Trend

အမျိုးသမီးတွေအတွက် Instagram မှာ ဓာတ်ပုံ အမိုက်စား တင်နိုင်မယ့် နည်းလမ်း ၅ ခု

Want create site? Find Free WordPress Themes and plugins.

သင်က Instagram ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ အမျိုးသမီး တယောက်လား။ ဒါဆိုရင် ဓာတ်ပုံ ရိုက်ရတာ ဝါသနာပါမှာ သေချာပါတယ်။

ဓာတ်ပုံကို အလန်းလေးတွေ ရိုက်ချင်ပေမယ့် အိုင်ဒီယာ မထွက်ဘူးဆိုတဲ့ အမျိုးသမီးတွေအတွက် အဓိက ရည်ရွယ်ပြီး Instagram မှာ ပုံအလန်းစားတွေ ရိုက်ပြီး တင်နိုင်မယ့် နည်းလမ်းလေးတွေ မျှဝေရေးသား လိုက်ပါတယ်။

အမျိုးသမီးများအတွက် Instagram မှာ ဓာတ်ပုံ အမိုက်စား တင်နိုင်မယ့် နည်းလမ်းအချို့

(၁) DIY ootd (outfit of the day)

အင်္ကျီအလန်းစား ဝတ်ပြီး ootd caption တင်ဖို့အတွက် အထည်တွေ အချိန်ကုန်ခံ ရွေးစရာ မလိုပါဘူး။ အကောင်းဆုံးကတော့ ထိုင်နေတဲ့ပုံကို ရိုက်လိုက်တာပါပဲ။ မျက်နှာကို ဘယ်လိုထားရမယ်ဆိုပြီး အူကြောင်ကြောင် ဖြစ်နေစရာလည်း မလိုတော့ပါဘူး။

အမျိုးသမီးများအတွက် Instagram မှာ ဓာတ်ပုံ အမိုက်စား တင်နိုင်မယ့် နည်းလမ်းအချို့

(၂) Silly Edits

Filter အမိုက်စားတွေနဲ့ အမြဲရိုက်နေမယ့်အစား ဒီလို sticker လေးတွေ၊ ကိုယ်ပိုင် Creation လေးတွေနဲ့လည်း တမျိုးဆန်းတဲ့ ပုံလေးတွေ ဖန်တီးယူနိုင်ပါပြီ။

အမျိုးသမီးများအတွက် Instagram မှာ ဓာတ်ပုံ အမိုက်စား တင်နိုင်မယ့် နည်းလမ်းအချို့

(၃) Blurred

နာမည်ကြီး Celebrity တွေက နောက်ပိုင်းမှာ blurr တွေနဲ့ ဓာတ်ပုံတင်တာ ပိုများပါတယ်။ သင့်ကို ပါတီပွဲတစ်ခုရောက်နေသလို၊ night out ထွက်နေသလိုနဲ့ သူမတူတဲ့ ခံစားချက်တွေ ပေးနိုင်ဖို့ ဒီလိုမျိုး လေး ရိုက်ပါနော်။

အမျိုးသမီးများအတွက် Instagram မှာ ဓာတ်ပုံ အမိုက်စား တင်နိုင်မယ့် နည်းလမ်းအချို့

(၄) Mirror Selfie

သက်တောင့်သက်သာနဲ့ အလှဆုံးပုံ ရိုက်ချင်ရင်တော့ mirror selfie က အကောင်းဆုံးပါ။ ကိုယ်နေဟန်ထားကိုလည်း ကြည့်လို့ရတာကြောင့် ပုံကောင်းကောင်းထွက်မှာ သေချာပါတယ်။

အမျိုးသမီးများအတွက် Instagram မှာ ဓာတ်ပုံ အမိုက်စား တင်နိုင်မယ့် နည်းလမ်းအချို့

(၅) Superzoom

ခန္ဓာကိုယ်ကို အနီးကပ်ရိုက်ထားတဲ့ ပုံတွေကလည်း အမိုက်စား ပိုစ့်တွေထဲက တခုပါပဲ။ မိတ်ကပ်ပြင်ထားတယ်ဆိုရင် မျက်လုံး (သို့မဟုတ်) နှုတ်ခမ်းကို အနီးကပ် ရိုက်ကြည့်ပါ။

ကဲ ဒီလို နည်းလမ်းတွေနဲ့ Instagram မှာ အမိုက်စားပုံတွေ ရိုက်ပြီး တင်လို့ရပြီနော်။

Did you find apk for android? You can find new Free Android Games and apps.
Loading