Trend

ကမ္ဘာ့ စစ်အင်အားအကြီးဆုံး နိုင်ငံ ၁၀

Want create site? Find Free WordPress Themes and plugins.

လက်ရှိ ကမ္ဘာပေါ်က စစ်အင်အား အကြီးဆုံး နိုင်ငံတွေ အကြောင်းပဲ ပြောပြပါမယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၃ နိုင်ငံကို အချက် အလက်ပေါင်း ၅၀ အပေါ် အခြေခံပြီး တွက်ချက်မှု အရ ထွက်ရှိလာတဲ့ အင်အား အနေအထားလည်း ဖြစ်ပါတယ်။ အခု အဆင့် ဖော်ပြချက်ကို Military Strength Ranking ကနေ ထုတ်ပြန်ထားတာ ဖြစ်ပြီး အဓိက အနေနဲ့ မြေမျက်နှာပြင် အနေအထား၊ သယ်ယူ ပို့ဆောင်ရေး စွမ်းဆောင်ရည်၊ သဘာ၀ အရင်းအမြစ် တည်ရှိမှု၊ လက်ရှိ စက်မှု စွမ်းအား အနေ အထားတွေကိုပါ ထည့်တွက်ထားတာ ဖြစ်ပါတယ်။

ဒီထဲမှာ နျူကလီးယား လက်နက် ပိုင်ဆိုင်မှုတွေကိုတော့ ထည့်သွင်း တွက်ချက်ထားမှု မရှိဘူး လိုု့ ဆိုပါတယ်။ ဒီလိုပဲ ကုန်းတွင်းပိုင်း ကျတဲ့ နိုင်ငံတွေမှာ ရေတပ် ဖွဲ့စည်းထားမှု အားနည်းလို့ သူတို့ကတော့ တခြား ရေတပ် ရှိတဲ့ နိုင်ငံတွေထက် အမှတ်နည်းသွားတာ တွေ့ရပါတယ်။

ဒါအပြင် NATOအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မိတ်ဖက် နိုင်ငံတွေ ရှိနေတာကြောင့် အမှတ်နည်းနည်း ပိုပြီး ထည့်တွက် ထားတယ် လို့လည်း သိရပါတယ်။ အခု ဖော်ပြချက် အတွင်းမှာ Power Index Rating ကို ၀ (သုည) ဖြစ်မယ် ဆိုရင် လုံး၀ ပြီးပြည့်စုံတဲ့ စစ်တပ်ကို ပိုင်ဆိုင်မှာ ဖြစ်ပြီး PIR များနေသေးရင်တော့ လိုအပ်ချက် များနေဦးမှာပဲ ဖြစ်ပါတယ်။

(၁) အမေရိကန်

စစ်စွမ်းအင် (Power Index Rating) – သုည ဒသမ ၀၈၅၇

လူဦးရေ (Total Population) – ၃၂၃ ၉၉၅ ၅၂၈

စစ်မှုထမ်းဦးရေ (Total Military Personnel) – ၂၃၆၃၆၇၅

လေယာဉ်စုစုပေါင်း (Total Aircraft) – ၁၃၇၆၂

တိုက်လေယာဉ် (Fighter Aircraft) – ၂၂၉၆

တိုက်ခိုက်ရေးတင့်ကား (Combat Tanks) – ၅၈၈၄

ရေတပ်အင်အား (Total Naval Assets) – ၄၁၅ (လေယာဉ်တင် သင်္ဘော ၁၉စီး)

ကာကွယ်ရေးအသုံးစရိတ် (Defense Budget) – အမေရိကန် ဒေါ်လာ ၅၆၇ ဒသမ ၈ ဘီလီယံ

(၂) ရုရှ

စစ်စွမ်းအင် (Power Index Rating) – သုည ဒသမ ၀၉၂၉

လူဦးရေ (Total Population) – ၁၄၂ ၃၅၅ ၄၁၅

စစ်မှုထမ်းဦးရေ (Total Military Personnel) – ၃၃၇၁ ၀၂၇

လေယာဉ်စုစုပေါင်း (Total Aircraft) – ၃၇၉၄

တိုက်လေယာဉ် (Fighter Aircraft) – ၈၀၆

တိုက်ခိုက်ရေးတင့်ကား (Combat Tanks) – ၂၀၂၁၆

ရေတပ်အင်အား (Total Naval Assets) – ၃၅၂ (လေယာဉ်တင် သင်္ဘော ၁စီး)

ကာကွယ်ရေးအသုံးစရိတ် (Defense Budget) – အမေရိကန် ဒေါ်လာ ၄၄ ဒသမ ၆ ဘီလီယံ

(၃) တရုတ်

စစ်စွမ်းအင် (Power Index Rating) – သုည ဒသမ ၀၉၄၅

လူဦးရေ (Total Population) – ၁၃၇၃ ၅၄၁ ၂၇၈

စစ်မှုထမ်းဦးရေ (Total Military Personnel) – ၃၇၁၂၅၀၀

လေယာဉ်စုစုပေါင်း (Total Aircraft) – ၂၉၅၅

တိုက်လေယာဉ် (Fighter Aircraft) – ၁၂၇၁

တိုက်ခိုက်ရေးတင့်ကား (Combat Tanks) – ၆၄၅၇

ရေတပ်အင်အား (Total Naval Assets) – ၇၁၄ (လေယာဉ်တင် သင်္ဘော ၁စီး)

ကာကွယ်ရေးအသုံးစရိတ် (Defense Budget) – အမေရိကန် ဒေါ်လာ ၁၆၁ ဒသမ ၇ ဘီလီယံ

(၄) အိန္ဒိယ

စစ်စွမ်းအင် (Power Index Rating) – သုည ဒသမ ၁၅၉၃

လူဦးရေ (Total Population) – ၁၂၆၆ ၈၈၃ ၅၉၈

စစ်မှုထမ်းဦးရေ (Total Military Personnel) – ၄၂၀၇ ၂၅၀

လေယာဉ်စုစုပေါင်း (Total Aircraft) – ၂၁၀၁

တိုက်လေယာဉ် (Fighter Aircraft) – ၆၇၆

တိုက်ခိုက်ရေးတင့်ကား (Combat Tanks) – ၄၄၂၆

ရေတပ်အင်အား (Total Naval Assets) – ၂၉၅ (လေယာဉ်တင် သင်္ဘော ၃စီး)

ကာကွယ်ရေးအသုံးစရိတ် (Defense Budget) – အမေရိကန် ဒေါ်လာ ၅၁ ဘီလီယံ

(၅) ပြင်သစ်

စစ်စွမ်းအင် (Power Index Rating) – သုည ဒသမ ၁၉၁၄

လူဦးရေ (Total Population) – ၆၆ ၈၃၆ ၁၅၄

စစ်မှုထမ်းဦးရေ (Total Military Personnel) – ၃၈၇ ၆၃၅

လေယာဉ်စုစုပေါင်း (Total Aircraft) – ၁၃၀၅

တိုက်လေယာဉ် (Fighter Aircraft) – ၂၉၆

တိုက်ခိုက်ရေးတင့်ကား (Combat Tanks) – ၄၀၆

ရေတပ်အင်အား (Total Naval Assets) – ၁၁၈ (လေယာဉ်တင် သင်္ဘော ၄စီး)

ကာကွယ်ရေးအသုံးစရိတ် (Defense Budget) – အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံ

(၆) အင်္ဂလန်

စစ်စွမ်းအင် (Power Index Rating) – သုည ဒသမ ၂၁၃၁

လူဦးရေ (Total Population) – ၆၄ ၄၃၀ ၄၂၈

စစ်မှုထမ်းဦးရေ (Total Military Personnel) – ၂၃၂ ၆၇၅

လေယာဉ်စုစုပေါင်း (Total Aircraft) – ၈၅၆

တိုက်လေယာဉ် (Fighter Aircraft) – ၈၈

တိုက်ခိုက်ရေးတင့်ကား (Combat Tanks) – ၂၄၉

ရေတပ်အင်အား (Total Naval Assets) – ၇၆ (လေယာဉ်တင် သင်္ဘော ၂စီး)

ကာကွယ်ရေးအသုံးစရိတ် (Defense Budget) – အမေရိကန် ဒေါ်လာ ၄၅ ဒသမ ၇ ဘီလီယံ

(၇) ဂျပန်

စစ်စွမ်းအင် (Power Index Rating) – ဝ.၂၁၃၇

လူဦးရေ (Total Population) – ၁၂၆ ၇၀၂ ၁၃၃

စစ်မှုထမ်းဦးရေ (Total Military Personnel) – ၃၁၁ ၈၇၅

လေယာဉ်စုစုပေါင်း (Total Aircraft) – ၁၅၉၄

တိုက်လေယာဉ် (Fighter Aircraft) – ၂၈၈

တိုက်ခိုက်ရေးတင့်ကား (Combat Tanks) – ၇၀၀

ရေတပ်အင်အား (Total Naval Assets) -၁၃၁ (လေယာဉ်တင် သင်္ဘော ၄စီး)

ကာကွယ်ရေးအသုံးစရိတ် (Defense Budget) – အမေရိကန် ဒေါ်လာ ၄၃.၈ ဘီလီယံ

(၈) တူရကီ

စစ်စွမ်းအင် (Power Index Rating) – သုည ဒသမ ၂၄၉၁

လူဦးရေ (Total Population) – ၈၀ ၂၇၄ ၆၀၄

စစ်မှုထမ်းဦးရေ (Total Military Personnel) – ၇၄၃ ၄၁၅

လေယာဉ်စုစုပေါင်း (Total Aircraft) – ၁၀၁၈

တိုက်လေယာဉ် (Fighter Aircraft) – ၂၀၇

တိုက်ခိုက်ရေးတင့်ကား (Combat Tanks) – ၂၄၄၅

ရေတပ်အင်အား (Total Naval Assets) – ၁၉၄

ကာကွယ်ရေးအသုံးစရိတ် (Defense Budget) – အမေရိကန် ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ

(၉) ဂျာမနီ

စစ်စွမ်းအင် (Power Index Rating) – သုည ဒသမ ၂၆၀၉

လူဦးရေ (Total Population) – ၈၀ ၇၂၂ ၇၉၂

စစ်မှုထမ်းဦးရေ (Total Military Personnel) – ၂၁၀ ၀၀၀

လေယာဉ်စုစုပေါင်း (Total Aircraft) – ၆၉၈

တိုက်လေယာဉ် (Fighter Aircraft) – ၉၂

တိုက်ခိုက်ရေးတင့်ကား (Combat Tanks) – ၅၄၃

ရေတပ်အင်အား (Total Naval Assets) – ၈၁

ကာကွယ်ရေးအသုံးစရိတ် (Defense Budget) – အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၂ ဘီလီယံ

(၁၀) အီဂျစ်

စစ်စွမ်းအင် (Power Index Rating) – သုည ဒသမ ၂၆၇၆

လူဦးရေ (Total Population) – ၉၄ ၆၆၆ ၉၉၃

စစ်မှုထမ်းဦးရေ (Total Military Personnel) – ၁၃၂၉ ၂၅၀

လေယာဉ်စုစုပေါင်း (Total Aircraft) – ၁၁၃၂

တိုက်လေယာဉ် (Fighter Aircraft) – ၃၃၇

တိုက်ခိုက်ရေးတင့်ကား (Combat Tanks) – ၄၁၁၀

ရေတပ်အင်အား (Total Naval Assets) – ၃၁၉ (လေယာဉ်တင် သင်္ဘော ၂စီး)

ကာကွယ်ရေးအသုံးစရိတ် (Defense Budget) – အမေရိကန် ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ

အင်အားအကြီးဆုံး ၁၀ နိုင်ငံ စာရင်းနဲ့ အတူ ကမ္ဘာ့ အင်အားအကြီးဆုံး နောက်ထပ် နိုင်ငံတွေ အဖြစ် အဆင့် ၁၁ မှာ အီတလီ၊ သူ့နောက်မှာ တောင်ကိုရီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အစ္စရေး၊ ဗီယက်နမ်၊ ဘရာဇီး၊ ထိုင်ဝမ်၊ ပိုလန်၊ ထိုင်း၊ အီရန်၊ သြစတြေးလျ၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အယ်ဂျီးရီးယားနိုင်ငံတွေက အဆင့် ၂၅ ထိ အသီးသီး ဖော်ပြထားတာ တွေ့ရပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading