အခု ပြောမှာက ကမ္ဘာပေါ်က တန်ဖိုးအရှိဆုံး အရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ရှားပါးတယ်၊ ကောင်းတယ်၊ ဒီလိုနဲ့ တန်ဖိုး အရှိဆုံး အရာတွေ ဖြစ်လာပါတော့တယ်။ အထူးသဖြင့့်တော့ ရှားပါးမှုကြောင့် ဈေးနှုန်းမြင့်တက်တာလို့ ဆိုရင်လည်း ရနိုင်မှာပါ။ ပစ္စည်း တစ်ခုချင်းစီ အတွက် တန်ဖိုးအကြီးဆုံး အရာတွေ ရွေးထုတ် ပြောပြချင်ပါတယ်။
(၁၀) Extinct Huia Bird (ငှက်မွှေး) ။ ။ ဟူရာငှက်ရဲ့ ငှက်မွှေး အတောင်ပါ။ ဈေးနှုန်း ဒေါ်လာ ၁ သောင်း တန်ပါတယ်။ ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး ငှက်မွှေးလို့လည်း ဆိုနိုင်ပါတယ်။ နယူးဇီလန်မှာ တွေ့ရပါတယ်။ မျိုးတုန်းသွားပြီ ဖြစ်တဲ့ ဟူရာငှက်တွေ ဖြစ်လို့ အတောင်ကလည်း ရှားပါးပြီး တန်ဖိုးကြီးတာ ဖြစ်ပါတယ်။ နယူးဇီလန် လေလံပွဲမှာ ဒေါ်လာ ၁ သောင်းနဲ့ ရောင်းချထားတာပါ။
(၉) Gurkha Black Dragon (ဆေးပြင်းလိပ်) ။ ။ ဆေးရွက်ကြီးကို ဆေးပြင်းလိပ် အဖြစ် အဓိက အသုံးပြု ဖန်တီးထားတာ ဖြစ်ပြီး သေတ္တာတွေနဲ့ သိမ်းဆည်း ထုပ်ပိုးထားပါတယ်။ ဈေးအနည်းဆုံး ဆေးလိပ်တွေက ၁ ဒေါ်လာ တောင် မပေးရနိုင်ပေမယ့် Gurkha Black ကတော့ တလိပ်ကို ၁၁၅၀ ဒေါ်လာ ဈေးရှိပါတယ်။ ၂၀၀၆ ခုနှစ် အတွင်း ဈေးအကြီးဆုံး ဖြစ်မယ့် အခု ဟွန်ဒူးရပ်စ်ထုတ် ဆေးပြင်းလိပ်တွေ ဈေးကွက် ဝင်လာတာပါ။ ကုလားအုတ်တွေရဲ့ အရိုးတွေကို ဆေးလိပ် သေတ္တာသား အဖြစ် အသုံးပြု ဖန်တီးထားပြီး အခုချိန်ထိအောင် Gurkha Black ဆေးလိပ်သေတ္တာ ၅ လုံးပဲ ထုတ်လုပ်ရောင်းချခဲ့လို့ ပိုက်ဆံရှိတိုင်း ဝယ်မရတော့ပါဘူး။
(၈) Royal Penthouse Suite, Hotel President Wilson in Geneva (ဟိုတယ်ခန်း) ။ ။ တညကို တည်းခိုခ ဒေါ်လာ ၆၅၀၀၀ ထိ ပေးရမယ့် အခန်းပါ။ ဂျီနီဗာက သမ္မတဝီဆင် ဟိုတယ်က အထူးခန်းပါ။ အမေရိကန်နိုင်ငံ၊ လော့စ်အိန် ဂျလိစ်က ဟိုတယ်ခတွေထက် မြင့်နေပါသေးတယ်။ ကြယ် ၇ ပွင့် အဆင့်ရှိ ဟိုတယ်လို့ သတ်မှတ်နိုင်တဲ့ ဟော်တယ်ကြီးပါ။ ပုံမှန် ဟိုတယ်ခန်းခတွေ ဒေါ်လာ ၂၀ ကနေ ၂၀၀၀ အတွင်းပဲ ရှိချိန်မှာ Royal Penthouse Suite က ဒေါ်လာ ၆၅၀၀၀ ထိ ပေးနေရတာပါ။
(၇) iPhone 3GS Supreme Rose by Stuart Hughes (ဖုန်း) ။ ။ ဒေါ်လာ ၂ ဒသမ ၉၇ သန်း တန်ပါတယ်။ ဒီနေ့ခေတ် ကလေးတွေတောင် သုံးနေတဲ့ ဖုန်းခေတ်ထဲမှာ ဒေါ်လာ ၂၀ ကနေ ၂၀၀၀ အတွင်း ဖုန်းမျိုးစုံ ရှိနေပါတယ်။ သင့် ဝန်းကျင်မှာ အခု မော်ဒယ်ကို သုံးနေတဲ့သူ တွေ့လိုက်ရရင်တော့ တကယ့် ဘောစိ တယောက် ဆိုတာ သိထားလိုက် ပါတော့။ မော်ဒယ်က Stuart Hughes ကနေ စိန်တွေနဲ့ ပြန်လည် မွမ်းမံ အလှဆင်ထားလို့ အခုလို ဈေးနှုန်း မြင့်သွားတာပါ။
(၆) Heintzman Crystal (စန္ဒရား) ။ ။ ဒေါ်လာ ၃ ဒသမ ၂၂ သန်း တန်ပါတယ်။ ဂီတပစ္စည်းတွေထဲမှာတော့ တန်ဖိုး အကြီးဆုံးလို့ ဆိုနိုင်မယ့် အရာပါ။ ပုံမှန် ဆိုရင် ၁၅ ဒေါ်လာလောက်နဲ့တောင် ဈေးအချိုဆုံး စန္ဒရားတွေ ရှိပါတယ်။ တရုတ်နိုင်ငံ၊ ပေကျင်းမှာ ထုတ်လုပ်ခဲ့တဲ့ မော်ဒယ် ဖြစ်ပြီး ၉ ပေ ရှည်ပါတယ်။ လေလံပွဲ တခုမှာ အခု ဈေးနှုန်းနဲ့ ဝယ်ယူခြင်း ခံထားရတာပါ။
