Trend

ဝက်တွေကို ပုံမှန်ထက် ပိန်အောင် မွေးနိုင်တော့မယ်

Want create site? Find Free WordPress Themes and plugins.

ပုံမှန်ဆိုရင်တော့ ဝက်တွေကို ဘာပဲကျွေးကျွေး ဇီဝ သဘောအရ ဝ ကို ဝ ပါတယ်။ ဒါကြောင့်လည်း လူတွေက ဝက်သားစားရင် စားတဲ့ သူပါ လိုက် ဝ တယ်လို့ ဆိုတတ်ကြပါတယ်။ ဒီတော့ အစကတည်းက ဝက်သားထဲမှာ အဆီဓါတ်နည်းအောင် ဖန်တီးနိုင်ရင် ကျွန်တော်တို့ စားသုံးသူတွေလည်း ၀ နိုင်မယ့် ဖြစ်နိုင်ခြေကိုလျော့ချလို့ မရနိုင်ဘူးလားဗျာ။ တရုတ်နိုင်ငံ၊ ဘေကျင်းက ပညာရှင်တွေက ဝက်တွေကို ပုံမှန်ထက် ပိန်အောင် မွေးနိုင်မယ့် နည်းလမ်းကို တွေ့လာပါပြီ။ အစမ်းမွေးမြူထားခဲ့သမျှတော့ မွေးပြီး ၆ လ အကြာမှာပုံမှန်ထက် အဆီပါနှုန်း ၂၄ ရာခိုင်နှုန်းထိအောင် နည်းတဲ့ ဝက်တွေကို အောင်မြင်အောင် မွေးလာနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ လေ့လာရေးအဖွဲ့ကတော့ အခုလို အဆီပါဝင်မှုနည်းအောင် မွေးနိုင်ခြင်းက မျိုးဗီဇကို ပြင်ဆင်လိုက်ခြင်းဖြစ်ပြီး မွေးမြူကျွေးမွေးရမှုအပိုင်းမှာ အစာဖိုးသက်သာစေမယ်၊ အဆီပါနှုန်းနည်းသွားလို့ စားသုံးသူကိုလည်း ကျန်းမာရေးနဲ့ ပိုမိုကိုက်ညီစေမယ်၊ ဝက်သား ထုတ်လုပ်မှုလည်း တိုးတက်လာစေနိုင်တယ်လို့ ဆိုတာ တွေ့ရပါတယ်။

အခု စမ်းသပ် မွေးမြူအောင်မြင်လာတဲ့ ဝက်သားတွေက ပုံမှန် ဝက်သားတွေထက် ပိုမို နွေးထွေးတဲ့ ခြံနေရာမှာမွေးမြူထားခြင်းဖြစ်ပြီး အသားပိုကျစ်လာသလိုအဆီစုဖွဲ့မှု ၂၄ ရာခိုင်နှုန်းထိအောင် လျော့နည်းသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ သိပ္ပံအကယ်ဒမီကို အခုလေ့လာရေးအဖွဲ့က တင်ပြချက်မှာ ဝက်တွေရဲ့ မျိုးဗီဇအတွင်းအသားဓါတ် အနည်းငယ် တိုးထည့်ပေးလိုက်ခြင်းနဲ့အတူ ပိုမိုကျစ်လစ်တဲ့ အသားစုဖွဲ့မှု ရှိလာသလိုပုံမှန် ဝက်တွေလို အဆီစုဖွဲ့မှု အားနည်းသွားပြီး ကြီးထွားနှုန်းမှာလည်း ပုံမှန်အတိုင်း ကြီးထွားမှုရှိတယ်လို့ လက်တွေ့မွေးမြူပြီးရလဒ်တွေကို မှတ်တမ်းနဲ့အတူ တင်ပြထားတာ တွေ့ရပါတယ်။

