Trend

ကမ္ဘာ့ စတိုင်အကျဆုံး First Lady များ

ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ နောက်မှာ ထက်မြက်တဲ့ မိန်းမသားတွေ ရှိတယ် လို့ ပြောလေ့ရှိပါတယ်။ ထိုနည်းတူစွာပဲ ထင်ရှားတဲ့ ပုဂ္ဂိုလ်တိုင်းရဲ့ နောက်မှာ စတိုင်ကျကျတဲ့ အမျိုးသမီးတွေ ရှိတယ်လို့လည်း ဆိုရမှာပါ။ အခုပြောမယ့် First Lady လို့ ခေါ်တဲ့ သမ္မတကတော်တွေ ကတော့ သူတို့ရဲ့ ဂုဏ်ပုဒ်ကို ပေါ့တီးပေါ့ဆ မခံယူကြပါဘူး။ စတိုင်ကျတဲ့ သူတို့ရဲ့ ဟန်ပန်ဟာ သံခင်း တမန်ခင်းနဲ့ လိုက်လျောညီထွေတဲ့ ဖက်ရှင်ခံစားမှု ရှိရတဲ့ အပြင် တခြားသူတွေထက် စူးစမ်းကြည့်မြင်ခံရမှု ပိုများတာ သေချာပါတယ်။

(၁) အက်စမာ အယ်လ်အာဆတ် (Asma al-Assad)

သူကတော့ ဆီးရီယားသမ္မတကတော်ပါ။ သူ့စတိုင်က မီရှဲအိုဘားမားနဲ့ အမွှာအလား ထင်မှတ်မှားလောက်အောင် ကျက်သရေရှိရှိ ဆင်ယင်တတ်သူပါ။ အမြဲလိုလို လှိုင်းတွန့်ဆံကေသာနဲ့ ဓလေ့ထုံးစံမပျက် ထုံးဖွဲ့တတ်ပါတယ်။ အက်စမာရဲ့ စတိုင်လျှို့ဝှက်ချက် ကတော့ သူ့အကြည့်တွေက ဟန်ကျပန်ကျနဲ့ အပြစ်ကင်းအောင်လှတာကို ကိုယ်စားပြုနေသလို ပါပဲ။

(၂) ဘရီဂတီ သရွန်နက်စ် (Brigitte Trogneux)

ဘရီဂတီ သရွန်နက်စ် က ပြင်သစ်သမ္မတ အီမန်ညူဝယ် မက္ကရွန် (Emmanuel Macron) ကတော်ပါ။ သူမဟာ လူသိနည်းချင် နည်းမယ်၊ အသက်အရွယ် ကြီးမြင့်တာမျိုး ဖြစ်ချင် ဖြစ်နေမယ်… ဒါပေမယ့် သူမရဲ့ ပင်ကိုယ်ဟန်နဲ့ ဖက်ရှင်စတိုင်ကိုတော့ အသိအမှတ် မပြုဘဲ မနေနိုင်ပါဘူး။ ပြင်သစ် အလှပဂေး တဦးဖြစ်တဲ့ သူမဟာ အရောင်တမျိုးတည်း ပြောင်အဝတ်အစားမျိုးကို ဝတ်ဆင်လေ့ရှိပြီး ပေါ့ပေါ့ပါးပါး အပေါ်ဝတ် အကျႌနဲ့ ကုတ်အရှည်တွေက သူမရဲ့ ဖက်ရှင်ကို ပိုပြီး စမတ်ကျ လှပစေပါတယ်။

(၃) မဲလာနီးယားထရမ့် (Melania Trump)

လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဇနီး မဲလာနီးယားဟာ ရင်ခံကိုယ်ကျပ် အကျႌများစွာ ပိုင်ဆိုင်ထားသူပါ။ ဒါပေမယ့် သူကတော့ ရိုးရိုးရှင်းရှင်းပဲ ဝတ်လေ့ ရှိသူပါ။ သူ့ရဲ့ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ချပ်ချပ်ရပ်ရပ်ရှိတဲ့ ဝတ်စုံတွေဟာ မီရှဲအိုဘားမား ဝတ်တာ ထက် ပိုပြီးတော့ ပုရိသတွေကို ဆွဲဆောင်နိုင်ပါတယ်။ သူမရဲ့ ကျည်ကာအကျႌနဲ့ လေဒီရှူးတွေဟာ သဘာဝဘေးဒဏ် ခံနိုင်အောင် အထူး ဖန်တီးထားတယ် လို့ ဆိုပါတယ်။

(၄) မက်ရီဘန် အလီယီဗာ (Mehriban Aliyeva)

ကျက်သရေရှိပြီး လှပသူ အဇာဘိုင်ဂျန်နိုင်ငံသမ္မတကတော်ဟာ အသက် ၂၀ အရွယ် မိန်းကလေး တဦးလိုပါပဲ။ ဒါပေမယ့် တကယ်တော့ သူမ အသက်က ၅၃ နှစ် ရှိပါပြီ။ စံနမူနာ ယူလောက်ဖွယ် ဝတ်တတ်စားတတ်ခြင်းဟာ အိုမင်းရင့်ရော်တာကို ထိန်းဖို့ သော့ချက်မှန်း ဘယ်သူသိကြပါသလဲ။ အကွက်တွေ အစင်းတွေမပါဘဲ တရောင်တည်း ပြောင်သက်သက် ဝတ်တတ်တဲ့ တခြား ဖက်ရှင်ဒီဇိုင်းတွေလို ရှုပ်ယှက်ခတ်နေတဲ့ အလှထက် ပိုပြီးတော့ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုပါ ရှိနေပါသေးတယ်။ သူ့လိုမျိုး ဘယ်သူများ ဝတ်ရဲပါသလဲ။

(၅) ချန်တယ်ဘိုင်ယာ (Chantal Biya)

ခပ်ကြမ်းကြမ်း စတိုင်နဲ့ နေတတ်တဲ့ ချန်တယ်ဘိုင်ယာဟာ သူမရဲ့ မျက်ခုံးနဲ့ ဆံပင်ပုံစံတို့ကြောင့် မှတ်မိရ လွယ်ကူအောင် လှပသူ တဦးပါ။ ခေါင်းစည်းပဝါ အရောင်တောက်တောက်တွေ သုံးတတ်ပါတယ်။ သူ့ခေါင်းစည်း ပဝါကို ဖြုတ်လို့ မလွယ်ဘူး ထင်ရပါတယ်။ သူ့ဘာသာသူတော့ ဘယ်လိုဖြုတ်တယ် မသိပါဘူး။ သူမက ကင်မရွန်းသမ္မ Paul Biya ကတော်ပါ။

(၆) ရာနီးယားမိဖုရား (Queen Rania)

ဆွဲဆောင်မှု အကောင်းဆုံး စာရင်းထဲမှာ ချန်ထားလို့ မရတဲ့ သူတဦးကတော့ ဂျော်ဒန်ဘုရင်နဲ့ လက်ထပ်ထားတဲ့ မိဖုရား ရာနီယာပဲ (Queen Rania) ဖြစ်ပါတယ်။ သူ့ရဲ့ ပြီးပြည့်စုံအောင်လှတဲ့ ဆံကေသာက တခြားသူတွေထက် ပိုပြီး ကျက်သရေ ရှိနေတာ အမှန်ပါပဲ။ ရာနီယာဟာ သူ့ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ချဖြစ်မယ့် ဝတ်စုံကို ရွေးချုပ်တတ်ပြီး နန်းဆန်ဆန် ဝတ်ဆင်တတ် ပါတယ်။ မိရိုးဖလာ ဝတ်စားဆင်ယင်ပုံနဲ့ ရည်မွန်သွက်လက်တဲ့ သူ့ဟန်ပန်က အသွင်ဆန်းလေးပါ။

(၇) လဲတီဇီးယားဘုရင်မ (Queen Letizia)

စပိန်ဘုရင်မ (Queen Letizia) ဟာ သဘာဝကို ချစ်တတ်သူပါ။ ပန်းချီစုတ်ခွက်ထဲက အရောင်စုံတွေလို သူမရဲ့ ဝတ်စားဆင်ယင် ပုံက ချစ်စရာကောင်း ပါတယ်။ အနက်ရောင်ကို ခပ်ထင်းထင်းနဲ့ ခေတ်မီမီ အပိုင်းအစလေးတွေနဲ့ တွဲစပ်ဝတ်ဆင်တတ်ပါတယ်။ ဒီဝတ်စုံတွေက သူ့ဣနြေ္ဒနဲ့ လိုက်ဖက်ပြီးတော့ အပင်ပန်းခံ မပြင်ဘဲနဲ့ ကျက်သရေရှိနေတာပါ။ သရဖူဆောင်းတဲ့ အချိန်မှာ “ကမ္ဘာ့စတိုင်အကျဆုံး တော်ဝင်သူ” လို့ တယ်လီဂရပ်သတင်းဌာနက ညွှန်းဆိုပါတယ်။ အဲဒီညွှန်းတာ တကယ်မဟုတ်၊ မဟုတ် ပုံကြည့်ရင် သိနိုင်ပါတယ်။

(၈) အိန်ဂျယ်လီကာ ရီဗာရာ (Angelica Rivera)

မက္ကစီကိုနိုင်ငံက သမ္မတကတော်ဟာ ရုပ်သံသရုပ်ဆောင်၊ တေးသံရှင်နဲ့ မော်ဒယ်တယောက်ဖြစ်တယ် ဆိုတာ သင်သိပါသလား။ သူမဟာ အမြဲတမ်း အဝတ်အစားဒီဇိုင်းပြိုင်ပွဲတွေ ရောက်ရောက်နေတတ် ပါတယ်။ ဒါပေမယ့် ပြိုးပြိုးပြက်ပြက်နဲ့ လက်ဝတ် ရတနာတွေကို ဝတ်လေ့ဝတ်ထ နည်းပါတယ်။ ကြမ်းပြင် ဒရွတ်တိုက်တဲ့ ဝတ်ရုံရှည်တွေကိုလည်း ဆင်မြန်းတတ်ပါတယ်။ အိန်ဂျယ်လီကာ ရီဗာရာ (Angelica Rivera) ရဲ့ ဝတ်စားဆင်ယင်ပုံ အမြင်ဆန်းတာကြောင့် နှစ်လိုဖွယ်ရာကောင်းတဲ့ အမျိုးသမီးတဦး ဆိုတာ တွေ့မြင်နိုင်ပါတယ်။

(၉) ဂျူလီယာနာ ဧဝဒ် (Juliana Awad)

ယခုတင်ပြမယ့် လက်ဘနွန်-ဆီးရီယားကပြား စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးကိုလည်း First Lady စာရင်းမှာ ထည့်ရမှာပါ။ သူ့ခင်ပွန်းသည်ကတော့ အာဂျင်တီးနား သမ္မတ မာရီစီယိုမာကာရီ ဖြစ်ပါတယ်။ ဂျက်ကက် အကျႌ လက်ရှည်ကို အမြဲလိုလို ဝတ်ဆင်လေ့ရှိတဲ့ သူမရဲ့ ရုပ်ပုံလွှာက စတိုင်ကျကျ ဖမ်းစားနိုင်ပါတယ်။ ဂျက်ကက်လက်ရှည်နဲ့ သူ့ပုံစံဟာ ထုဆစ်ထားတဲ့ နတ်သမီး အရုပ်ကလေးလို အင်မတန်ကြည့်ကောင်းပါတယ်။ သူ စိတ်အခန့်မသင့်အခါ မျက်နှာနီမြန်းလာပုံကလည်း ကြည့်ကောင်းတယ် လို့ ဆိုပါတယ်။ ဘယ်အရောင်နဲ့ မဆို ဝတ်လိုက်တိုင်း အဆင်ပြေတဲ့ အမျိုးသမီးလို့ ပြောကြပါတယ်။

Ref: www.herbeauty.com

Loading