(၅) Haute Joaillerie from Chopard (နာရီ) ။ ။ ဒေါ်လာ ၂၅ သန်းထိ တန်ဖိုးရှိပြီး အကောင်းဆုံး ဆိုတာထက် နာရီမှာ တပ်ဆင် ထည့်သွင်းထားတဲ့ စိန်တွေကြောင့် ဈေးကြီးနေတာပါ။ အသုံးပြုထားတဲ့ စိန်တွေ အားလုံးက ရှားပါတယ်၊ အရောင်စုံတယ်။ ပုံမှန် အဖြူရောင် အပြင် အပြာ၊ အဝါနဲ့ ပန်းရောင်စိန်တွေကိုပါ ထည့်သွင်း အလှဆင်ထားပါတယ်။
(၄) Prestige HD Supreme Rose Edition (ရုပ်မြင်သံံကြားပြစက်/TV) ။ ။ ပုံမှန် တီဗီတလုံးက ဒေါ်လာ ၁၀၀ နဲ့ အောက်တောင် ရနိုင်ပါတယ်။ အခု မော်ဒယ်ကတော့ အထူးထုတ်ပါ။ ဈေးနှုန်း ဒေါ်လာ ၂ ဒသမ ၃ သန်း တန်ပါတယ်။ တီဗီရဲ့ ဘေးဘောင်သားတွေက မိကျောင်းသားရေကို လက်ဖြစ် ချုပ်လုပ် ဖုံးအုပ်ထားပါတယ်။ စိန်တွေလည်း ထည့်သွင်း စီချယ်ထားပါသေးတယ်။
(၃) Tokyo, Japan (အိမ်ရာ၊မြေဈေး) ။ ။ တမီတာ ပတ်လည်ကို ဒေါ်လာ ၁၂၀၀ လောက် ရှိပါတယ်။ ကမ္ဘာပေါ်က လူဦးရေ အထူထပ်ဆုံး မြို့လည်း ဖြစ်တယ်၊ စီးပွားရေးလည်း အောင်မြင်တယ်၊ အလုပ်အကိုင်လည်း ကောင်းတယ်။ တိုကျိုမှာ မြေနေရာဟာ တနေ့တခြား ပိုပြီး ရှားပါးလာနေပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ က မြေဈေးအကြီးဆုံးက ပါရီပါ၊ လွန်ခဲ့တဲ့ ၁၀ နှစ်က လန်ဒန်ပါ၊ အခုတော့ တိုကျို ဖြစ်လာပါတယ်။
(၂) Susse Frefers Daguerreo (ကင်မရာ) ။ ။ ဒီနေ့ခေတ် ကင်မရာတွေထဲမှာ ဈေးအနည်းဆုံး ဒေါ်လာ ၃၀ နဲ့ ရနိုင်တဲ့ မော်ဒယ်တွေ ရှိပါတယ်။ ဒါပေမယ့် အခု မော်ဒယ်ကတော့ တန်ဖိုး ဒေါ်လာ ၇ ဒသမ ၇၅ သိန်း တန်ပါတယ်။ လက်ရှိ ကမ္ဘာမှာ တန်ဖိုး အကြီးဆုံး ကင်မရာပါ။ ၁၈၃၉ ခုနှစ်ထုတ် ဖြစ်ပါတယ်။ ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်ရောင်းချခဲ့တဲ့ ကင်မရာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် လေလံပွဲမှာ အခု ဈေးနှုန်းနဲ့ ရှေးဟောင်း ပစ္စည်း စုဆောင်းသူက ဝယ်သွားခဲ့တာပါ။
(၁) Charles Hollander (စစ်တုရင်ကစားခုံ) ။ ။ ကစားနည်းအားလုံးရဲ့ ဘုရင်လို့တောင် ခေါ်နိုင်တဲ့ အရှုပ်ထွေးဆုံး ကစားနည်း အတွက် စစ်တုရင်ကစားခုံက လိုအပ်ပါတယ်။ ၆၄ ကွက်ပါတယ်၊ ဘုရင်၊ ဘုရင်မတွေနဲ့ အခြားကစားကောင် ၃၂ ရုပ်ပါတယ်၊ တစ်စုံကို ၅ ဒေါ်လာတောင် မပေးရဘဲ တချို့ ကစားခုံတွေ ရနိုင်ပါတယ်။
ဒါပေမယ့် အခုု ခုံကတော့ ဒေါ်လာ ၆ သိန်း တန်ပါတယ်။ ၃၂၀ ကာရက်ရှိတဲ့ စိန်ဖြူနဲ့ စိန်နက်တွေ ထည့်သွင်း ဖန်တီး ထားပါတယ်။ မကြာသေးခင်က ဒေါ်လာ ၉ ဒသမ ၈ သိန်း တန်မယ့် Jewel Royale အမည်ရှိ ခုံ အသစ် ထွက်လာမယ် လို့ သတင်း ထွက်ခဲ့ပေမယ့့် အခုထိအောင် ဒီဇိုင်းပဲ တွေ့ရသေးလို့ Charles က တန်ဖိုးအကြီးဆုံး အဖြစ် ရှိနေပါသေးတယ်။
Ref: www.businessinsider.com