လေ့လာသူတွေက ဝက်တွေရဲ့ အဆီစနစ်မှာ အညိုရောင်အဆီနဲ့ အဖြူရောင်အဆီစုဖွဲ့မှု နှစ်ခုရှိတဲ့ အထဲက အညိုရောင် အဆီစုဖွဲ့မှုအနေနဲ့က ဝက်တွေကို သူတို့ရဲ ခန္ဓာကိုယ် အနွေးဓါတ် ပိုမိုရရှိစေတယ်၊ ဒီတော့ အဆီစုဖွဲ့မှုကို ချေဖျက်မှု ပိုမိုအားကောင်းစေတယ်၊ ဒီအတွက် ဝက်သားပေါက်လေး ဘဝကတည်းက အဆိုပါ အညိုရောင် အဆီစုဖွဲ့မှုကို အားပေးပြီးအဖြူရောင် အဆီစုဖွဲ့မှုကိုအားနည်းအောင် လုပ်ဆောင်ပေးထားခြင်းက အရွယ်ရောက်ပြီး ကြီးလာတဲ့ အရွယ်ထိအောင် ဝက်တွေရဲ့ ကိုယ်တွင်းအဆီစုဖွဲ့မှုကို ဟန့်တားပေးနိုင်ပြီး သဘာဝအတိုင်းအဆီ ၂၄ ရာခိုင်နှုန်းလောက်ထိအောင် လျော့ချပစ်လိုက်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသားဓါတ် အခြေပြုဓါတ်တခု ဖြစ်တဲ့ CRISPR/Cas9 ကို ဝက်တွေရဲ့ သန္ဓေသား ဘဝမှာကတည်းက ထိုးသွင်းပေးထားလိုက်မယ်ဆိုရင် မွေးလာတဲ့ ဝက်တွေအနေနဲ့ အထက်မှာပြောခဲ့သလို အဆီစုဖွဲ့မှုနည်းတဲ့ ဝက်တွေအဖြစ် ကြီးထွားလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာသူတွေကတော့ အဆိုပါ ထိုးဆေးကို သန္ဓေသားလောင်း ၂၅၅၃ ကောင်ကို ထိုးသွင်းစမ်းသပ်မှုတွေ လုပ်ဆောင်ထားခဲ့ပြီး အခုချိန်ထိအောင် အောင်မြင်ကြီးထွားတဲ့ ဝက်ထီး ၁၂ ကောင်ထိအောင် ရရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

လေ့လာသူတွေက အညိုရောင်အဆီ ပါဝင်မှုနည်းလို့ ဝက်တွေမှာ ကိုယ်ခန္ဓာ အနွေးဓါတ် နည်းလေ့ရှိတယ်၊ ဒီ အဆီဓါတ်ကို အားဖြည့်ပေးလိုက်ရင် ဝက်တွေဟာ ပုံမှန်ထက် ကိုယ်ခန္ဓာ ပူနွေးနေမှာဖြစ်သလို ကိုယ်တွင်း အဆီစုဖွဲ့မှုကိုလည်း အကောင်းဆုံးဟန့်တားပေးနိုင်မှာဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ အစမ်းမွေးမြူထားမှုမှတ်တမ်းတွေအရလည်း အသားထုတ်လုပ်နိုင်ပြီဖြစ်တဲ့ ၆ လ အကြာမှာ အစမ်း မွေးဝက်တွေအနေနဲ့ အဆီဓါတ် ၂၄ရာခိုင်နှုန်းထိအောင် ပုံမှန် ဝက်တွေထက် နည်းနေတာလည်း ဖြစ်ပါတယ်။ အဆိုပါ အစမ်းမွေးဝက်တွေမှာ အသားထွက်နှုန်းလည်း ပိုလာသလိုအဆီလွှာလည်း ပါးလွှာသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီ ဝက်တွေအနေနဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်မှုတော့ ရှိလာဖို့ မလွယ်သေးဘူးလို့ အမေရိကန်နိုင်ငံ၊ မစ်ဇူရီတက္ကသိုလ်က ပါမောက္ခ ဒေါက်တာ R. Michael Roberts ကဆိုပါတယ်။ အကြောင်းကတော့ သဘာဝအတိုင်းမွေးလာတဲ့ ဝက်တွေ မဟုတ်တဲ့အတွက် FDA လိုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု အဖွဲ့အစည်းကနေ တရားဝင် အသားထုတ်လုပ်မှုအတွက် ခွင့်ပြုချက်မပေးနိုင်လို့ အခုလို အဆီနည်းဝက်များ မွေးမြူနိုင်သည့်တိုင်အောင် ဒေသတွင်းအနေအထားလောက်မှာပဲ အသား ထုတ်လုပ်မှုအတွက် သုံးဖြစ်ပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ဖို့တော့ ချက်ချင်းအဆင်ပြေမှာမဟုတ်ဘူးလို့ သုံးသပ်ထားတာတွေ့ရပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading