အလျဉ်မပြတ် တဖျတ်ဖျတ် ပြောင်းလဲတိုးတက်နေတဲ့ ဒီနေ့ခေတ်ကာလမှာ လူတိုင်းဟာ အသိပညာ အတတ်ပညာ ပြည့်စုံဖို့ ငယ်ရွယ်စဉ် ကတည်းက မဖြစ်မနေ သင်ယူကြရပါတယ်။ လူတဦးချင်းကနေ လူ့အဖွဲ့အစည်း တခုလုံး အတွက် အရေးကြီး တဲ့ ပညာသင်ယူမှုနဲ့ ပတ်သက်ပြီးအဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုး ရှိပါတယ်။
“ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုတဲ့ အတိုင်း ပညာဆိုတာ “လူမှုဘ၀ တိုးတက်အောင်မြင်ရေး အတွက် အဖိုးတန် လှေခါးတစင်း”၊ “အကောင်းအဆိုး၊ အကြောင်းအကျိုးကို ချင့်ချိန်နိုင်စေတဲ့ အသိကို ရစေတဲ့ အရာ” ပဲ ဖြစ်ပါတယ်။ အတိုချုပ်ပြီး ပြောရရင် “ပညာသည် ပိုင်းခြားစိစစ် ဝေဖန်ခြင်းနဲ့ ဆုံးဖြတ် ရပ်တည် ခိုင်ကျည်မှု” ဖြစ်ပါတယ်။
“ပညာ” ကိုလေ့လာတဲ့ အခါ တွေ့ထိသိရှိမှတ်သားအပ်တဲ့ အချက်အလက် အကြောင်းအရာတွေဟာ Knowledge လို့ ခေါ်တဲ့ အသိဗဟုသုတ ဖြစ်ပြီး အဲဒီ အသိဗဟုသုတကို လေ့လာမှတ်သားတာက အသိပညာ၊ အဲဒီလေ့လာ မှတ်သားထား တဲ့ အသိဗဟုသုတကို ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို သုံးမလဲ၊ ဘယ်လိုပြောင်းလဲယူပြီး သုံးမလဲ ဆိုတာ သိရင် ဉာဏ်ပညာ ဖြစ်တယ်လို့ ကဗျာဆရာကြီးတဦးက အဓိပ္ပာယ် ဖွင့်ပြပါတယ်။
ဒါကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံက လူတိုင်းဟာ ပညာကို မဖြစ်မနေ သင်ယူကြဖို့ ပြဋ္ဌာန်းတာ ဖြစ်တယ်။ လူတိုင်း မသင်မနေရ ပညာ အရည်အချင်း ပြည့်စုံဖို့ ဖြစ်ပါတယ်။ သို့သော်လည်း အခြေအနေ အမျိုးမျိုး အောက်မှာ လူတိုင်းပညာသင်ယူခွင့်၊ သင်ကြားခွင့် ရကြတာတော့ မဟုတ်ကြပါ။ အဲဒီ လိုပညာသင်ယူခွင့် မရကြတဲ့ အနေအထားမျိုးက တိုးတက်တဲ့ နိုင်ငံတွေမှာ ထက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက ပညာသင်ယူခွင့် မရကြတာက ပိုမိုကြုံတွေ့ရလေ့ ရှိပါတယ်။
အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့ အပြင် ဒီမိုကရေစီလမ်းကြောင်းပေါ် တက်လှမ်းဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံမှာ ပြီးပြည့်စုံ သော ပညာသင်ယူခွင့် အခွင့်အလမ်းက လိုအပ်နေဆဲ ဖြစ်ပါတယ်။ စိုက်ပျိုရေး၊ အင်ဂျင်နီယာ၊ ဆောက်လုပ်ရေး၊ ဗိသုကာ ပညာ၊ အိုင်တီ၊ ဥပဒေ အပါအဝင် ထောင့်ပေါင်းစုံက ပညာရေးကဏ္ဍတွေမှာ လူငယ် လူရွယ်များ ပညာသင်ယူ တတ်မြောက်ဖို့ အရေးတကြီး အထူးလိုအပ်နေတာ တွေ့ရပါတယ်။
အသိပညာရှင်၊ အတတ်ပညာရှင် မရှိဘဲ တိုင်းပြည်ထူထောင်ဖို့၊ တိုးတက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ တနည်းအားဖြင့် HR ခေါ် Human Resource (လူ့စွမ်းအားအရင်းအမြစ်) မပြည့်ဝဘဲ ရှေ့ဆက် အကောင်အထည် ဖော်ဖို့ မဖြစ်နိုင်ပါ။ ဥပမာ အားဖြင့် အနာဂတ်မှာ တိုးထွက်တာဝန်ယူ ကြမယ့် လူငယ်များ အရည်အချင်း မပြည့်ဝပါက တိုင်းပြည်တိုးတက်စည်ပင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ အဲဒီလို အခြေအနေမှာ လူငယ်လူရွယ်တွေ အရည်အချင်း ပြည့်ဝကောင်းမွန်ဖို့ အရေးတကြီး လိုအပ်နေ ပါပြီ။ အဲဒီလို အရည်အချင်း ပြည့်ဝဖို့ လိုအပ်နေတဲ့ အနေအထားမှာ SCG Sharing the Dream အစီအစဉ် ကနေ Scholarship ပေးပြီး လူငယ်လူရွယ်တွေရဲ့ မျှော်လင့်အိပ်မက်ကို အားပေးမြှင့်တင် ပေးနေတာက စိတ်ဝင်စားစရာပါ။
၂၀၁၂ ခုနှစ်က စပြီး မြန်မာကျောင်းသား လူငယ်တွေရဲ့ အိပ်မက်ကို အားပေးမြှင့်တင်ဖို့ ကြိုးပမ်းခဲ့တဲ့ SCG ဟာပညာသင် ထောက်ပံ့ကြေး အမျိုးမျိုးပေးပြီး ပံ့ပိုးကူညီခဲတာ တွေ့ရပြီး ၂၀၁၆ ခုနှစ် အထိပညာသင် ထောက်ပံ့ ပေးမှု ၁၃၀၀ ကျော် ပေးအပ်ခဲ့ပါတယ်။ ဒီ ပညာသင်ဆု အစီအစဉ်ကို အဘက်ဘက်မှ ရည်ရွယ်ချက်ကောင်းများနဲ့ စီစဉ်ထားပြီး နည်းစနစ်ကျကျ ဖြင့် ထိရောက်စွာ ထောက်ပံ့အားပေးနေသလို ပညာသင် လူငယ် မောင်မယ်များကို စိစစ်ရွေးချယ် မြှင့်တင်ပေးနိုင်ခဲ့ ပါတယ်။ ဒါကြောင့် SCG ရဲ့ အိပ်မက်မျှေ၀ ပွင့်လန်းစေ ဆိုတဲ့ Sharing the Dream အစီအစဉ်ကို စိတ်ပါ ဝင်စားမှု များပြားလှပါတယ်။
SCG Sharing the Dream အစီအစဉ်မှ စာသင်သား မောင်မယ်များ၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ဖို့ ပညာသင် ထောက်ပံ့ကြေးအနေနဲ့ ကျောင်းသားတဦးအား ချီးမြှင့်ငွေကို စာသင်နှစ် တနှစ်တာအတွက် ကျပ် ၂၅၀,၀၀၀ အထိ ချီးမြှင့်ခဲ့ရာမှာ ယခု ၆ နှစ်မြောက် အစီအစဉ်မှာတော့ ပညာသင်ဆု ပေါင်း ၃၀၀ အထိ ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။
(SCG ရဲ့ ပညာရေး အားပေးမြှင့်တင်မှုနဲ့ အခြား ပညာသင်ဆုပေးအပ်မှုများကို အသေးစိတ် သိရှိလိုပါက https://www.facebook.com/SCGBrandMyanmar/posts/1649735815098231 မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။)