• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အချက် ၂၅ ချက်

by မစ်ကီ
14 February 2018
in Trend
A A
ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ  / list25.com

ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ / list25.com

15.5k
VIEWS
Share on FacebookShare on Twitter

Valentine’s Day ဆိုတဲ့ “ချစ်သူများနေ့”ကို နှစ်စဉ်နှစ်တိုင်း ကျင်းပကြပါတယ်။ ဒါပေမယ့် အဲဒီ ချစ်သူများနေ့ ဆိုတာ ဘယ်ကနေ ပေါ်ပေါက်လာတာလဲ၊ ဘယ်လို နာမည်ကြီးလာတာလဲ၊ အမြဲတမ်း အချစ်နဲ့ ပျော်ရွှင်တဲ့ ခံစားချက်တွေ အကြောင်းပဲလား။

အခုရေးသားဖော်ပြပေးမှာက ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အချက် ၂၅ ချက်ဖြစ်ပြီး အဲဒီ အချက်တွေထဲမှာ “သွေးစွန်းခဲ့တဲ့ မူရင်းဇာတ်လမ်း တပုဒ်” ကနေ ဒီကနေ့ခေတ် “ချိုသာ၊ ချောကလက်ဆန်တဲ့ ယဉ်ကျေးမှုတွေ အကြောင်း” မြင်တွေ့ရမှာဖြစ်ပါတယ်။

RelatedPosts

SpaceX ဒုံးပျံစမ်းသပ်မှု အာကာသခရီးသွားလုပ်ငန်းအတွက် အလွန်အရေးပါ

SpaceX ဒုံးပျံစမ်းသပ်မှု အာကာသခရီးသွားလုပ်ငန်းအတွက် အလွန်အရေးပါ

15 October 2024
2k
အီလွန်မတ်စ် က ထရမ့်ကို ထောက်ခံပေမယ့် သူ့ ဝန်ထမ်းတွေကတော့ ဟဲရစ်ပဲတဲ့

အီလွန်မတ်စ် က ထရမ့်ကို ထောက်ခံပေမယ့် သူ့ ဝန်ထမ်းတွေကတော့ ဟဲရစ်ပဲတဲ့

22 September 2024
1.4k
အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး ညီလာခံ နိုဝင်ဘာမှာ ကျင်းပဖို့ စီစဉ်နေ

အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး ညီလာခံ နိုဝင်ဘာမှာ ကျင်းပဖို့ စီစဉ်နေ

21 September 2024
434

(၁) ချစ်သူများနေ့ ပေါ်ပေါက်လာပုံနဲ့ ပတ်သက်တဲ့ လူသိအများဆုံး သီအိုရီကတော့ စစ်အတွင်းကာလမှာ ရောမအမျိုးသား တွေကို ဧကရာဇ်ကြီး Claudius II က လက်မထပ်စေချင်တဲ့ အကြောင်းဖြစ်ပါတယ်။ ဘုန်းတော်ကြီး Valentine က ဧကရာဇ်ကြီးရဲ့ ဆန္ဒတွေကို ဆန့်ကျင်ပြီးတော့ လျှို့ဝှက် လက်ထပ်ပွဲတွေကို ကျင်းပ ပေးခဲ့ပါတယ်။ အဲဒီအတွက် ဘုန်းတော်ကြီးဟာ ထောင်ချခံရပြီး ကွပ်မျက်ခံခဲ့ရပါတယ်။ ထောင်မှူးရဲ့ သမီးဖြစ်သူထံကို ထောင်ထဲကနေ သူရေးခဲ့တဲ့ စာထဲမှာ “from your Valentine”(Valentine ဆီမှ) လို့ လက်မှတ် ရေးထိုးထားခဲ့ရာက “ချစ်သူများနေ့” စတင်လာတယ်လို့ဆိုကြပါတယ်။

(၂) ဝိတိုရီယခေတ်မှာတော့ ချစ်သူများနေ့ကဒ်မှာ လက်မှတ်ထိုးရင် ကံဆိုးတယ်လို့ ယူဆကြပါတယ်။

(၃) အသေးစိတ်စာရင်းဇယားတွေအရ ချစ်သူများနေ့မှာ ကမ္ဘာပေါ်က အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင် ၃ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို လက်ဆောင်တွေ ပေးကြတယ်လို့ ဆိုပါတယ်။

