အခုချိန်မှာ ကျနော်တို့ အမှန်တရားပါလို့ လက်ခံထားမျှဟာ နောက်ထပ်ရလဒ် အမှန်တရားတခု ထွက်မလာသေးခင်အထိ အောင် မှန်မှာဖြစ်ပေမယ့် တချိန်က ကမ္ဘာကို အပြား၊ လေးထောင့်ကနေ နောက်ဆုံး အလုံးကြီးလို့ သိလာသလို အဖြေတွေက လည်း ပြောင်းလဲလာပါလိမ့်မယ်။
အခုလည်း လက်ရှိမှာတော့ အမှန်တရားအဖြစ် ကျောင်းစာတွေမှာတောင် ပြဌာန်းသင်ကြားနေပေမယ့်နောက်ပိုင်းမှာ ပြောင်း လဲသွားဖို့ ရှိနေပြီ ဖြစ်တဲ့ ဖြစ်ရပ်မှန်လေးတွေကို နည်းနည်းလောက် ပြောပြချင်ပါတယ်။
(၁) အမေရိကန်ဟာ ၁၇၇၆ ခုနှစ် ဇူလိုင် ၄ ရက်မှာ လွတ်လပ်ရေး ရတယ်လို့ အခုသိထားပေမယ့် တကယ်တော့ အဲဒီ နောက် ၇ နှစ်အကြာ ၁၇၈၃ ခုနှစ်မှာမှ တနိုင်ငံလုံး လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။
၁၇၇၆ ခုနှစ်ထိအောင် အမေရိကန်မှာ ဗြိတိန်ရဲ့ကိုလိုနီနယ် ၁၃ နယ် ကျန်နေသေးပြီး ၁၇၈၃ ခုနှစ် စက်တင်ဘာ ၃ ရက်မှာ Treaty of Paris ကို လက်မှတ်ထိုးပြီးခါမှ အမေရိကန် တနိုင်ငံလုံး လွတ်လပ်ခဲ့တာ ဖြစ်ပါတယ်။
(၂) အမေရိကန် သမ္မတတဦးဖြစ်တဲ့ ဂျော့ဝါရှင်တန်ရဲ့သွားတုဟာ အခုချိန်မှာ ကျနော်တို့ သိထားတာက သစ်သားနဲ့ ဖန်တီး အသုံးပြုခဲ့တာလို့ ဖြစ်ပေမယ့် အမှန်တော့ သူ့ရဲ့သွားတုက လူသားရဲ့အံသွားကနေ ဖန်တီးအသုံးပြုခဲ့တာ ဖြစ်ပါတယ်။ သမ္မ တရဲ့ဝန်ထမ်းတဦးအံသွားကနေ ရယူပြီး သွားတု ဖန်တီးခဲ့တာပါ။
၁၈ ရာစုတွေ အတွင်းက Slaves လို့ ခေါ်ကြတဲ့ ကျွန်(ဝန်ထမ်း)တွေဟာ သွားတွေကို ပိုက်ဆံရဖို့ ရောင်းချတဲ့အကျင့် ရှိခဲ့ကြ ပြီး အခု သမ္မတရဲ့သွားတုအတွက်လည်း သူ့ရဲ့ဝန်ထမ်းဆီကနေ အံသွားကို ဝယ်ယူ ဖန်တီးအသုံးပြုခဲ့တာ ဖြစ်တယ်လို့ သိရ ပါတယ်။
PBS (Public Broadcasting Service)ရဲ့ဖော်ပြချက်မှာ သမ္မတဟာ သွား ၉ ချောင်းအတွက် ရှီလင် ၁၂၂ ပေးပြီး ဝယ်ခဲ့တာလို့ တွေ့ရပါတယ်။
(၃) နေစကြာဝဠာထဲက လက်ရှိ ပလူတိုဟာ ဂြိုဟ်အဖြစ် သတ်မှတ်ခံထားရပေမယ့် နောက်ပိုင်းမှာ သူ့ကို ဂြိုဟ်အဖြစ် သတ် မှတ်မှာ မဟုတ်တော့ပါဘူး။
