Trend

လုပ်ငန်းခွင်မှာ ပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းနိုင်မယ့် နည်းလမ်း ၅ ခု

Want create site? Find Free WordPress Themes and plugins.

မနက် အလုပ်သွားတဲ့အခါ လန်းဆန်းတက်ကြွတဲ့ ခြေလှမ်းတွေနဲ့ အမြဲသွားနိုင်တဲ့သူ ရှားပါလိမ့်မယ်။ ရုံးဝန်းထမ်း  တော်တော်များများက မနက်ဘက်ဆို နှိုးစက်သံနဲ့ အိပ်ရာနိုး၊ မနက်စာတာတောင် မစားနိုင်ပဲ ရုံးကို ကတိုက်ကရိုက် ပြေးကြရတာ သံပတ်ပေးထားတဲ့ စက်ရုပ်တွေနဲ့တောင် တူပါတယ်။

တနေ့တာရဲ့ သုံးပုံတပုံလောက်ကို အလုပ်ခွင်ထဲမှာပဲ နစ်မြှုပ်ထားရလို့ တပတ်ကို အနည်းဆုံး အလုပ်ချိန် နာရီ ၄၀ ကနေ ၅၀ လောက်က အလုပ်ထဲမှာ ကုန်ဆုံးရပါတယ်။ ဒီလောက်အချိန်တွေ ပေးထားရတဲ့ အလုပ်ခွင်မှာ စိတ်ညစ်ညစ်နဲ့ နေ့စဉ် ဖြတ်သန်းနေရမှာထက် စိန်ခေါ်မှုတွေ၊ အတူပူးပေါင်း လုပ်ဆောင်မှုတွေ၊ စိတ်အားတက်ကြွစရာတွေနဲ့ ကုန်ဆုံးသင့်တာပါ။

ဒါဆိုရင် အလုပ်ခွင်မှာ ပျော်ရွှင်တက်ကြွနေအောင် ဘယ်လို ဖြတ်သန်းရမလဲ ဆိုတဲ့ နည်းလမ်းတွေ စာဖတ်ပရိသတ်တွေ သိနိုင်အောင် မျှဝေ ရေးသားလိုက်ပါတယ်။

(၁) လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင်နေပါ

ကိုယ့်ဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင်နေပါ။ အမြဲ အလုပ်အတူ တွဲလုပ်နေသူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမှလည်း သင်ဒီအလုပ်ခွင်မှာ ပျော်မွေ့မှာပေါ့။ အချင်းချင်း အလုပ်တွေအတူ ခွဲဝေလုပ်ရင်း ဆက်ဆံရေးကောင်းကို ဖန်တီးပါ။

လုပ်ငန်းခွင်မှာ ပျော်ရွှင်တက်ကြွစေမယ့် နည်းလမ်းများ (ဓာတ်ပုံ – shutterstock, google)

(၂) အလုပ်ကို ပိုလုပ်မပြဘဲ ပုံမှန်ပဲ ကြိုးစားလုပ်ကိုင်ပါ

အထက်အရာရှိ သဘောကျအောင် အလုပ်တွေ အတင်းလုပ်ပြနေစရာ မလိုပါဘူး။ မခိုင်းတာတွေရော၊ ခိုင်းတာတွေရော အကုန်သိမ်းကျုံး လုပ်ပြနေတာထက် အမှန်တကယ် လုပ်ပြရမယ့်အလုပ်တွေကို စိတ်နှစ်ပြီး သေချာလုပ်ပါ။ လုပ်ရမယ့် တာဝန်ကို သေချာလုပ်ပြရင် ဘယ်အထက် အရာရှိမဆို သတိထားမိပါတယ်။ ကိုယ့်ကို ဂရုစိုက်မိအောင် အပိုတွေ လုပ်ပြနေတော့ ကြာလာရင် အလုပ်တွေ မနိုင်မနင်းဖြစ်ပြီး စိတ်ဖိစီးမှု များလာပါလိမ့်မယ်။

(၃) အတင်းအဖျင်း ကိစ္စတွေမှာ ဝင်မပါပါနဲ့

လုပ်ငန်းခွင်က အရေးကိစ္စတွေကို စပ်စပ်စုစု မပါပါနဲ့။ အလုပ်နဲ့ ပတ်သက်တဲ့ အတင်းအဖျင်းကိစ္စတွေကို လိုက်ပြီး နားထောင်တာ၊ ကိုယ်ပါရောပြီး အတင်း လိုက်ပြောနေတာက သင့်ကြိုးစားမှုတွေကိုတောင် ဖုံးလွှမ်း သွားနိုင်ပါတယ်။ အလုပ်ထဲမှာ ဘယ်လောက်ပဲ ကြိုးစားပြပြ ဒီလိုအတွင်းရေး ကိစ္စတွေမှာ ဝင်ပါမိရင် ကောင်းကျိုးမရှိပါဘူး။ ဒါကြောင့် နေ့ခင်းဘက် အားလပ်ချိန်တွေမှာ လုပ်ငန်းခွင် အတွင်းရေးနဲ့ မဆိုင်တဲ့ ပြင်ပကိစ္စတွေပဲ စကားစမြည်ပြောပါ။

လုပ်ငန်းခွင်မှာ ပျော်ရွှင်တက်ကြွစေမယ့် နည်းလမ်းများ (ဓာတ်ပုံ – shutterstock, google)

(၄) အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ မျှအောင်နေပါ

ကိုယ်လုပ်နေတဲ့ အလုပ်မှာ ပျော်ဖို့ဆိုရင် တခြားအချိန်တွေမှာလည်း စိတ်ချမ်းသာနေဖို့ လိုပါတယ်။ အလုပ်တခုထဲပဲ နစ်မြှုပ်ထားစရာ မလိုသလို ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်လည်းပဲ အလုပ်ချိန်ကို မထိခိုက်သင့်ပါဘူး။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ အချိန်ကို မျှတနေဖို့ အရေးကြီးပါတယ်။

(၅) အလုပ်ကို ဝတ်မယ့် ဝတ်စုံကို ကြိုပြင်ဆင်ပါ

အလုပ်ကို နေ့စဉ်ဝတ်မယ့် အဝတ်အစား၊ ဒီဇိုင်းကလည်း အရေးကြီးပါတယ်။ ရုံးသွားခါနီးမှ ကြုံရာဆွဲယူ ဝတ်သွားတာထက် ဘယ်နေ့၊ ဘာဝတ်မယ်ဆိုတာ ကြိုတင်ပြင်ဆင်ထားဟာ သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိစေပါတယ်။

Ref: Shine

Did you find apk for android? You can find new Free Android Games and apps.
Loading