ရွာကြီးတရွာလို ဖြစ်လာတဲ့ ကမ္ဘာကြီးမှာ လူသားတွေဟာလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာတာကြောင့် စိန်ခေါ်မှုတွေကလည်း ပြင်းထန်လာပါတယ်။ တိုးတက်လာတာနဲ့အမျှ သင်ယူစရာတွေလည်း တနေ့ထက် တနေ့ များပြားလို့ လာပါတယ်။ ဘက်စုံထူးချွန် ထက်မြက်တဲ့ လူသားတယောက် ဖြစ်လာစေဖို့၊ လူကောင်းလူတော် အဖြစ် ရပ်တည်နိုင်ဖို့၊ IQ EQ နဲ့ လူမှုဆက်ဆံရေးမှာ စံပြဖြစ်နေစေဖို့ အဘက်ဘက်မှာ လိုက်လျောညီထွေရပ်တည်နိုင်ဖို့၊ လိုပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခြင်းဟာလည်း အရေးပါတဲ့ ကဏ္ဍတရပ် ဖြစ်တာကြောင့် မမေ့ထားသင့်ပါဘူး။
အသိပညာ၊ အတတ်ပညာ အပြင် ကာယ၊ ဉာဏ၊ စာရိတ္တ အဘက်ဘက်မှာ ထူးချွန်အောင်မြင်သူများကို လေ့လာကြည့်မည် ဆိုလျှင်လည်း အခြေအနေ အချိန်အခါ နေရာဒေသနဲ့ လိုက်လျောညီထွေ ပြောင်းလဲ သင်ယူနိုင်တာကြောင့် ဆိုတာ တွေ့ရပါတယ်။ အဲဒီလို ပြောင်းလဲ သင်ယူနိုင်တာကိုက ပညာရဲ့ သဘောသဘာဝပဲ ဖြစ်ပါတယ်။
ပညာဟာ ယနေ့ခေတ်သာမက နောင် အနာဂတ်တိုင် တန်ခိုးအင်အား ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်း ပညာရဲ့ တန်ခိုး အင်အားကို ရစေဖို့ ယနေ့ခေတ် နိုင်ငံတကာမှာ ရှိတဲ့ အထက်တန်းကျောင်းတွေ ဟာ မိမိတို့ရဲ့ မူရင်း ဒေသမှာသာ မက အခြား နိုင်ငံ အခြားဒေသများ အထိ ကျောင်းခွဲတွေ ဖွင့်လှစ်လာတာ တွေ့ရပါတယ်။
နှစ်ပေါင်း ၄၀၀ နီးပါး အစဉ်အလာကြီးခဲ့ပြီး သီးခြားရပ်တည်ခဲ့တဲ့ Dulwich College ဟာ အင်္ဂလန်နိုင်ငံရဲ့ သက်တော်ရှည် ပညာ ဖြန့်ဖြူးရေး ရပ်ဝန်းဌာန ဖြစ်ပါတယ်။ လန်ဒန်မြို့တောင်ဘက်ပိုင်းမှာ တည်ရှိတဲ့ Dulwich College ကို ၁၆၁၉ ခုနှစ်မှာ ယောက်ျားလေး ကျောင်း အဖြစ် စတင် ခဲ့တာပါ။ အဲဒီနောက် Dulwich College International ကို တိုးချဲ့ ထူထောင်ပြီး အင်္ဂလန် ပြည်တွင်းသာမက ကမ္ဘာတဝှမ်း နိုင်ငံများက ကျောင်းများနှင့် ချိတ်ဆက်ပြီး သင်ကြားနိုင်ဖို့ Dulwich College ရဲ့ တွဲဖက်ကျောင်း၊ ကျောင်းခွဲတွေ ဖြန့်ကြက်ထူထောင်ခဲ့ပါတယ်။
တရုတ်၊ ကိုရီးယား နဲ့ စင်ကာပူမှာကျောင်းခွဲတွေ ဖွင့်လှစ်ခဲ့သလို မြန်မာနိုင်ငံမှာလည်း Dulwich College Yangon ပန်းလှိုင်ကျောင်းဝင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွင်းမှာ Dulwich College Yangon Star City ကျောင်းဝင်းသစ်ကို ထပ်မံ ဖွင့်လှစ်ခဲ့ပါတယ်။ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်၊ ခမ်းနားတဲ့ အဆောက်အအုံတွေ၊ သန့်ရှင်းသပ်ရပ်တဲ့ စာသင်ခန်း၊ သိပ္ပံ လက်တွေ့ခန်း၊ စာကြည့်တိုက်၊ ကစားကွင်းတွေ အပြင် အရှည်မီတာ ၅၀ ရှိတဲ့ အိုလံပစ်အဆင့်မီ ရေကူးကန်ကြီးလည်း သင်ထောက်ကူ အဆောက်အအုံတွေ အဖြစ် ပါဝင်နေပါတယ်။
နောက်ပြီး အနုပညာ ပြခန်း၊ ပြဇာတ်ရုံတွေ အပြင် ဂီတကိုလည်း အသက်အရွယ် မရွေးလေ့လာ လိုက်စားနိုင်အောင် စီစဉ်ပေးထားတာကြောင့် နိုင်ငံတကာ အဆင့်မီ facilities တွေ စုံစုံလင်လင် စီစဉ်ပေးထားနိုင်တာ တွေ့ရပါတယ်။ ကျောင်းရဲ့ သင်ရိုးညွှန်းတန်းကလည်း အင်္ဂလန်မှာ ပြဋ္ဌာန်းထားတဲ့ အဆင့်အတိုင်း သင်ကြားလျှက်ရှိပါတယ်။
Dulwich College Yangon ကို အသက် ၂ နှစ် အရွယ် မူကြို အဆင့်ကနေ အသက် ၁၈ နှစ် အရွယ် တက္ကသိုလ်ဝင်တန်း အထိ တက်ရောက်နိုင်တယ် လို့ သိရပါတယ်။ နောက်ပြီး Dulwich College Yangon ဟာ Dulwich College International နဲ့ ကွန်ရက် ချိတ်ဆက်ထားတဲ့ ကျောင်းဖြစ်တဲ့ အတွက် ဒီကျောင်းကနေ မွေးထုတ်ပေးလိုက်တဲ့ ပညာသင် တွေဟာ အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျ၊ စင်ကာပူ၊ ကိုရီးယား အပါအဝင် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အကောင်းဆုံး ကျောင်းတွေ တက္ကသိုလ်တွေကိုလည်း ဆက်လက် တက်ရောက် သင်ကြားခွင့်ရမှာပါ။
ပြီးခဲ့တဲ့ ပညာသင်နှစ် အတွေ့အကြုံ အရ Dulwich College International ကွန်ရက် အတွင်းရှိ ကျောင်းတွေမှာ တက်ရောက်ခဲ့တဲ့ ကျောင်းသား ၉၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ရဲ့ ပထမ ဦးစားပေး တက္ကသိုလ်နဲ့ ကျောင်းတွေကို တက်ရောက်နိုင်ခဲ့ကြတာ တွေ့ရပါတယ်။