“ပညာရေး” ဆိုတဲ့ စကားလုံးဟာ လက်တင်ဘာသာ စကား educare မှ လာတာဖြစ်ပြီး အဓိပ္ပာယ်က “ဦးဆောင်ဦးရွက် ပြုခြင်း” သို့မဟုတ် “ရှေ့ဆောင်လမ်းပြခြင်း” ဆိုတဲ့ သဘောဆောင်ခဲ့ပါတယ်။ အခု အခါမှာတော့ မူရင်းအဓိပ္ပာယ် သဘောထက် “မွေးရာပါ အခြေအနေ၊ စွမ်းရည်ထက် ပိုမိုတိုးတက် ဖွံ့ဖြိုးလာအောင် ပြုလုပ်ခြင်း” ဆိုတဲ့ ခေတ်သစ်ပညာရေးရဲ့ သဘောတရား အဖြစ် ပြောင်းလဲ လာပြီ ဖြစ်ပါတယ်။
ပညာရေးကို အရှင်းဆုံးဖွင့်ဆိုရရင် ပညာရေးဆိုတာ စိတ်ကူးတွေ၊ စွမ်းဆောင်နိုင်ရည်တွေ၊ ကိုယ်ကျင့်တရားတွေ စတာတွေကို သင်ကြားပေးတာ ဖြစ်ပါတယ်။ အလားတူ “အသိဉာဏ်ရှိခြင်း၊ အသိဉာဏ်ကို အသုံးချတတ်ခြင်း” ဟာ ပညာရဲ့ တန်ဖိုးဖြစ် သကဲ့သို့ လူသားရဲ့ “ယဉ်ကျေးမှုဖြစ်စဉ်” လို့လည်း ဖြစ်ပါတယ်။
ကိုယ်ကျင့်တရား၊ စွမ်းဆောင်ရည်နဲ့ လုပ်ငန်းခွင် ပညာရေး
၁၉၉၄ ခုနှစ်က ဂျာမနီနိုင်ငံ ဘာလင်ရှိ Freie တက္ကသိုလ်ကျောင်း အုပ်ကြီး Dieter Lenzen ပြောသွားတဲ့ စကားတခွန်းမှာ “ပညာရေးသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက စတင်ခဲ့ပြီး ၁၇၇၀ ပြည့်နှစ်တွင် ပြီးဆုံးသွားသည်” လို့ ပြောခဲ့ဖူးပါတယ်။ ဘာကြောင့်ပါလဲ။ Lenzen ရဲ့ ဆိုလိုရင်းက ပညာရေးဆိုတာ သိပ္ပံပညာရပ် တခုဖြစ်ပြီး ယခင်ရှိပြီးသား သတ်မှတ်ချက်တွေထက် နောက်ထပ် မချဲ့ကားနိုင်တော့ရင် ပြီးဆုံးသွားတဲ့ သဘောလို ဆိုလိုတာပါ။
ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ အသုံးပြုနေကြတဲ့ အခြေခံပညာရေး စနစ်ဟာ “လူ့ဘောင်နဲ့ ကင်းကွာ၍မရသော၊ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနေရသည့် ပညာရေး ဖြစ်စေရန်၊ ကျွမ်းကျင်တတ်မြောက်မှုကို အခြေခံသည့်ပညာရေးစနစ်ဖြစ်ရန် လိုသည်” ဆိုတဲ့ အချက်က ခိုင်မာပါလာပါတယ်။
ခေတ် စံနစ်နဲ့ အညီ
ဒီမိုကရေစီ လမ်းကြောင်းပေါ် ဦးတည်နေတဲ့ မြန်မာနိုင်ငံဟာလည်း အခုဆိုရင် နိုင်ငံတကာနဲ့ ရင်းနှီးဆက်နွယ်ပြီး အတူပူးတွဲ လုပ်ဆောင်ရမယ့် အနေအထားတွေ ဖြစ်လာနေပြီ ဖြစ်ပါတယ်။ ပညာနဲ့ ကိုယ်ကျင့်တရားကို အလေးထားမှု အားနည်းခဲ့တဲ့ ခေတ်တွေရဲ့ အလွန်မှာ ပညာ၊ ကိုယ်ကျင့်တရားနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပါ ရနိုင်တဲ့ ပညာရေး အားပေးမြှင့်တင်မှုတွေ လိုအပ်နေပြီ ဖြစ်ပါတယ်။
SCG ရဲ့ internship အစီအစဉ်များအကြောင်း
အဆိုပါ ကွက်လပ်ကို ဖြည့်ဆည်းဖို့ SCG အနေနဲ့ SCG Excellent Internship Program ၊ SCG Co-Operative Education Program နဲ့ SCG internship programs စတဲ့ အစီအစဉ်တွေနဲ့ အားပေးနေပါတယ်။ အဲဒီ Internship တွေကို တက္ကသိုလ် တခုခုမှာ ဘာသာရပ် တခုနဲ့ အထူးပြု တက်ရောက်နေသူ ကျောင်းသူကျောင်းသားများ တက်ရောက်နိုင်ပါတယ်။
SCG Excellent Internship Program
ဒီ သင်တန်း အတွက် နှစ်စဉ် စက်တင်ဘာ ကနေ နိုဝင်ဘာလ အတွင်း လျှောက်ထားနိုင်တယ်၊ ထိုင်းနိုင်ငံနှင့် အာဆီယံ နိုင်ငံတွေက ကျောင်းသားကျောင်းသူ သင်တန်းသားတွေ အတွက် ဖြစ်တယ်၊ သင်တန်းသား အနေနဲ့ ထိုင်းနိုင်ငံ တက္ကသိုလ် တခုခုမှာ တက်ရောက်နေတဲ့ တတိယနှစ် ကျောင်းသူ/ ကျောင်းသားဖြစ်ရပါမယ်၊ semester ၄ ကြိမ်နဲ့ ၅ ကြိမ်တွေရဲ့ ရမှတ်က GPA 3.00 ရရှိရမယ်၊ အင်ဂျင်နီယာ၊ စာရင်းကိုင်ပညာ၊ marketing ပညာ ဒါမှမဟုတ် လူ့စွမ်းအား အရင်းအမြစ် ထိန်းသိမ်းရေး စတဲ့ ဘာသာရပ်တွေကို စိတ်ဝင်စားသူ ဖြစ်ရပါမယ် လို့ သိရပါတယ်။
သင်တန်းရဲ့ ရည်ရွယ်ချက်က ကျောင်းသူ/ ကျောင်းသား သင်တန်းသေားတွေ အတွက် လက်တွေ့သင်ကြားမှု အစီအစဉ်တွေ၊ လက်တွေ့ သင်ခန်းစာတွေက သူတို့ရဲ့ တကယ့်ဘဝရဲ့ လုပ်ငန်းခွင်မှာ အထောက်အကူပြုစေဖို့၊ ဖန်တီးပေါင်းယူဖို့ အားကောင်းစေဖို့၊ တီထွင်ဆန်းသစ်တဲ့ အတွေးစိတ်ကူးနဲ့ ပေါင်းဆင့် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။