၁၈၀၀ ပြည့်လွန်နှစ်တွေကတည်းက တွေ့လာတဲ့ ဂြိုဟ်တွေအရ ပလူတိုက ဂြိုဟ်တစင်းဖြစ်ခဲ့ပေမယ့် အခုတော့ သူ့ရဲ့အဝန်း အတွင်းမှာ ပလူတိုထက် ကြီးမားတဲ့ ဂြိုဟ်တစင်းကို ၂၀၀၃ခုနှစ်က အတည်ပြု တွေ့ရှိခဲ့ပြီး အဆိုပါ ဂြိုဟ်သစ်ကို Eris လို့ အမည်ပေးထားပါတယ်။
နောက်ဆိုရင် ပလူတို နေရာမှာ Eris က ဂြိုဟ်ဖြစ်လာပြီး ပလူတိုက အီရက်ရဲ့အရံဂြိုဟ် ဖြစ်တော့မှာပါ။
(၄) စိန်ဆိုတာ လက်ရှိ ကမ္ဘာမှာ အမာကျောဆုံးအရာအဖြစ် သိထားပေမယ့် ၂၀၀၉ခုနှစ် အတွင်းက တွေ့ရှိခဲ့တဲ့ Wurtzite Boron Nitride နဲ့ Lonsdaleite တွေက စိန်ထက် ပိုမို မာကျောတာ တွေ့လာရပါတယ်။
ဖွဲ့စည်းပုံ အရ Wurtzite Boron Nitrideက စိန်ထက် ၁၈ရာခိုင်နှုန်းနဲ့ Lonsdaleite က စိန်ထက် ၅၈ရာခိုင်နှုန်းလောက် ထိ အောင်ပိုမို မာကျော ခံနိုင်ရည်ရှိတာ တွေ့လာရပါတယ်။ ဒါပေမယ့် အဆိုပါ ဓာတ် ၂ ခုလုံးက သဘာဝအတိုင်း တည်မြဲမှု မ ရှိ ဘဲ အခု မာကျောမှု စမ်းသပ်ချက်ကိုတောင် လက်တွေ့ခန်းမှာ စနစ်တကျ ထားရှိ စမ်းသပ်မှုလုပ်ဆောင်ထားတာ ဖြစ်ပြီး သ ဘာဝအတိုင်းဆိုရင် ပျက်ပြယ်ပျောက်ဆုံးသွားနေတာဖြစ်လို့ စိန်လို ပြင်ပလေထုအတွင်းမှာ ထားနိုင်အောင် စမ်းသပ်ချက်တွေ လုပ်ဆောင်နေပြီး အောင်မြင်ခဲ့ရင်တော့ စိန်က ကမ္ဘာ့အမာကျောဆုံးအရာဆိုတဲ့ သတ်မှတ်ချက်ကနေ ဖယ်ပေးရပါလိမ့်မယ်။
(၅) အစ္စရေး(ဂျူး)တွေက ပိရမစ်တွေကို တည်ဆောက်ခဲ့ကြတယ်လို့ လက်ရှိသမိုင်းမှာ ဆိုထားပေမယ့် တကယ်တော့ အီဂျစ် ပြည်သူတွေကပဲ ကိုယ်တိုင် ပိရမစ်တွေကို တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ပိရမစ်တွေ တည်ဆောက်နေချိန် အီဂျစ်မှာ ဂျူးတွေ မရှိခဲ့ဘူးလို့ ဂျေရုဆလင်မှာ ရှိတဲ့ ဟီးဘရူးတက္ကသိုလ်က ပါမောက္ခ Amihai Mazarက AP သတင်းဌာနကို သမိုင်းကြောင်းလေ့လာမှုတွေကနေ တွေ့ရှိချက်တွေနဲ့ ရှင်းပြတာ တွေ့ရပါတယ်။
နောက်ဆုံးသမိုင်းတွေ့ရှိချက်တွေအရ အီဂျစ်ပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းက ဆင်းရဲသားပြည်သူတွေရဲ့အဓိက လုပ်အားနဲ့ တည်ဆောက်ခဲ့ကြတာ ဖြစ်တယ်လို့လည်း သိလာရတာ ဖြစ်ပါတယ်။
