Trend

လက်ရှိအလုပ်နဲ့ အလုပ်သစ်တို့၏အားသာချက်များ

Want create site? Find Free WordPress Themes and plugins.

ကျနော်တို့ဝန်ထမ်းလောကမှာ လက်ရှိ အလုပ်မှာ ပျော်ရွှင်မှု၊ ငြီးငွေ့မှုဆိုတဲ့ ခံစားချက်တွေ လူတိုင်းမှာ ရှိတတ်ကြပါတယ်။

တချို့ကလည်း ရုံးအတွင်း ဝန်ထမ်းအချင်းချင်း၊ လုပ်ငန်းရှင်စတာတွေနဲ့ အဆင်ပြေတယ်၊ အလုပ်ကလည်း ကိုယ်တိုင်ကျွမ်း ကျင်မှုနဲ့အတူ အောင်မြင်တယ်၊ လစာလည်း ကောင်းမွန်တာကြောင့် ပျော်ရွှင်တတ်ကြပါတယ်။

တချို့လည်း အဆင်မပြေမှုတွေကြောင့် လက်ရှိအလုပ်ကို ငြီးငွေ့နေတတ်သူတွေလည်းရှိပါတယ်။ နောက်ပြီးတော့ မိမိရဲ့အ ရည်အချင်းကြောင့် တခြား အလုပ်တနေရာကနေ လာရောက်ကမ်းလှမ်းမှုမျိုးလည်း ရှိတတ်ပါတယ်။

ဒီလိုအနေအထားမှာ လုပ်ငန်းခွင် ပျော်မွေ့နေသူအတွက်တော့ အဆင်ပြေပေမယ့် ငြီးငွေ့နေသူတယောက်အတွက်ပဲ ဖြစ် ဖြစ်၊ အလုပ်သစ်နဲ့ လက်ရှိ အလုပ်ကိုချိန်ဆနေသူအတွက်ပဲ ဖြစ်ဖြစ် အခု ကျနော်ပြောမယ့်အချက်လေးတွေက သင့်ကို ဆုံးဖြတ် ချက်ချဖို့ အကူအညီပေးနိုင်မယ် ထင်ပါတယ်။

ဟုတ်ပါပြီ၊ လက်ရှိအလုပ်မှာ ဆက်လုပ်မလား၊ အလုပ်သစ် ပြောင်းမလားဆိုတဲ့စဉ်းစားမှုအတွက် အရင်ဆုံး နားလည်ထား ရမယ့်အချက်ကတော့ သင့်ရဲ့ဘဝကို ပြောင်းလဲဖို့ အတွက် အလုပ်ပြောင်းဖို့ မလိုအပ်ဘူးဆိုတာပါပဲ။

ဒီစာကြောင်းကို တခေါက်ဖတ်ရုံနဲ့ ကောင်းကောင်း နားမလည်ဘူးဆိုရင် နောက်တခေါက် ထပ်ဖတ်လိုက်ပါ၊ အကြိမ်ကြိမ် အ ခါခါဖတ်ပါ။ ဒါဆို သင် ကောင်းကောင်း နားလည်လာပါလိမ့်မယ်။

ဆိုလိုရင်းကတော့ လက်ရှိ အလုပ်မှာ လစာကြောင့်ဖြစ်စေ၊ တာဝန်ကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်အနေအထားကြောင့် ဖြစ်စေ၊ သင် အလုပ်ပြောင်းဖို့ စဉ်းစားမိနေတယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ပါ။

လက်ရှိ သင်ရနေတဲ့လစာထက် ပိုတဲ့လစာနဲ့ ထိုက်တန်တဲ့ အရည်အချင်းမျိုး သင့်မှာ ပိုင်ဆိုင်ထားပါသလား။

လက်ရှိ သင်ရနေတဲ့လစာထက်ပိုတဲ့ လုပ်အားမျိုး သင် စိုက်ထုတ်နေရပါသလား။ စကားကို အော်ပြောခြင်းက ဆူညံခြင်း ကိုသာ ဖြစ်စေပြီးလိုရင်းကို ရောက်ဖို့ အလှမ်းဝေးသွားစေပါတယ်။ အဲဒီလိုပဲ မဆိုင်တာတွေ တွေဝေနေခြင်းက အချိန်ကုန် သွားတာပဲ အဖတ်တင်ပြီး ရည်ရွယ်ချက်ကို အရောက်နှေးစေပါတယ်။