(၄) တနှစ်မှာ ချစ်သူများနေ့ကဒ်တွေ တစ်ဘီလီယံလောက် လဲလှယ်ကြပါတယ်။ တနှစ်အတွင်းမှာ ဒုတိယမြောက် အကြီးမားဆုံး ပွဲတော်ရာသီဆိုင်ရာ ကဒ်လဲလှယ်ပေးပို့မှု ဖြစ်ပါတယ်။

(၅) တကယ်လို့ ချစ်သူများနေ့ကို ကျနော်တို့ဟာ Single (တကိုယ်တည်းသမား) အနေနဲ့ ဖြတ်သန်းရမယ် ဆိုရင်လည်း ချစ်သူများနေ့အစား Singles Awareness Day (တကိုယ်တည်းသမားများ အတွက်နေ့) ကို ကျင်းပနိုင်ပါတယ်။

ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ (ဓာတ်ပုံ – list25.com)

(၆) ချစ်သူများနေ့ရဲ့ အခြားအဓိပ္ပာယ် တခုကတော့ အဲဒီနေ့မှာ တကိုယ်တည်း သမားတွေလည်း ဆင်နွှဲနိုင်ပြီး ကိုယ့်ဟာ တကိုယ်တည်းသမား (Single) ဖြစ်တယ်ဆိုတဲ့အကြောင်း ကြေညာမောင်းထု နိုင်ပါသေးတယ်။

(၇) ဖင်လန်နိုင်ငံမှာတော့ ချစ်သူများနေ့ကို Ystävänpäivä (သူငယ်ချင်းများနေ့) လို့ ခေါ်ဆိုပါတယ်။ ကျနော်တို့ ချစ်မြတ်နိုးရတဲ့သူတွေထက် ရင်းနှီးတဲ့သူငယ်ချင်းတွေကို ပိုသတိတရရှိရမယ့်နေ့လည်း ဖြစ်ပါတယ်။

(၈) အလယ်ခေတ်မှာ X သင်္ကေတဟာ အနမ်းဆိုတဲ့ စကားရပ်ကို ကိုယ်စားပြုခဲ့တယ်လို့ လူတော်တော်များများ က ယုံကြည်ကြပါတယ်။ လူတယောက်ရဲ့ အရှေ့မှာ လက်မှတ်ထိုးတဲ့အခါ ကိုယ့်နာမည်ကိုယ် မရေးချင်တဲ့ သူတွေက X ဆိုပြီး လက်မှတ်ရေးထိုးကြပါတယ်။ အဲဒီ X သင်္ကေတဟာ သူတို့ရဲ့ ရိုးသားမှုကိုဖော်ပြဖို့ နမ်းလေ့ ရှိကြတယ်လို့ဆိုပါတယ်။

(၉) အလယ်ခေတ်က အမျိုးသမီးတွေဟာ ချစ်သူများနေ့မှာ အနာဂတ်ခင်ပွန်းလောင်းကို အိပ်မက်မက်စေဖို့ အထူးအဆန်း အစားအစာတွေကို စားကြတယ်လို့ ဆိုပါတယ်။
(၁၀) လူငယ်အမျိုးသားတွေနဲ့ အမျိုးသမီးတွေကတော့ သူတို့ရဲ့နာမည်တွေကို ပန်းကန်လုံးထဲကနေ နှိုက်ယူပြီး ချစ်သူဖြစ်လာမယ့် သူကို ရွေးချယ်ကြပါတယ်။ ပြီးတော့ သူတို့ချစ်သူရဲ့ နာမည်ကို အကျႌလက်မောင်းမှာ ပင်အပ်နဲ့သီပြီး လူတိုင်းမြင်နိုင်ဖို့ ချိတ်ဆွဲထားကြပါတယ်။

(၁၁) ၁၅၃၇ ခုနှစ်မှာ အင်္ဂလိန်နိုင်ငံရဲ့ ဘုရင်ဟင်နရီ ၇ က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဟာ သူတော်စင်ကြီး ဗော်လင်းတိုင်းရဲ့ နေ့ဖြစ်ပြီး ပိတ်ရက်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

(၁၂) ၁၈၀၀ ပြည့်လွန်နှစ်တွေမှာ သမားတော်တွေဟာ အသည်းကွဲတဲ့အခါ စိတ်ငြိမ်စေဖု့ိ ချောကလက်စားဖို့ သူတို့ရဲ့ လူနာတွေကို အကြံပေးလေ့ရှိပါတယ်။

(၁၃) ၁၈၀၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ ချစ်သူများနေ့အတွက် ပထမဆုံးချောကလက်သေတ္တာကို Richard Cadbury ကထုတ်လုပ်ခဲ့ပါတယ်။

(၁၄) အသည်းပုံ ချောကလက်ဘူး ၃၅ သန်းကျော်ဟာ ချစ်သူများနေ့မှာ ရောင်းချရပါတယ်။

(၁၅) ချစ်သူများနေ့မှာ ပန်းဝယ်ယူကြတဲ့သူ ၇၃ ရာခိုင်နှုန်းဟာ အမျိုးသားတွေ ဖြစ်ကြပြီး ၂၇ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

(၁၆) အမေရိကန်နိုင်ငံက အမျိုးသမီး ၁၅ ရာခိုင်နှုန်းဟာ ချစ်သူများနေ့မှာ သူတို့အချင်းချင်း ပန်းတွေ ပေးပို့ ကြပါတယ်။

(၁၇) အမေရိကန်နိုင်ငံက ချစ်သူများနေ့မှာ ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိတဲ့ ချောကလက်တွေကို ရောင်းချ ရပါတယ်။

(၁၈) ပေးပို့သူရဲ့ နှစ်လိုဖွယ်တွေကို ဝေမျှတဲ့ ချစ်သူများနေ့ကဒ် ၅၀ ရာခိုင်နှုန်းကျော်ဟာ အဲဒီနေ့မရောက်ခင် ၆ ရက် အလိုမှာ ရောင်းချရတာဖြစ်ပါတယ်။

(၁၉) အနီရောင်နှင်းဆီကတော့ ရောမအချစ်နတ်ဘုရားမ ဗီးနတ်စ်ရဲ့ အကြိုက်ဆုံးပန်းဖြစ်ပါတယ်။

(၂၀) နှင်းဆီနီးတွေကို အချစ်ပန်းလို့ တင်စားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အနီရောင်ဟာ ခိုင်မာတဲ့ အချစ် ခံစားချက်ဆိုတဲ့ အဓိပ္ပာယ်ရလို့ဖြစ်ပါတယ်။

ချစ်သူများနေ့နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ (ဓာတ်ပုံ – list25.com)

(၂၁) အမေရိကန်နိုင်ငံက ချစ်သူများနေ့မှာ နှင်းဆီခိုင် ၁၈၉ သန်း ရောင်းချရပါတယ်။

(၂၂) အမျိုးသမီးတွေဟာ ချစ်သူများနေ့မှာ လက်ဆောင်တွေအားလုံးရဲ့ ခန့်မှန်းချေ ၈၅ ရာခိုင်နှုန်းကို ဝယ်ယူကြပါတယ်။

(၂၃) ဆရာ၊ ဆရာမတွေဟာ ချစ်သူများနေ့ ကဒ်တွေကို အများဆုံး လက်ခံရရှိပြီး အဲဒီနောက်မှာတော့ ကလေး၊ မိဘတွေ၊ ဇနီးတွေ၊ ချစ်သူတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေက ချစ်သူများနေ့ကဒ်ကို အများဆုံး ရရှိကြသူတွေ ဖြစ်ပါတယ်။

(၂၄) နှစ်တစ်နှစ်ရဲ့ ချစ်သူများနေ့မှာ လက်ထပ်ခွင့်တောင်းတဲ့ ပျှမ်းမျှအရေအတွက်ဟာ ၂၂၀၀၀၀ တောင် ရှိပါတယ်။

(၂၅) ချစ်သူများနေ့မှာဆိုရင် ရှိတ်စပီးယားပြဇာတ်ထဲက ရိုမီယိုနဲ့ ဂျူးလီးယက်နေထိုင်တဲ့ အီတလီနိုင်ငံ Verona မြို့မှာ ဂျူးလီးယက်ဆီကို ပေးပို့တဲ့ စာအစောင်ရေ ၁ ထောင်လောက်လက်ခံရရှိပါတယ်။

Ref ; list25.com

Your Thoughts …
Tags: St.ValentineValentine's Day
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

Valentine's Day မှာ ပေးဖို့ Bouquet လက်ဆောင်များ / cosmopolitan philippines

သင့်ကောင်မလေး သဘောကျသွားစေမယ့် ပန်းစည်းအစားထိုး လက်ဆောင်များ

by Crayon
13 February 2018
16.6k

ချောကလက်တွေ၊ သကြားလုံးလေးတွေနဲ့အလှဆင်ထားတဲ့ ပန်းစည်းလေးကလည်း သင့်ကောင်မလေး အမြင်မှာ တစ်မျိုးဆန်းနေမှာပါ။

ချစ်သူများနေ့နဲ့ ချောကလက် သမိုင်းကြောင်း / Google

“ချစ်သူများနေ့”မှာ ချောကလက် ဘာကြောင့် လက်ဆောင်ပေးကြလဲ

by ဟယ်လ်သင်
14 February 2018
15.7k

ချောကလက်ကို Cacao ဆိုတဲ့ အပင်ကနေရရှိပြီး ဒီအပင်ရဲ့ မူလအစကတော့ တောင်အမေရိကတိုက်ရဲ့ အမေဇုန်ဒေသပဲ ဖြစ်ပါတယ်။

သူတော်စင် St.Valentine / Wikipedia

ချစ်သူများနေ့ နိဒါန်း (သို့မဟုတ်) သူတော်စင် St.Valentine ရဲ့လွမ်းဆွတ်ဖွယ် သမိုင်း

by ဟယ်လ်သင်
14 February 2018
10.8k

ဘုန်းတော်ကြီး St.Valentine နေထိုင်တဲ့ ခေတ်ကာလဟာ သူကိုယ်တိုင်နဲ့ ဆန့်ကျင်ဘက် အကြမ်းဖက်မှုတွေသာ ကြီးစိုးလို့ နေခဲ့ပါတယ်။

ဂျပန်နိုင်ငံက ချစ်သူများနေ့ အကြောင်း

ဂျပန်နိုင်ငံက ချစ်သူများနေ့ အကြောင်း

by အေဘယ်လ်
4 February 2017
52.1k

Valentine's Day တုန်းက လက်ခံခဲ့တဲ့ လက်ဆောင်ထက် သုံးဆပိုများတဲ့ Triple the return လို့ခေါ်တဲ့ တန်ဖိုးရှိတဲ့အရာကို လက်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ မပေးခဲ့ဘူးဆိုရင်တော့ အမျိုးသားဘက်က အထက်စီးက နေတယ်လို့ ယူဆခံရမှာပါ

Valentine's Day မှာ သင့်ချစ်သူကို ပေးသင့်တဲ့ လက်ဆောင် / giftalove

Valentine’s Day မှာ ချစ်သူကို အမြဲသတိရနေအောင် အမှတ်တရ ပေးသင့်တဲ့ လက်ဆောင် ၇ မျိုး

by Crayon
10 February 2018
8.4k

သင်လည်း သင့်ချစ်သူကို သူသဘော ကျလောက်မယ့် အသုံးဝင်မယ့် ပစ္စည်းလေးတွေကို ချစ်သက် လက်ဆောင်အနေနဲ့ ပေးမယ်ဆိုရင် သင်တို့နှစ်ဦးကြားမှာ အမှတ်တရလေးတွေ ပိုဖြစ်နေမှာပါ။

အနေဝေးချစ်သူတွေနဲ့ ချစ်သူများနေ့ / cosmopolitan

အနေဝေး ချစ်သူတွေအတွက် ချစ်သူများနေ့ကို အတူဖြတ်သန်းနိုင်မယ့် နည်းလမ်း ၇ ခု

by မစ်ကီ
14 February 2018
18.6k

အနေဝေးနေတဲ့ ချစ်သူနှစ်ဦး မျက်နှာချင်းဆိုင်ကြည့်ပြီး စကားပြောနိုင်တဲ့ FaceTime App ကို အသုံးပြုပြီး အတူတူ ဒိတ်ကြည့်လို့ ရပါတယ်။

Next Post
ဖွားဖွား ပုံပြောမယ်

ဖွားဖွား ပုံပြောမယ်

၂၀၁၈ ဇန်နဝါရီလ ၁၂ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနိုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ရစဉ် / နိုင်ငံခြားရေး ဝန်ကြီးဌာန

တရုတ်၏ ခြေကုပ်ယူမှု ကာကွယ်ရန် မြန်မာအားကူညီရေး ဂျပန်က အိန္ဒိယကို တိုက်တွန်း

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 days ago
3.6k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate