၁၉၈၃ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ G-SHOCK နာရီများဟာ လာမယ့် ၂၀၁၈ ခုနှစ်မှာ သက်တမ်း ၃၅ နှစ် ပြည့်မှာ ဖြစ်ပြီး ၃၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ထားတဲ့ 35th Anniversary Collection နာရီများကို ဈေးကွက်ထဲ မကြာမီ ရောင်းချတော့မယ်လို့ သိရပါတယ်။
G-Shock မှ ၂၀၁၈ ခုနှစ်မှာ ၃၅ နှစ်ပြည့်မယ့် G-Shock အကြိုဂုဏ်ပြုပွဲနဲ့ ၃၅ နှစ်ပြည့်အဖြစ် ထုတ်လုပ်ထားတဲ့ 35th Anniversary Collection များကို ဈေးကွက်ထဲ မချပြမီ G-Shock Collector (G-Shock နာရီ စုဆောင်းသူများ) ကို အရင်ဦးဆုံး မိတ်ဆက်ပေးခဲ့ပါတယ်။
G-Shock Collector Night 2017 ကို နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ “Pyrite Club” မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါပွဲကို မြန်မာပြည်အနှံ့မှ G-Shock Collector များနဲ့ မော်ဒယ်လ်များ၊ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
G-Shock နာရီများကို စတင်ထုတ်လုပ်ခဲ့တဲ့ အမြင်နဲ့အယူအဆကတော့ “လွတ်ကျရင်တောင် မကွဲနိုင်တဲ့ နာရီအား တီထွင်ရန်” ဆိုတဲ့ အချက်ကို အခြေခံထုတ်လုပ်ထားပြီး အကြမ်းခံနိုင်အောင်နဲ့ ရေစိုခံနိုင်အောင် အထူး ဖန်တီးထားတာ ဖြစ်ပါတယ်။ G-Shock နာရီက လူငယ်တွေကြားမှာ Street Wear Fashion အဖြစ် ရေပန်းစားပါတယ်။
ဒါ့အပြင် စွမ်းဆောင်ချက်များစွာ ပါဝင်တဲ့ G-Shock နာရီများက Fashion & Function Accessories များအဖြစ်လည်း လူကြိုက်များပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ G-Shock ဟာ ကမ္ဘာတဝန်းမှာ နာရီပေါင်း သန်းတရာကို ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီး သန်းတရာမြောက် အထိမ်းအမှတ်နာရီအဖြစ် နာရီရဲ့ ကျောဘက်မှာ 100,000,000 စာလုံးကို ထည့်ထွင်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
G-Shock Collector Night ကို ဖိတ်ကြားခံရတဲ့ Collector များဟာ ရန်ကုန်၊ ပဲခူး၊ ပဲနွယ်ကုန်း၊ မအူပင်၊ မန္တလး၊ သီပေါ၊ ကလေးမြို့များမှ Collector ဖြစ်ပြီး မြန်မာနိုင်ငံမှ Collector များကို နိုင်ငံတကာနဲ့ တန်းတူ နောက်ဆုံးပေါ် ဒီဇိုင်းဆန်းများ ဝတ်ဆင်နိုင်အောင် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ G-Shock Collection များ အစုံအလင်ရရှိနိုင်တဲ့ G-Factory ဆိုင် ၇ ဆိုင် ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။