ဒါကြောင့် လက်ရှိအလုပ်ကနေ ထွက်ဖို့၊ မထွက်ဖို့ ကျနော်က အားမပေးပါဘူး။ တခုပဲ ရှိပါတယ်။ သင့်အနေနဲ့ လက်ရှိ ရနေ တဲ့လစာထက် ပိုမိုတဲ့ လုပ်အားမျိုး ထုတ်ပြလုပ်ကိုင်ပါ၊ အချိန်ကာလတခုထိအောင် လစာ၊ ရာထူးတက်လာသလား ဆိုတာ စောင့်ကြည့်ပါ၊ ထူးခြားမှု မရှိဘူးဆိုရင်တော့ လက်ရှိ အလုပ်ကနေ ထွက်ခွာဖို့ သင့်ပါတယ်။

ကိုယ်တိုင်ကလည်း ကြိုးစား အားထုတ်မှု နည်းတယ်၊ အရည်အချင်းလည်း နိမ့်နေတယ်၊ ဒါကြောင့် လစာလည်း နည်းတယ်၊ ဒါကိုမှ တခြား အလုပ်ပြောင်းလုပ်ဖို့ စဉ်းစားနေရင်တော့ သင့်အတွက်ရော လက်ရှိ သင် လုပ်ကိုင်နေတဲ့ အလုပ်မှာပါ အကျိုး ရှိလာမှာ မဟုတ်ပါဘူး။

ပထမတချက်ကို ကောင်းစွာသဘောပေါက် နားလည်ပြီဆိုရင်တော့ ဒုတိယတချက်ကို ဆက်ကြည့်ရအောင်ပါ။ အဲဒါကတော့ နောက်ထပ် အလုပ်သစ်အတွက်ပဲ ဖြစ်စေ၊ လက်ရှိ အလုပ်မှာ အောင်မြင်ချင်တယ်၊ အဆင်ပြေချင်တယ်ဆိုရင်ပဲဖြစ်စေ ကောင်း စွာ သဘောပေါက် နားလည်ရမယ့်အချက် အဓိက အနေနဲ့ ၃ ချက်ပဲ ရှိပါတယ်။

ပထမတချက်က ရှင်းလင်းစွာ နားလည်သဘောပေါက်ပါစေ၊ ဘာကို ရှင်းလင်းစွာ နားလည်ရမှာလဲဆိုတော့ သင် အခု လက်ရှိ အလုပ်မှာ ဘယ်အရာကို မလိုချင်၊ မနှစ်သက်တာလဲ ဆိုတာပါပဲ။

ဥပမာ လက်ရှိ လုပ်ငန်းရှင်နဲ့ အဆင်မပြေတာလား၊ အလုပ်ချိန်လား၊ လစာလား စသဖြင့်ပေါ့။

သင့်အနေနဲ့ ဘယ်လို အပြောင်းအလဲကို လိုချင်တာလဲ ရှင်းလင်းစွာသိဖို့ လိုအပ်ပါတယ်။ လစာလည်း ကောင်းတယ်၊ အလုပ် ချိန်လည်း အဆင်ပြေတယ်၊ လုပ်ငန်းရှင်တယောက်တည်းနဲ့ အဆင်မပြေမှုအတွက် သင် အလုပ်သစ်ပြောင်းဖို့ လိုအပ်ပါသ လား၊ ကျနော်တော့ မထင်ပါဘူး။ အလုပ်ချိန်က များတယ်၊ လစာက နည်းတယ်၊ လုပ်ငန်းရှင်နဲ့ကတော့ ရင်းနှီးတယ်၊ အဆင် ပြေတယ်၊ ဒီအတွက်နဲ့ရော လက်ရှိ အလုပ်မှာ အားနာပြီး ဆက်လုပ်နေဖို့ သင့်ပါသလား။ ကိုယ့်အနေအထားကို ရှင်းလင်းစွာ နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဒုတိယအနေနဲ့ကတော့ မိမိကိုယ်ကို ယုံကြည် မှု ရှိပါစေ။ ဒီလို ယုံကြည်မှုက လက်ရှိ မိမိ အလုပ်မှာလည်း ငါတာဝန်ယူနိုင် တယ် ဆိုတာမျိုး ယုံကြည်မှုအပြည့်နဲ့ လုပ်ကိုင် နိုင်စေဖို့ ဖြစ်သလို အလုပ်သစ် ပြောင်းမယ်ဆိုရင်လည်း စိန်ခေါ်မှုအသစ်တွေ ကို ရင်ဆိုင်နိုင်ဖို့ ယုံကြည့်မှုအပြည့် ရှိမှ ပြောင်း လဲလုပ်ကိုင်ပါ။

ယုံကြည်ချက်၊ ဦးတည်ချက် မရှိဘဲ အသစ်လိုလားမှု တခုတည်းနဲ့ အလုပ်သစ်မပြောင်းပါနဲ့။

နောက်တချက် နားလည်ထားဖို့က ထိန်းချုပ်နိုင်မှု ဖြစ်ပါတယ်။ သင့်ရဲ့လုပ်ဆောင်နိုင်စွမ်း တခုကလွဲပြီး ကျန်အရာအားလုံး ကို ထိန်းချုပ်နိုင်စွမ်း ရှိပါစေ။ အလုပ်ကိုတော့ အာရုံအပြည့်နဲ့ အကောင်းဆုံးလုပ်ဆောင်ပါ။ သင့်အတွက် အခွင့်အလမ်းတွေ ကြိုနေနှင့်မှာပါ။

ဒါဆို အလုပ်သစ်အတွက်ပဲဖြစ်ဖြစ်၊ လက်ရှိ အလုပ်မှာပဲဖြစ်ဖြစ် ကြိုးစားအားထုတ်မှုက ပဓာန ဖြစ်တယ်ဆိုတာ သိလာပြီ ဆို တော့ နောက်တချက် ဆက်သွားရအောင်ပါ။

အဲဒါကတော့ လက်ရှိ သင့်ရဲ့ရာထူးထက် တဆင့် မြင့်တဲ့ရာထူးဟာ သင့်အတွက် နောက်ဆုံး ရာထူးမဟုတ်ဘူးဆိုတာ ကောင်း စွာ နားလည်သဘောပေါက်ဖို့ပဲ ဖြစ်ပါတယ်။
လက်ရှိမှာ အထက်မှာ ပြောခဲ့တဲ့အတိုင်းတော့ ကြိုးစားအားထုတ်မှု လုပ်နေပြီ၊ လစာလည်း သင့်တင့်ပြီ၊ ဒါပေမယ့် ရာထူးက တော့ တက်မလာသေးဘူးဆိုတဲ့သူတွေ ရှိနေကြပါတယ်။

သူတို့အတွက် အခု ပြောနေတဲ့အချက်ကို ကောင်းစွာ သဘောပေါက်လိုက်ပါ။ အခြေအနေ၊ အချိန်အခါတခုကြောင့် ရာထူး မတက်သေးတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ သင်ဟာ စာရေးလေးတယောက်ဆိုရင် သင့်အထက် ရာထူူးဖြစ်တဲ့ စာရေးကြီး ရာထူးဟာ သင့်ဘဝအတွက် နောက်ဆုံးနဲ့ အမြင့်ဆုံး ရာထူး မဟုတ်ပါဘူး။

အချိန်နဲ့အမျှ ကြိုးစားလုပ်ကိုင်နေသူအတွက် ရာထူးဆိုတာ အကန့်အသတ် ရှိမလာနိုင်ပါဘူး။ စာရေးလေးဘဝကနေ စာ ရေးကြီး၊ ရုံးအုပ်၊ တာဝန်ခံ၊ အုပ်ချုပ်သူ စသဖြင့် ရာထူးတွေ အများကြီး ရနေနိုင်ပါသေးတယ်။

လက်ရှိအလုပ်မှာ ကြိုးစားအားထုတ်မှု မှတ်တမ်းဟာ အလုပ်သစ်နေရာမှာလည်း ရာထူးကောင်း ရလာစေနိုင်ပါတယ်။ အ ချိန်ကုန်နေတာ၊ ကုန်သွားတာကို ခဏမေ့ထားပြီး အလုပ်ကိုပဲ အားစိုက်လုပ်ဆောင်တာ အကောင်းဆုံး ရလဒ်ကို ရလာနိုင် စေမယ့်အချက် ဖြစ်ပါတယ်။

ဟုတ်ပါပြီ၊ ဒီအထိတော့ ကျနော်တို့ အလုပ်သစ်မှာပဲ ဖြစ်ဖြစ်၊ လက်ရှိ အလုပ်မှာပဲ ဖြစ်ဖြစ် အားစိုက် လုပ်ဆောင်ရမယ်၊ ကြိုး စားရမယ်၊ ဘယ်လို အခြေအနေကြောင့်မှာမှ လက်ရှိ အလုပ်က ထွက်ခွာမယ်ဆိုရင် သင့်တယ်ဆိုတာမျိုး သိလာခဲ့ပါပြီ။

နောက်ဆုံးတချက်အနေနဲ့ လက်ရှိ အလုပ်မှာ ဆက်လုပ်မလား၊ အလုပ်သစ် ပြောင်းမလားဆိုတဲ့ ဆုံးဖြတ်ချက်အတွက် စဉ်း စားနားလည်ရမယ့်အကြောင်းလေး ပြောချင်ပါတယ်။

အဲဒါကတော့ သင်ဟာ တဦးတည်း တယောက်တည်း မဟုတ်ဘူး၊ အကူအညီတွေ၊ ပတ်ဝန်းကျင်တွေ ရှိတယ်ဆိုတာပါပဲ။ အ ထက်မှာ ပြောခဲ့သလို သင့်ရဲ့ဘဝကို ပြောင်းလဲဖို့ အတွက် အလုပ်ပြောင်းဖို့ မလိုအပ်ဘူးဆိုတဲ့အတိုင်း အလုပ်သစ် ပြောင်း လုပ်လိုက်တာနဲ့ ဘဝလည်း ပြောင်းလဲပြီလို့ မထင်လိုက်ပါနဲ့။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသားကျဖို့၊ အဆင်ပြေဖို့၊ သူတို့ဆီကနေ တွဲခေါ်မှု ရဖို့တွေ ပြန်လည် စတင်ရပါလိမ့်မယ်။ အလုပ် သစ် ပြောင်းဖို့ စဉ်းစားနေသူ တယောက်ဟာ အချိန် အများစုမှာ ငါထွက်သင့်သလား၊ ဆက်လုပ်သင့်သလားဆိုတာပဲ တွေး နေတတ်ပါတယ်။

ဒီလို တွေးနေမှုအထဲမှာ အလုပ်သစ် ပြောင်းလဲလုပ်တော့မယ်ဆိုရင် စိန်ခေါ်မှု အသစ်တွေလာမယ်၊ ပတ်ဝန်းကျင်အသစ်နဲ့ ဆက်ဆံရမယ်၊ နယ်ပယ်အသစ်မှာ လုပ်ကိုင်ရမယ် ဆိုတာတွေကို ထည့်တွက်ပြီးမှ အကောင်းဆုံး ဆုံးဖြတ်စေချင်ပါတယ်။

ဒီတော့ အခု ဆောင်းပါးလေးရဲ့သဘောတရားအားလုံးက ရည်ရွယ်ချက်၊ ဦးတည်ချက် မရှိဘဲ အလုပ်သစ် မပြောင်းပါနဲ့၊ မိမိ ကိုယ်ကို ယုံကြည်စိတ်မွေးပါ။

အလုပ်သစ်မှာပဲဖြစ်ဖြစ်၊ လက်ရှိ အလုပ်မှာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့စွမ်းရည်အပြည့် ထုတ်ပြီး လုပ်ကိုင်ပါ၊ အချိန်ပြည့် အာရုံစိုက် ပါ၊ သူ့အလိုလို ဘဝက ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

အလုပ်သစ်တခု ပြောင်းလဲ လုပ်ကိုင်လိုက်ရုံနဲ့ သင့်ဘ၀ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သင့်ရဲ့ကြိုးစားမှုကသာ သင့်ရဲ့ ဘဝ ကိုပြောင်းလဲ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: www.redcaperevolution.com

Did you find apk for android? You can find new Free Android Games and apps.
Loading