စင်ကာပူအခြေစိုက် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်အဆင့် Pan Pacific Yangon Hotel ကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာတည်ရှိတဲ့ Junction City ဧရိယာမှာ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်လိုက်ပါတယ်။
ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ တည်နေရာ ဗိုလ်ချုပ်ဈေးအနီး၊ ရွှေတိဂုံဘုရားလမ်းမပေါ်မှာ တည်ရှိတဲ့ Pan Pacific Yangon ဟိုတယ်က အခန်းပေါင်း ၃၃၆ ခန်း ပါဝင်ပြီး အထပ်မြင့် ၂၅ ထပ် ရှိတယ်လို့ သိရပါတယ်။
ရင်သပ်ရှုမောဖွယ် ရန်ကုန်မြို့အလှကို Sky Lobby မှာရှိတဲ့ TEAK Bar ကနေ တဆင့် ကြည့်ရှုခံစားနိုင်သလို ရန်ကုန်မြို့ရဲ့ Sun Set, Sun Rise (နေထွက်၊ နေဝင်ချိန်) အလှများကိုလည်း Pan Pacific ဟိုတယ်ရဲ့ အမြင့်ဆုံးနေရာ မြင်ကွင်းကျယ် များကနေ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
“လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို နိုင်ငံတကာအဆင့်မီ လူမှုဘဝနေထိုင်မှု၊ စိတ်လှုပ်ရှား ပျော်ရွှင်မှုပေးတဲ့ Junction City Shopping Center၊ Grade A အဆင့်ရှိတဲ့ ရုံးခန်းနေရာတွေနဲ့ ကြယ်ငါးပွင့်အဆင့်ဟိုတယ်တို့ကို အခုလို ဖော်ဆောင် လုပ်ကိုင်နိုင်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်” လို့ Shwe Taung Real Estate ရဲ့ CEO ဖြစ်သူ ဒေါက်တာ စန္ဒာထွန်းက ပြောပါတယ်။
ဟိုတယ်မှာရှိတဲ့ အခန်းအမျိုးအစားများကတော့ Deluxe Room, Premier Corner King Room, Premier Studio King Room, Junior Suite, Premier Suite စသဖြင့် အစားစားရှိပြီး ဈေးနှုန်းများက တညတည်းခိုခွင့် အမေရိကန်ဒေါ်လာ ၁၇၅ ဒေါ်လာကနေ ၃၃၅ ဒေါ်လာအထိ အစားစား ရှိပါတယ်။
ဟိုတယ်မှာ အမြင့်ဆုံး အခန်းအမျိုးအစားများက Pacific Club Rooms and Suites များဖြစ်ပြီး Pacific Club Room, Pacific Club Studio King Room, Pacific Club Junior Suite, Pacific Club Premier Suite, Presidential Suite စတဲ့ အမျိုးအစား ၅ မျိုးမှာ ဈေးနှုန်းများက တညတည်းခိုခွင့် အမေရိကန်ဒေါ်လာ ၂၄၅ ဒေါ်လာကနေ ဒေါ်လာ ၄၀၀ ကျော် အထိ အစားစားရှိတယ်လို့ သိရပါတယ်။
အမြင့်ဆုံး အထပ်မြင့်၂၅ ထပ်မှာရှိတဲ့ Pacific Club Rooms and Suites အခန်းများမှာ တည်းခိုမယ့် ဧည့်သည်များက Breakfast ကို ရန်ကုန်မြို့အလှကို အပေါ်စီးကနေ မြင်ကွင်းကျယ် မြင်နေရတဲ့ သီးသန့် Pacific Club Lounge မှာ စားသုံးနိုင်ပြီး Meeting ခန်းများကိုလည်း အဆိုပါ အထပ်မှာတင် အခမဲ့ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
ဟိုတယ်က ကြယ်ငါးပွင့်အဆင့်ဖြစ်တာနဲ့ အပန်းဖြေအနားယူ Relax လုပ်နိုင်မယ့် St Gregory Spa နဲ့ Fitness Center ၊ ရွှေတိဂုံဘုရားနဲ့ Trinity Church ဘုရားကျောင်း မြင်ကွင်းတို့ကို မြင်နေရတဲ့ Infinity Swimming Pool၊ နိုင်ငံတကာ အဆင့်မီ စားသောက်ဖွယ်ရာများ ဘူဖေး ရနိုင်တဲ့ “SAAN All-Day-Dining Restaurant”၊ တရုတ်အစားအစာများ အစုံအလင်ရတဲ့ “Hai Tien Lo- Cantonese” စတဲ့ စားသောက်ဆိုင်များ ပါရှိပါတယ်။
SAAN All-Day-Dining Restaurant မှာ ဒီဇင်ဘာလအတွက် အထူးအစီအစဉ်တခု ရှိပါတယ်။ ဒီဇင်ဘာလအတွင်း ဒီဇင်ဘာလ၂၃ ရက်နေ့အထိ မိသားစုများ၊ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေများနဲ့ International Buffet Dinner သွားစားမယ်ဆိုရင် ၄ ယောက်လာစားလျှင် ၃ ဦးစာပဲ ပေးရမယ့် အထူးအစီအစဉ်ပါ။
SANN Restaurant က Pan Pacific Yangon ဟိုတယ်ရဲ့ ၆ လွှာမှာ တည်ရှိပြီး International Buffet Dinner တဦးကို အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာ (Buffet with Coffee & Tea) နဲ့ တဦးကို အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာ (Buffet with Free Flow Drinks) ဆိုပြီး နေ့စဉ် ညနေ ၆ နာရီကနေ ည ၁၀ နာရီထိ သွားရောက် စားသုံးနိုင်ပါတယ်။
Pan Pacific Yangon ဟိုတယ် ဖွင့်လှစ်ခြင်းနဲ့အတူ Junction City Phase 1 ဟာ အောင်မြင်စွာ ဆောက်လုပ်ပြီးစီးပြီး လုပ်ငန်းများ လည်ပတ်လျက်ရှိသလို Junction City Phase 2 ကိုလည်း ၂၀၁၈ ခုနှစ်မှာ စတင် ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။
Pan Pacific Hotel Group က ရန်ကုန်မြို့မှာရှိတဲ့ Park Royal Yangon နဲ့ နေပြည်တော်မှာရှိတဲ့ Park Royal Nay Pyi Taw ဟိုတယ်တို့ကိုလည်း တာဝန်ယူစီမံခန့်ခွဲ လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။
ဆက်စပ်ဖတ်ရှုရန် – Saan All-Day-Dining Restaurant ရဲ့ ဒီဇင်ဘာ အထူးအစီအစဉ်