ခေတ်သစ်သယ်ယူပို့ဆောင်ရေးအပိုင်းမှာရော စစ်ဘက်နယ်ပယ်မှာပါ လေတပ်နဲ့အတူ ရဟာတ်ယာဉ်တွေရဲ့အရေးပါမှုက ကြီး မားတဲ့အခန်းကဏ္ဍကနေ ပါရှိနေသလို ဆင်းသက် ကွင်း ကြီးကြီးမားမား မလိုဘဲ ဆင်းသက်နိုင်ခြင်း၊ ဝန်တင်ဆောင်နိုင်ခြင်း၊ ခရီးသည်တင်ဆောင်နိုင်ခြင်း အားသာချက်တွေနဲ့အတူ ရဟတ်ယာဉ်ကို နိုင်ငံတိုင်းက စစ်ဘက်ရေးရာတွေမှာ မရှိမဖြစ် ယာဉ် တခုအနေနဲ့ သုံးလာတာ တွေ့ရပါတယ်။
အခုလည်း ရဟတ်ယာဉ်မျိုးစုံထဲကမှ တိုက်ခိုက်ရေး ရဟတ်ယာဉ်အပိုင်းမှာ ကမ္ဘာ့အမြန်ဆုံး ဖြစ်လာနိုင်မယ့်ရဟတ်ယာဉ် သစ်ကို အမေရိကန်စစ်တပ်က စမ်းသပ်နေတာ တွေ့ရပြီး မကြာခင် အသုံးပြုနိုင်လာဖို့ ရှိနေပြီလို့ သိရပါတယ်။
AirForce-Technology.comရဲ့ဖော်ပြချက်တွေအရဆိုရင် လက်ရှိမှာ ကမ္ဘာ့အမြန်ဆုံး တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ် အ ဖြစ် CH-47F Chinook မော်ဒယ်က ရှိနေတာဖြစ်ပြီး သူက တနာရီ ၁၉၅ မိုင်ထိအောင် ပျံသန်းနိုင်ပြီး ရဟတ်ယာဉ်တွေထဲ မှာ အမြန်ဆုံးမော်ဒယ်အဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အဆိုပါ မော်ဒယ်ရဲ့စံချိန်နဲ့မြန်နှုန်းကို ချိုးဖျက်နိုင်မယ့်အမေရိကန်စစ်တပ်အတွက် မော်ဒယ်သစ် S-97 အနေနဲ့ မ ကြာခင် ဝင်လာဖို့ ရှိနေပြီး Airwolfရဲ့ဖော်ပြချက်အရဆိုရင် အခု မော်ဒယ်က တနာရီ ၂၅၃ မိုင်ထိအောင် အမြန်ဆုံး မောင်း နှင်နိုင်လာဖို့လည်း ရှိနေတာပါ။
တည်ဆောက်မှု နည်းပညာပိုင်းတွေကတော့ အခု မော်ဒယ် ၂ ခုက သိပ်ပြီး ကွာခြားမှု မရှိဘူးလို့ ဆိုပါတယ်။
Lockheed လို အခုမော်ဒယ်ကို ဖန်တီးနေတဲ့ ရဟတ်ယာဉ်ထုတ်ကုမ္ပဏီရဲ့ပြောကြားချက်အရဆိုရင် အခုမော်ဒယ်က AGM-114 Hellfire အမြောက်တပ်ဆင်ထားမယ်၊ ၂.၇၅လက်မ အရွယ် Hydraဒုံးကျည်လည်း ပါမယ်၊ ၇.၆၂ မီလီအရွယ် စက်သေ နတ်ထည့်ထားမယ်၊ ဒါမှမဟုတ် စစ်မြေပြင်အနေအထားအပေါ်ကို မူတည်ပြီးတော့ အဆိုပါ စက်သေနတ်နေရာမှာ ၅၀ ကာ လီဘာ(50-caliber) စက်သေနတ်ကိုလည်း လဲလှယ်တပ်ဆင်နိုင်မယ်လို့ သိရပါတယ်။
နောက်ပြီး စစ်သား ၆ ဦးထိအောင်လည်း လိုက်ပါနိုင်မှာ ဖြစ်သေးတယ်လို့ ကုမ္ပဏီတာဝန်ရှိသူက ပြောတာလည်း တွေ့ရပါ တယ်။
Lockheed ရဲ့ဖန်တီးမှုတွေထဲမှာ အခု မော်ဒယ်ကို AH-64 Apache မော်ဒယ်ရဲ့တောင်ပံဒီဇိုင်းမျိုး ရယူဖန်တီးထားတယ်လို့ ဆိုသလို အခု မော်ဒယ်ကို တိုက်ခိုက်ရေးသုံး တမျိုးတည်းတင် မဟုတ်ဘဲ တာဝန်စုံ၊ နေရာစုံမှာ သုံးနိုင်အောင် ဖန်တီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တည်နေရာ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ အဆင်ပြေပြေ သုံးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ထူးခြားချက်အနေနဲ့ လည်း အခု မော်ဒယ်က ပျံသန်းနေရင်း ဆီလေယာဉ်တွေနဲ့ ချိတ်ဆက်ကာ ဆီဖြည့်နိုင်မှာ ဖြစ်လို့ ခရီးတဆက်တည်း မောင်း နှင်နိုင်မှုကိုလည်း အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်နေတာ တွေ့ရပါတယ်။
ကုမ္ပဏီရဲ့နောက်ဆုံး မိတ်ဆက်မှုအတွင်းမှာတော့ မော်ဒယ်က အမြင့်ပေ ၁၀၀၀၀ ထိအောင် တက်နိုင်မယ်၊ လေထုအပူချိန် ၉၅ ဒီဂရီ စင်တီဂရိတ်ထိအောင် အသုံးပြု ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။
ကုမ္ပဏီကတော့ အခု မော်ဒယ်ကို အမေရိကန်ကြည်းတပ်နဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေကို ရောင်းချချင်လို့ မိတ်ဆက်လာတာ တွေ့ရပြီး အမေရိကန် ရေတပ်၊ ကမ်းတက်တပ်ဖွဲ့နဲ့ လေတပ်တွေမှာပါ အားဖြည့်အသုံးပြုမှု လုပ်ဆောင်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
www.businessinsider.com