စံချိန်တင်အနေနဲ့ ထုတ်လုပ်မှု စရိတ် ၁ဒေါ် လာလောက်ပဲ ရှိပေမယ့် ဈေးနှုန်း ၂၁၄၅ ဒေါ်လာနဲ့ ရောင်းချလာနိုင်မှုနဲ့ အတူ နောက်ဆုံး Prada လို အမှတ်တံဆိပ်ကလည်း သူ့ရဲ့ စာရွက်ညှပ်ကလစ်လေးတခုကို ၁၈၅ ဒေါ်လာနဲ့ ရောင်းရတဲ့ထိအောင် အောင်မြင်မှုတွေ ရလာလို့ပါ။

Business of Fashionရဲ့ ဖော်ပြချက်အရဆိုရင် အခုနှစ်ထဲမှာ ကမ္ဘာ့နာမည်ကျော် အကြီးဆုံး ကုမ္ပဏီအမှတ်တံဆိပ် ၁၀၀ စာရင်းမှာ ဖက်ရှင်ကုမ္ပဏီ ၈ ခုထိအောင် ပါဝင်ရပ်တည်လာနိုင်မှုကလည်း နည်းပညာပိုင်း မျိုးစုံဖန်တီးနေရတဲ့ ကုမ္ပဏီတွေ ကို အသာလေး နောက်ကောက်ချနိုင်လောက်တဲ့ထိအောင် ဖြစ်လာနိုင်ပါတယ်။

ကောင်းပါပြီ၊ အခု ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီ ၁၀၀ စာရင်းမှာ ဘယ် ဖက်ရှင်အမှတ်တံဆိပ်တွေက စာရင်းဝင် ပါရှိနေပါ ပြီလဲ။

Dioru အမှတ်တံဆိပ်ကတော့ အရင်နှစ်အတွင်းက အဆင့် ၈၉ ရှိခဲ့ပေမယ့် အခုနှစ် ၉၅ ဆိုတော့ နည်းနည်း ကျသွားသလို ပါ။ တီရှပ်အကျီရောင်းချရမှုနဲ့အတူ နာမည်ကြီးပြီး Diorရဲ့အကျီတထည်က ဒေါ်လာ ၇၁၀ လောက်ထိအောင် ပျမ်းမျှဈေး ရှိတာ ဖြစ်ပါတယ်။

Prada လည်း ဒီနှစ်မှာ အောင်မြင်မှု လျော့ကျသွားပါတယ်။ အရင်နှစ်က အဆင့် ၈၁ ထိအောင် ရှိပေမယ့် အခုတော့ အဆင့် ၉၄ မှာ ရောက်သွားပါတယ်။

အောင်မြင်မှု ပြန်ရဖို့ ကြိုးစားနေပေမယ့် အခုနှစ်အတွင်း နွေရာသီက ရောင်းချခဲ့တဲ့ စာရွက်ကလစ်တခုကို ၁၈၅ ဒေါ်လာပဲ လူကြိုက်များနေတာ တွေ့ရပါတယ်။

Burberry လည်း အရင်နှစ်က အဆင့် ၈၃ ထိအောင် အမြင့်ဆုံးရောက်ခဲ့ပေမယ့် အခုနှစ်တော့ ၈၆ ဖြစ်နေပါတယ်။ ဒီဇိုင်းပိုင်း ကြောင့် လူကြိုက်နည်းသွားတာ မဟုတ်ဘဲ အခြား ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်မှု အားနည်းတာကြောင့် အဆင့်ကျသွားတာ ဖြစ်ပါတယ်။

Tiffany & Co.လည်း အရင်နှစ်က အဆင့် ၇၄ ထိအောင် အမြင့်ဆုံး ရောက်ခဲ့ပေမယ့် အခုနှစ် ၈၁ ဖြစ်သွားပါတယ်။ ကျောက်မျက်တွေကို ဖက်ရှင်ဆန်ဆန် ဖန်တီးရောင်းချနိုင်မှုနဲ့အတူ အောင်မြင် လူကြိုက်များတဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။

Cartier ကတော့ အရင်နှစ်အတွင်းက အဆင့် ၆၂ ရှိနေရာကနေ အခုနှစ် အဆင့် ၆၅ ဖြစ်သွားပါတယ်။ ကုမ္ပဏီ နှစ် ၁၀၀ သက်တမ်းပြည့်ချိန် အခုလို အနည်းငယ် အဆင့်ကျသွားတာ ဖြစ်ပေမယ့် သူ့ရဲ့ ဖောက်သည်တွေရဲ့အနေအထားက အောင်မြင် မှု ဆက်လက် ထိန်းထားနိုင်ဖို့ သေချာ ခိုင်မာနေဆဲပါ။

Gucci ကတော့ ထိပ်တန်းဖက်ရှင် အမှတ်တံဆိပ်တွေထဲမှာ အောင်မြင်မှု တက်လာတယ် ဆိုရမှာပါ။

အရင်နှစ်က အဆင့် ၅၂ ရှိပေမယ့် အခုနှစ် တဆင့်တက်လာပြီး ၅၁ ဖြစ်လာပါတယ်။ Kingsnake ဒီဇိုင်းကို အခုနှစ်အတွင်း ဖန်တီးထုတ်လုပ်ရောင်းချမှုမှာ အထူးအောင်မြင်မှု ရပြီး ပိုက်ဆံအိတ်၊ ဂျာကင် အကျီတွေကို အထူး လူကြိုက်များနေတာ တွေ့ရပါတယ်။

Hermes လည်း Gucci လို အောင်မြင်မှု ဆက်လက် တက်လာပြီး အရင်နှစ်ကထက် ၂ဆင့်တက်လာပြီး ခုနှစ်မှာ ၃၂ ထိ အောင်ရောက်လာပါတယ်။

အခုပြီးခဲ့တဲ့ ၂နှစ်အတွင်း အောင်မြင်မှု အမြန်ဆုံး၊ အမြင့်ဆုံးဖက်ရှင်အမှတ်တံဆိပ်ပါ။ Birkin လက်ဆွဲအိတ်တွေကို အထူးပဲ လူကြိုက်များနေတာပါ။

Louis Vuitton ကတော့ အခုနှစ် အဆင့် ၁၉ မှာ ဆက်လက် ရပ်တည်နိုင်နေဆဲပါ။ စကိတ်စီး ပစ္စည်းထုတ်ကုမ္ပဏီSuperme နဲ့ ပူးပေါင်းမှုနဲ့အတူ Louisရဲ့အောင်မြင်မှုက ထိပ်တန်းမှာ ရှိနေဆဲပါ။

ဒါဆိုရင်တော့ ကျနော်တို့ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ကားတွေကိုတောင် ခက်ခက်ခဲခဲ ဖန်တီးနေရမယ့်အစား စိတ်ကူးနဲ့ ပါရမီကို ပေါင်းစပ်ပြီး ဖက်ရှင်လောကမှာ အောင်မြင်မယ်ဆိုရင်ပဲ အောင်မြင်ချမ်းသာသူတယောက် ဖြစ်နိုင်နေတယ်ဆိုတာ ကို ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီစာရင်းမှာ ဖက်ရှင်ကုမ္ပဏီတွေ ပါဝင် ရပ်တည်လာနိုင်မှုက သက်သေလို ဖြစ်နေပါပြီ။

www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading