Trend

အောင်မြင်တဲ့သူတွေ သောကြာနေ့မှာ လုပ်လေ့ရှိတဲ့ အချက် ၁၀ ချက်

သောကြာနေ့ဟာ ဝန်ထမ်းတိုင်း သဘောကျ နှစ်ခြိုက်ကြတဲ့ နေ့တနေ့ပါ။ တခြားနေ့တွေမှာ ဘယ်လောက် ပင်ပန်းနေပါစေ။ သောကြာနေ့ ရောက်ရင်တော့ စိတ်တွေအလိုလို တက်ကြွနေတတ်ပါတယ်။

သာမန်လူ အများစုက အီးမေးလ်နဲ့ အလုပ်တွေ လက်စသတ်၊ အားလပ်ရက်အတွက် ဘာလုပ်မယ် ဆိုပြီး တွေးလေ့ ရှိပေမယ့် အောင်မြင်တဲ့သူတွေက သောကြာနေ့မှာ ဘာတွေလုပ်ကြလဲ ဆိုတာ ဗဟုသုတအနေနဲ့ ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) တပတ်လုံး လုပ်ခဲ့တဲ့ အလုပ်တွေအပေါ် ပြန်လည် သုံးသပ်တယ်

အောင်မြင်သူတွေဟာ တပတ်တာအတွင်း သူတို့ လုပ်ဆောင်ခဲ့တဲ့ အမှား၊ အမှန်တွေကို ပြန်လည်သုံးသပ် ပါတယ်။ အောင်မြင်မှု သေးသေးလေးပဲ ဖြစ်ပါစေ၊ ပြန်လည် သုံးသပ်တာက သင့်စိတ်ကို ပျော်ရွှင်စေသလို နောက်ထပ် ရှေ့ဆက်မယ့် ခြေလှမ်းတွေအတွက် အားဖြစ်စေပါတယ်။

(၂) ပိတ်ရက်မှာ ဦးစားပေး လုပ်ရမယ့် အရာတွေကို စီစဉ်တယ်

အောင်မြင်သူတွေက လုပ်ငန်းခွင်နဲ့ သာမန်ဘဝ သဟဇာတ ဖြစ်အောင် နေထိုင်လေ့ ရှိပါတယ်။ ပိတ်ရက်မှာ လုပ်ဆောင်ရမယ့် အရာတွေကို စဉ်းစားပြီး ဦးစားပေး လုပ်ရမယ့် အရာကို ၁ ကနေ ၅ အထိ စီစဉ်ပါတယ်။

(၃) အစီအစဉ် ရေးဆွဲတယ်

သူတို့ဟာ လုပ်ဆောင်ရမယ့် အရာတွေကို စဉ်းစားရုံတင် မကဘဲ ချရေးပြီး စာရင်းလုပ်ပါတယ်။ ပိတ်ရက်နဲ့ ရုံးတက်ရက်အတွက် အဆင်သင့်ဖြစ်အောင် လုပ်စရာ အစီအစဉ်ကို ချရေးပြီး မှတ်သားထားပါတယ်။

(၄) အလုပ်ချည်းပဲ မလုပ်ဘူး

အောင်မြင်သူတွေက အလုပ်တွေ အရမ်း လုပ်ပေမယ့် ကိုယ်ပိုင်ဘဝ အတွက်လည်း အချိန်ပေးပါတယ်။ အလုပ်ချည်းပဲ ဖိလုပ်တာက တခါတလေ အကြံဉာဏ်ကောင်းတွေထွက်ဖို့ အတားအဆီး ဖြစ်တာကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ပြီး စိတ်ဖိစီးမှု ဖြေဖျောက်တာမျိုး လိုအပ်ပါတယ်။

(၅) အစီအစဉ်တကျ ထားတယ်

အောင်မြင်သူတွေက ၁၅ မိနစ်ကနေ ၃၀ မိနစ်လောက်ထိ စားပွဲနဲ့ ဖိုင်တွေ ရှင်းတာမျိုး၊ အီးမေးလ်တွေ ရှင်းတာမျိုး လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒီလိုရှင်းလင်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အထောက်အကူပြုနိုင်ပါတယ်။

(၆) ပြက္ခဒိန်ကို စစ်ဆေးတယ်

ပိတ်ရက် ၂ ရက်နားပြီး နောက်တပတ်မှာ ဘာတွေလုပ်ရမလဲဆိုတာ သိဖို့အတွက် ပြက္ခဒိန်ကို အမြဲ ကြည့်ပါတယ်။

(၇) လုပ်ဖော်ကိုင်ဖက်တွေကို အားပေးတယ်

အောင်မြင်တဲ့သူတွေက ကိုယ်တယောက်တည်းတင် မကဘဲ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ကိုယ့်အသင်းက လူတွေကိုလည်း စိတ်အားတက်ကြွအောင် အားပေးပါတယ်။ တပတ်အတွင်း သူတို့လုပ်ခဲ့တဲ့ အရာနဲ့ ပတ်သက်ပြီး အားပေးစကား ပြောပါတယ်။

(၈) လွှတ်သင့်တာကို လွှတ်တယ်

သောကြာနေ့မှာ ရှိသမျှ ပရောဂျက်အကြောင်း ဆွေးနွေးတာတို့ ဆုံးဖြတ်ချက် ချတာမျိုးကို မလုပ်ပါဘူး။ သောကြာနေ့မှာ အလုပ်တွေ ဝန်မပိစေဘဲ ရှိသမျှ အလုပ်တွေ လက်စသတ်လိုက်တာက ပိတ်ရက်မှာ သင့်စိတ်ကို အပြည့်အဝ အနားရ စေပါတယ်။

(၉) ပိတ်ရက်မှာ လုပ်ရမယ့် အရာတွေ စဉ်းစားတယ်

ပိတ်ရက်မှာ သင်တန်းတက်တာမျိုး၊ မိသားစုကို အချိန်ပေးတာမျိုးနဲ့ စားသောက်ဆိုင်ကောင်း တခုမှာ သွားစားဖို့အတွက် စဉ်းစားပါတယ်။ တနည်းအားဖြင့် ကိုယ့်စိတ်ကို ပျော်ရွှင်အောင် ထားပါတယ်။

(၁၀) ပျော်စရာ သောကြာနေ့အဖြစ် အဆုံးသတ်တယ်

သောကြာနေ့မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘားသွာတာမျိုး၊ GYM ဆော့တာမျိုး လုပ်ခြင်းအားဖြင့် စိတ်အပြောင်းအလဲ ဖြစ်စေပါတယ်။ ပြီးရင်တော့ ရုံးကလူတွေကို ခင်ခင်မင်မင် နှုတ်ဆက်ခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရေး ကောင်းသော ခင်မင်နှစ်လိုဖွယ် လူတယောက်အဖြစ် အဆုံးသတ်ပါတယ်။

ဒါတွေက သောကြာနေ့မှာ အောင်မြင်သူတွေ ဘယ်လို ကုန်ဆုံးကြတယ်ဆိုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ကဲ… သင်ကော သင့်ရဲ့ သောကြာနေ့ကို ဘယ်လို ဖြတ်သန်းဖို့ စိတ်ကူးထားလဲ။

Ref : businessinsider.com

Loading