မကြာခင် ကျရောက်လာတော့မယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့၊ ချစ်သူများနေ့ “Valentine’s Day” က တဖြည်းဖြည်း နီးကပ်လာပါပြီ။ Valentine’s Day မှာ ကိုယ့်ချစ်သူကို ချောကလက်ပေးတာ၊ ပန်းစည်းပေးတာ၊ ဆင်တူအကျႌဝတ်ပြီး လျှောက်လည် ကြတာတွေက ရိုးနေပြီဆိုရင် အသစ်အဆန်းလည်းဖြစ်၊ ဒီထက် ပိုပျော်စရာကောင်းမယ့် အိုင်ဒီယာ အသစ်အဆန်း လေးတွေ ရှိပါတယ်။
Valentine’s Day မှာ ချစ်သူနဲ့အတူတူ အမှတ်တရတွေ ဖန်တီးဖို့ အဲဒီနေ့ကို ဘယ်လို ဖြတ်သန်းရင် ကောင်းမလဲဆိုတာ စာဖတ်ပရိသတ်တွေ အတွက် ဧရာဝတီကနေ အကြံပြု ရေးသားလိုက်ပါတယ်။
(၁) ချစ်သူနဲ့ အတူ အသဲပုံ ကိတ်တွေ ပုံဖော် လုပ်မယ်
Pizza, Stawberry Pie, Cupcakes လေးတွေကို ကိုယ့်ချစ်သူနဲ့ အတူတူလုပ်ရင်း အသည်းပုံလေးတွေ ပုံဖော်ကြည့်ပါလား။ အလွယ်တကူ လုပ်နိုင်မယ်။ နှစ်ယောက်အတူ လုပ်ရလို့ ပျော်စရာကောင်းတဲ့ အစီအစဉ်လေး ဖြစ်မှာပါ။ လုပ်ထားတဲ့ အသဲပုံ မုန့်လေးစားရင်း Romantic ဆန်ဆန် ဖြတ်သန်းနိုင်ပြီပေါ့။
(၂) ဝိုင်အတူတူ သောက်ပြီး စကားစမြည် ပြောမယ်
ဝိုင်တခွက် သောက်ရင်း အရင်ကမပြောဖြစ်ခဲ့တဲ့ ရှေးဟောင်းနှောင်းဖြစ် အကြောင်းအရာလေးတွေ ထိုင်ပြောကြတာလည်း ကြည်နူးစရာပါ။ တခါတလေ တယောက်နဲ့ တယောက် နေ့တိုင်းတွေ့ဖြစ်တာတောင် စကားမစပ်မိလို့ မပြောဖြစ်သေးတဲ့ အကြောင်းအရာလေးတွေ ကျန်နေတတ်ပါတယ်။ ဒီလို အခွင့်အရေးရတုန်း ဝိုင်လေး သောက်ရင်း စကားစမြည် ပြောကြည့်လိုက်ပါ။
(၃) အမှတ်တရ Love Letter ပေးကြမယ်
တယောက်ကို တယောက် ဘယ်လောက်ချစ်ကြောင်း နှုတ်ကနေပဲ ထုတ်ဖော်ပြောနေတာထက် Love Letter လေး ချရေး ကြည့်တာကလည်း ကြည်နူးစရာ ကောင်းပါတယ်။ ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း Valentine’s Day မှာ မေတ္တာစာ အပြန်အလှန်ရေးကြည့်ပါ။
ချစ်သူနှစ်ယောက်ရဲ့ အမှတ်တရ အဖြစ်ဆုံး နေရာတွေကိုရွေးပြီး အရင်ချိန်တွေကို ပြန်ခံစားကြည့်ပါ။ အဖြေ ပြန်ပေးတဲ့ နေ့ကအတိုင်း ပြန်လုပ်ကြည့်တာမျိုး၊ ကိုယ့်မွေးနေ့ Surprise လုပ်တဲ့ ပုံစံမျိုးအတိုင်း ပြန်ခံစားနိုင်ဖို့ ကိုယ်တိုင်ပဲ Valentine Day မှာ အစီအစဉ်ပြန်ဆွဲလိုက်ပါ။
(၄) အိမ်မှာ အစားအသောက်တွေ အတူတူ ချက်မယ်
အဲဒီနေ့မှာ အပြင်မထွက်ဘဲ အိမ်မှာပဲ နှစ်ယောက်လုံး အကြိုက်တူမယ့် အစားအသောက်တွေ ချက်စားကြရင်ရော ဘယ်လိုလဲ။ မီးဖိုချောင်မှာ တယောက်လိုအပ်တာ တယောက်က ကူညီရင်း ပျော်ပျော်ပါးပါး ဟင်းချက်စားတာလည်း အမှတ်ရစရာတစ်ခုပါ။
(၅) Handmade ပစ္စည်းတွေ အမှတ်တရပေးမယ်
Valentine’s Day မှာ ဆိုင်တွေမှာ အသင့်လုပ်ပြီးသား လက်ဆောင်တွေ ပေးတာထက် ကိုယ်တိုင်လက်နဲ့ လုပ်ထားတဲ့ handmade ပစ္စည်းလေးတွေကလည်း အဓိပ္ပာယ်ပိုလေးနက်သလို ချစ်သူဆီကလည်း ချစ်ခြင်းမေတ္တာ ပိုရစေပါတယ်။
သီချင်းဆိုရတာ ဝါသနာတူကြတယ်ဆိုရင် အဲဒီနေ့ကို အကြိုက်ဆုံး အချစ်သီချင်းလေးတွေ အတူတူသွားဆိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေနော်။
Ref: Country Living