Trend

သန်းကြွယ်သူဌေးတွေ အများဆုံး မွေးထုတ်ပေးနိုင်ခဲ့တဲ့ တက္ကသိုလ်များ

အခုပြောမှာကတော့ ကမ္ဘာတလွှားမှာ ရှိတဲ့ တက္ကသိုလ်တွေထဲကနေ အောင်မြင်မှု သူဌေး မီလီယံနာ (ဒေါ်လာသန်းကြွယ် သူဌေး)တွေ အများဆုံး မွေးထုတ်ပေးနိုင်ခဲ့တဲ့ ကျောင်းတွေအကြောင်းပဲ ဖြစ်ပါတယ်။

လေ့လာချက်တွေ အရ သန်ကြွယ်သူဌေး အားလုံးရဲ့ ၁.၃ ရာခိုင်နှုန်းပဲ တက္ကသိုလ်ကနေ ကျောင်းမပြီးဘဲ အလုပ်လုပ်ရင်း အောင်မြင်လာကြတာမို့ အများစုသော သူဌေးတွေက ဘွဲ့ရတွေ ဖြစ်ပြီး သူတို့ကို ဘယ်ကျောင်းတွေကနေ အများဆုံး ဘွဲ့ ပေး မွေးထုတ်ပေးလိုက်သလဲ လေ့လာကြည့်ရအောင်ပါ။

အခုပြောမယ့် ကျောင်းစာရင်းကတော့ WealthInsight ကနေ ကောက်ယူထားတဲ့ စာရင်းတွေအရ ပြောထားတာ ဖြစ်ပြီး သူ က ကမ္ဘာနဲ့တလွှားက တက္ကသိုလ်တွေကနေ ကျောင်းပြီး ဘွဲ့ရပြီး သူဌေးဖြစ်လာသူတွေကို စာရင်းကောက်ယူ မှတ်တမ်းတင် ထားတာ ဖြစ်ပါတယ်။

ကောက်ယူမှု အရတော့ သူဌေး သူကြွယ်ပေါင်း ၂ သိန်းလောက်ကို အခြေခံ စာရင်းပြုထားတာလည်း ဖြစ်ပါတယ်။

စာရင်းအရ သန်းကြွယ်သူဌေး မွေးထုတ်ပေးနိုင်မှု အများဆုံး တက္ကသိုလ်တွေ အဖြစ်

(၁) ဟားဗက် တက္ကသိုလ်
(၂) စတန်းဖို့ တက္ကသိုလ်
(၃) ပင်ဆယ်ဗေးနီးယား တက္ကသိုလ်
(၄) ကိုလမ်ဘီယာ တက္ကသိုလ်
(၅) အောက်ဖို့ဒ် တက္ကသိုလ်
(၆) MIT
(၇) နယူးယောက် တက္ကသိုလ်
(၈) ကိန်းဘရစ်ချ် တက္ကသိုလ်
(၉) အနောက်မြောက်ပိုင်း တက္ကသိုလ်
(၁၀) ချီကာဂို တက္ကသိုလ်တွေက အစဉ်လိုက် ရပ်တည်နေတာ ဖြစ်ပါတယ်။

အဆိုပါ ထိပ်တန်း တက္ကသိုလ် ၁၀ခု ထဲမှာ ၈ခုက အမေရိကန်မှာ ရှိနေတာကတော့ ထူးခြားချက် တခု ဖြစ်လာ ပါ တယ်။ အခြား နှစ်ခု ဖြစ်တဲ့ ကိန်းဘရစ်ချ်နဲ့ အောက်စဖို့ဒ်ကတော့ အင်္ဂလန်မှာ ရှိတာပါ။

အခြား ထိပ်တန်း သန်းကြွယ်သူဌေးတွေ မွေးထုတ်ပေးနိုင်တဲ့အဆင့် ၁၀ ပြင်ပ တက္ကသိုလ်တွေကလည်း အဆိုပါ အမေရိ ကန်နဲ့ အင်္ဂလန်တွေမှာပဲ ရှိနေပြီး အမြင့်ဆုံး အဆင့်အနေနဲ့ အဆင့် ၂၇မှာ ရပ်တည်နေတဲ့ Tel Aviv တက္ကသိုလ်တခုပဲ အ စ္စရေးမှာ ရှိတာ ဖြစ်ပါတယ်။

WealthInsight ရဲ့ဖော်ပြချက်အရ အမေရိကန်ဟာ သန်းကြွယ်သူဌေး မွေးထုတ်ပေးနိုင်မှု အများဆုံး ရှိတဲ့ တက္ကသိုလ်တွေ ကို ပိုင်ဆိုင်ထားသလို ပြည်တွင်း အမေရိကန်သားတွေထဲကရော အခြား အမေရိကန်နိုင်ငံသား မဟုတ်တဲ့ အခြား နိုင်ငံသား သူဌေးတွေကိုလည်း အများဆုံး မွေးထုတ်ပေးနိုင်နေတာ ဖြစ်ပါတယ်။

မက်ရှီကန် တက္ကသိုလ်နဲ့ တက်ဆက် တက္ကသိုလ်တွေကတော့ အဆင့် ၁၁နေရာမှာ ပူးတွဲ အနေနဲ့ ရပ်တည်နေနိုင်သလို တောင် ကယ်လီဖိုးနီးယား တက္ကသိုလ်ဆိုရင် အဆင့် ၁၆၊ ပရင်စတန် တက္ကသိုလ်ဆိုရင် အဆင့် ၁၇တွေမှာ ရှိနေတာလည်း ဖြစ်ပါ တယ်။

Facebook ပဲ့ကိုင်ရှင် မက်ဇူကာဘတ်နဲ့ Microsoft သူဌေးကြီး ဘီလ်ဂိတ်တို့လည်း ကျောင်းမထွက်ခင်ထိအောင် ဟားဗက် တက္ကသိုလ်မှာ တက်ဖူးသူတွေ ဖြစ်ပါတယ်။

www.businessinsider.com

Loading