(၆) တရုတ်မဟာတံတိုင်းဆိုတာ လက်ရှိ အာကာသကနေ ကြည့်မယ်ဆိုရင် တွေ့မြင်နိုင်တဲ့ တခုတည်းသော လူတို့ ဖန်တီးတဲ့ အရာဖြစ်ပေမယ့် အခုတော့ များစွာသော လူတို့ ဖန်တီးတဲ့အရာတွေကို အာကာသကနေ မြင်တွေ့နိုင်လာပါတယ်။
အရင်က အာကာသလို့ဆိုတဲ့ နေရာမှာ လလို နေရာကနေ တရုတ်မဟာတံတိုင်းကြီးကို မြင်နိုင်တယ်လို့ ထင်ခဲ့ကြတာပါ။ ဒါ ပေမယ့် ၂၀၀၃ ခုနှစ်က တရုတ်ရဲ့ပထမဆုံး အာကာသပညာရှင် Yang Liwei က လကို ခြေချခဲ့သလို သူကိုယ်တိုင် လလို အာကာသနေရာကနေ မဟာတံတိုင်းကို မမြင်ခဲ့ရဘူးလို့ သူ့ရဲ့ပြောဆိုချက်ကို NASA ကနေ ထုတ်ပြန်တာ တွေ့ရပါတယ်။
ဒါဆို ၁၉၃၈ လောက်က အာကာသ(လ)ကနေ တရုတ်မဟာတံတိုင်းကို မြင်ရတယ်ဆိုတဲ့ အမှန်တရားက ဟုတ်ပါရဲ့လား။ အ ခြားသော လ ကနေ ကမ္ဘာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရလည်း ကမ္ဘာဆိုတာ စက်ဝန်းပုံ လုံးလုံးဝန်းဝန်း၊ အများစုက တိမ်တွေကြောင့် ဖြူနေမယ်။
အချို့နေရာတွေမှာ အပြာရောင်၊ အဝါရောင်အစက်လေးတွေလည်း နည်းနည်း ရောပါမယ်၊ ဒါဟာ Apollo 12 ကနေ ရိုက် ထားတဲ့ ဓာတ်ပုံတွေအရ မြင်ကွင်းပါ။
ဘယ်လူသားမှ လကနေ ကမ္ဘာ့မျက်နှာပြင်ပေါ်က လူတို့ ဖန်တီးထားတဲ့ တရုတ်မဟာတံတိုင်းလို အရာကနေ ဘာကိုမှ မျက်စိ နဲ့ မမြင်နိုင်ပါဘူး။ မှန်ပြောင်းနဲ့ ကြည့်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါဆို အရင်က အာကာသကနေ လူ့မျက်စိနဲ့ မြင်နိုင်တဲ့ တရုတ်မဟာတံတိုင်းက ဘယ်နေရာကနေ မြင်ရတာပါလဲ။ အခုတော့ အဖြေသိရပါပြီ၊ ကမ္ဘာ့ပတ်လမ်းအတွင်းကနေ သွားလာ လှည့်ပတ်နေတဲ့ ဂြိုဟ်တုတွေကနေ ကြည့်ရင် တရုတ်မဟာတံတိုင်းကို မှန်ပြောင်း မလိုဘဲ မြင်နိုင်ပါတယ်။
ဒါဆိုရင်တော့ လက်ရှိ လူတွေထင်နေတဲ့ အာကာသ(လ)ကနေ မဟာတံတိုင်းကို မြင်ရတယ်ဆိုတဲ့အမှန်တရားက ဖယ်ထုတ်ခံ ရတော့မှာ ဖြစ်ပြီး ကမ္ဘာပတ်လမ်းထဲက ဂြိုဟ်တုကနေ မဟာတံတိုင်း အပါအဝင် အခြားအကြီးစား တည်ဆောက်ထားတဲ့ မြို့ ကြီးတွေက မီးတွေ၊ ဆည်ကြီးတွေလို လူတို့ ဖန်တီးတဲ့ အရာတွေကို အာကာသ (ဂြိုဟ်တု)ကနေ တွေ့မြင်နိုင်တယ်ဆိုတဲ့ အ မှန်တရား ဝင်လာတော့မှာ ဖြစ်ပါတယ်။
www.businessinsider.com