Trend

အမျိုးသမီးများ နွေရာသီမှာ ဖက်ရှင်ကျကျ ဝတ်နိုင်မယ့် နည်းလမ်း ၇ သွယ်

Want create site? Find Free WordPress Themes and plugins.

မကြာခင် ကျရောက်လာမယ့် နွေရာသီမှာ ဘာတွေဝတ်ဖို့ တွေးထားကြပါသလဲ။ ရာသီဥတု ပူလို့ အဆင်ပြေတဲ့ ဖက်ရှင်ကိုပဲ ရွေးဝတ်နေရတဲ့ ပျိုမေတွေအတွက် ပေါ့ပေါပါးပါးနဲ့ အမိုက်စား ဖြစ်စေမယ့် နည်းလမ်း ၇ သွယ်ကို ရေးသား အကြံပြု လိုက်ပါတယ်။

(၁) Sheer long-sleeved top

“လက်တို ကြိုးတချောင်းတည်း ဝတ်ရတာ ရိုင်းတယ်၊ အသားမဲမှာ စိုးတယ်” ဆိုတဲ့ အမျိုးသမီးတွေအတွက် အပေါ်ကနေ အရမ်းပါးပြီး စတိုင်အမိုက်စား လက်ရှည်တထည် (Sheer long-sleeved top) ထပ်ဝတ်ရင်း ရှိုးထုတ် နိုင်ပါတယ်။

(၂) Layer

လုံလုံခြုံခြုံနဲ့ ဖက်ရှင်ကျနေဖို့၊ လွတ်လွတ်လပ်လပ်နဲ့ အမိုက်စားဖြစ်ဖို့ အတွက်ဆို တီရှပ်အပေါ်ကနေမှ Jampsuit (အပေါ်နှင့် တဆက်တည်းတွဲ ဘောင်းဘီ) မျိုးကို တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။

(၃) Tradional Accessory

နွေရာသီမှာ ဖက်ရှင်ကျချင်တယ်ဆိုရင် အဝတ်အစားအပြင် အသုံးအဆောင်ပါ ဂရုစိုက်ပါ။ သဘာဝ ကုန်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အိတ်၊ နားကပ်၊ အသုံးအဆောင်များ (ဥပမာ – ဝါးအိတ်၊ လက်ရက်ချည်ထည်) စတာမျိုး အသုံးပြုပါ။ နိုင်ငံခြားဖြစ် အသုံးအဆောင်ပစ္စည်းတွေအစား ပြည်တွင်းဖြစ် ချည်နဲ့ရက်လုပ်ထားတဲ့ အသုံးအဆောင် ပစ္စည်းတွေ ရွေးချယ် သုံးစွဲသင့်ပါတယ်။

(၄) Sandal

နွေရာသီမှာ အများစုက ကြိုးသိုင်း ဖိနပ်လေးတွေ စီးကြပါတယ်။ ဖိနပ်ကိုလည်း သက်သောင့်သက်သာ လေဝင်လေထွက် ကောင်းတာမျိုး၊ ပွဲအခမ်းအနားတွေအတွက် အလုံပိတ် မဟုတ်တဲ့ ရှူးဖိနပ်များ ရွေးချယ်ဝတ်ဆင်ပါ။

(၅) Swimsuit

ဒါက “အလန်းစား ဖြစ်ချင်ပါတယ်” ဆိုတဲ့ အမျိုးသမီးတွေ အတွက်ပါ။ ရေကူးဝတ်စုံုကိုမှ ဂျင်းဘောင်းဘီ၊ စတိုင်လ် ဘောင်းဘီ (Style Pant) အပါးများနဲ့ တွဲဖက်ဝတ်ဆင်ပြီး ကမ်းခြေမှာ ရှိုးထုတ်နိုင်မှာ ဖြစ်ပါတယ်။ သာမန် ထသွားထလာမျိုး အတွက်တော့ ဒီလိုဒီဇိုင်းမျိုးက အနည်းငယ် အမြင် မသင့်တော်တာမျိုး ဖြစ်တတ်ပါတယ်။

(၆) Printed Clothes

နွေရာသီမှာ ဝတ်ဆင်ဖို့ အသင့်တော်ဆုံးက ပန်းပွင့်ပါတဲ့ ဂါဝန်၊ စကပ်တွေပါ။ သင့်ကို အမျိုးသမီး ဆန်စေပြီး ချစ်စရာ ကောင်းတဲ့ အသွင်ရစေဖို့ ပန်းပွင့်လေးတွေပါတဲ့ Printed Clothes တွေရွေးချယ်ပါ။

(၇) Power Suit

Power Suit ကို နွေရာသီမှာ ပူလို့ ဝတ်ဖို့ အဆင်မပြေဘူးဆိုရင် အပေါ်က တီရှပ်နဲ့ တွဲဝတ်ပါ။ တီရှပ်ကို ခါးနားမှာ ချည်ထားပြီး အပေါ်ထပ်ကို ပခုံးမှာ တင်ထားခြင်းအားဖြင့် အထာကျတဲ့ဒီဇိုင်းကို ရရှိနိုင်မှာပါ။

အခု အကြံပြုထားတဲ့ နည်းလမ်းတွေက နွေရာသီမှာ စတိုင်ကျကျ ရှိုးထုတ်ချင်တဲ့ အမျိုးသမီးတွေ အတွက် လွယ်ကူ အဆင်ပြေစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကဲ နွေရာသီမှာ စတိုင်ကျကျ ရှိုးထုတ်လိုက်ကြရအောင်။

Did you find apk for android? You can find new Free Android Games and apps.
Loading