Trend

ဘယ်နိုင်ငံထုတ်တွေကို လူတွေအကြိုက်ဆုံးလဲ

Want create site? Find Free WordPress Themes and plugins.

ကျွန်တော်တို့ဆီမှာတော့ China Made ဆိုရင် မကောင်းချင်ဘူးဆိုတဲ့ အတွေးမျိုးခေါင်းထဲမှာ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ယိုးဒယားထုတ်ဆိုပြန်တော့လည်း စိတ်ချရတယ်ပေါ့။ ဒီလိုပဲ နိုင်ငံတကာက လူတိုင်းရဲ့ အတွေးထဲမှာ ဘယ်နိုင်ငံထုတ်ဆိုရင် ကောင်းတယ်၊ စိတ်ချတယ် ဆိုတာမျိုးကို သူတို့ ဘယ်လိုလက်ခံတယ်လို့ ထင်ကြပါသလဲ။ လူအများက လက်ခံတယ်ဆိုရင် ကျနော်တို့လည်း အဲဒီနိုင်ငံတွေက ထုတ်တဲ့ပစ္စည်းတွေကို ယုံယုံကြည်ကြည် ဝယ်ကြတာပေါ့ဗျာ။

ကောင်းပါပြီ။ ထိပ်ဆုံးက ဘယ်နိုင်ငံကများ ရပ်တည်နေပါသလဲ၊ ဥရောပနိုင်ငံတွေကတော့ ဒီစာရင်းမှာ အများစုထိပ်ပိုင်းက ရပ်တည်နေနိုင်ကြတာ တွေ့ရပါတယ်။ ကမ္ဘာ့စိတ်အချဆုံး ထုတ်လုပ်မှုနိုင်ငံကတော့ ဂျာမနီပါတဲ့၊ ဒါဆိုရင်တော့ Made in Germany ဆိုရင် တကမ္ဘာလုံးက လူအများစုက လက်ခံတယ်၊ ယုံကြည်တယ်ပေါ့။ ရမှတ် ၁၀၀ ပေးပြီး အခြေခံတွက်ချက်မှုမှာ မထင်မှတ်လောက်အောင် ဂျာမနီကရမှတ် ၁၀၀ ရထားပါတယ်၊ အများဆုံးတင်ပို့ရောင်းချတဲ့ပစ္စည်းကတော့ စက်ပစ္စည်းနဲ့ ယာဉ်တွေ ဖြစ်ပါတယ်တဲ့။ ဟုတ်ပါတယ်၊ Audi, VW, Mercedes နဲ့ BMW လို ကမ္ဘာကျော် ကားထုတ်လုပ်သူတွေအားလုံး ဂျာမနီ အခြေစိုက်တွေဖြစ်ပြီး သူတို့နဲ့အတူ ဂျာမနီက စိတ်အချရဆုံး ထုတ်လုပ်သူနိုင်ငံဖြစ်လာပါတယ်။

သူ့နောက်မှာတော့ ဆွစ်ဇာလန်က ၉၈ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ အများဆုံးထုတ်လုပ်ရောင်းချတဲ့ ပစ္စည်းကတော့ ရွှေဖြစ်ပါတယ်။ တတိယနေရာမှာတော့ EU နိုင်ငံတွေ ရှိနေပါတယ်။ ရမှတ် ၉၂ မှတ်ထိအောင် ရှိနေပါတယ်။ ပစ္စည်းစုံထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။ စတုတ္ထနေရာမှာလည်း စက်ပစ္စည်းနဲ့ မော်တော်ယာဉ်တွေ အများဆုံးထုတ်လုပ်ရောင်းချတဲ့ အင်္ဂလန်ကရမှတ် ၉၁ နဲ့ ရှိနေပါတယ်။

ဆွီဒင်ကလည်း မော်တော်ယာဉ်နဲ့ စက်ပစ္စည်းထုတ်လုပ်မှု အများဆုံးနိုင်ငံတခုအနေနဲ့ ရမှတ် ၉၀၊ အဆင့် ၅ ရှိပြီး ကနေဒါကလည်း မော်တော်ယာဉ် ထုတ်လုပ်မှုနဲ့အတူ ရမှတ် ၈၅ မှတ်ရပြီး အဆင့် ၆၊ သူ့နောက်မှာတော့ ဆေးပစ္စည်းထုတ်လုပ်မှု စိတ်အချရဆုံးနိုင်ငံအဖြစ် အီတလီက အဆင့် ၇၊ မော်တော်ယာဉ် ထုတ်လုပ်မှုနဲ့ပဲ ဂျပန်ကရမှတ် ၈၁ မှတ်ရပြီး အဆင့် ၈၊ လေယာဉ်ထုတ်လုပ်မှုနဲ့အတူ အောင်မြင်တဲ့ ပြင်သစ်ကတော့ ရမှတ် ၈၁ မှတ်ထိအောင်ရပြီး အဆင့် ၉၊ စက်သုံးဆီထုတ်လုပ်မှုမှာ စိတ်အချရဆုံးအဖြစ်ရှိနေတဲ့ အမေရိကန်ကတော့ ရမှတ် ၈၁ မှတ် တန်းတူရပေမယ့် အဆင့် ၁၀ ရောက်နေပါတယ်။

အဆင့် ၁၁ မှာတော့ စက်သုံးဆီထုတ်လုပ်မှုနဲ့ပဲ နာမည်ရတဲ့ နယ်သာလန်ကရမှတ် ၇၆ မှတ်နဲ့ ရှိနေပြီး၊ သူ့နောက်မှာ အစဉ်လိုက်အနေနဲ့ သြစတြေးလျ၊ နယူးဇီလန်၊ ဒိန်းမတ်၊ သြစတြီးယား၊ ဘယ်လ်ဂျီယမ်၊ စပိန်၊ တောင်ကိုရီးယား၊ ပိုလန်၊ ရုရှ၊ ထိုင်း၊ ချက်၊ ဘရာဇီး၊ တူရကီ၊ မက္ကဆီကို၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံတွေအဖြစ် အစဉ်လိုက် ရှိနေတာပါ။ မထင်မှတ်ဘဲ စားအုန်းဆီထုတ်လုပ်သူ အင်ဒိုနီးရှား၊ ရုပ်သံထုတ်လွှင့်မှုပစ္စည်းထုတ်လုပ်သူ ဗီယက်နမ်နဲ့ အထည်ထုတ်လုပ်သူ ဘင်္ဂလားဒေ့ရှ်တို့က တရုတ်ရဲ့ အထက်မှာရပ်တည်နေနိုင်တာက ထူးခြားချက် ဖြစ်နေစေပါတယ်။ တရုတ်ကတော့ ကွန်ပျူတာထုတ်လုပ်မှု အများဆုံးအဖြစ် စာရင်းဝင်နေပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading