အမျိုးသမီးများအတွက် သဘာဝအတိုင်း လှပစေမယ့် မိတ်ကပ်ပြင်နည်း
အရိုးဆုံးဟာ အဆန်းဆုံးနဲ့ အလှဆုံးပါ။ မိတ်ကပ် ထူထူပိန်းပိန်းကြီး အမြဲတမ်း လိမ်းနေမယ်ဆိုရင် သင့် မျက်နှာဟာ ဆေးဆိုးပန်းရိုက် မျက်နှာဖြစ်သွားပြီး တည်ငြိမ် အေးချမ်းတဲ့ အလှကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။
ထသွားထလာနဲ့ အလုပ်သွား၊ ကျောင်းသွားဖို့ အတွက်ကတော့ Natural Look ကသာ အဆင်ပြေမှာပါ။ မိတ်ကပ် ထူထူကြီးတွေ လိမ်းမယ့်အစား ကိုရီးယား မင်းသမီးလေးတွေလို သဘာဝအတိုင်း ရှင်းရှင်းလေးနဲ့ လှစေမယ့် မိတ်ကပ် ပြင်နည်းလေးကို ဧရာဝတီ စာဖတ် ပရိသတ်တွေ အတွက် ဝေမျှရေးသား လိုက်ပါတယ်။
(၁) Moisturizer
အသင့်တော်ဆုံး မိတ်ကပ်အောက်ခံကို ရွေးချယ်နိုင်ဖို့ အလွန် အရေးကြီးပါတယ်။ သင့် အသားအရေကို ရေဓာတ် ဖြည့်တင်းပေးပြီး အိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်တဲ့ Mositurizer ကို ရှာဖွေပါ။ သင့် အသားအရေနဲ့ သင့်တော်ပြီး မိတ်ကပ်လိမ်းဖို့ အောက်ခံအဖြစ် ကောင်းကောင်း အသုံးပြုလို့ရနိုင်မယ့် Mositurizer ကို သုံးပါ။
(၂) Concealer
အမဲစက်တွေ၊ ဘုတွေနဲ့ အသားအရေ မညီတာတွေကို ဖုံးဖို့ Concealer ကို သုံးပါ။ Concealer က သင့်ရဲ့ အနာဆာတွေကို ဖုံးပြီး အပြစ်ကင်းတဲ့ မျက်နှာကို ပိုင်ဆိုင်စေမှာပါ။
(၃) Powder or Ligt Foundation
ပေါင်ဒါ (သို့မဟုတ်) ဖောင်ဒေးရှင်း အရည်ကို သုံးပါ။ မိတ်ကပ် အရမ်းများပြီး ထူပိန်းနေတာအောင် လိမ်းမယ့်အစား ပေါ့ပေါ့ပါးပါးလေးပဲ ပြင်ဆင်သင့်ပါတယ်။ လက်နဲ့ လိမ်းမယ့်အစား ဖောင်ဒေးရှင်းကို Sponge သုံးပြီး လိမ်းပါ။ ဒါမှမဟုတ် ပေါင်ဒါဆိုရင် ဘရပ်ရှ်နဲ့ ခြယ်သသင့်ပါတယ်။
(၄) Blush
သင့် အသားအရောင်နဲ့ လိုက်ဖက်တဲ့ ပါးနီကို ပါးရိုးတလျှောက် ပြေပြေပြစ်ပြစ် ခြယ်ပါ။ ဒီလို အသွင်မျိုးအတွက် ပါးနီကို ခရင်မ် အမျိုးအစား သုံးသင့်ပါတယ်။ လူတိုင်းနဲ့ လိုက်ဖက်တဲ့ အရောင်က Peach Color ပါ။
(၅) Shadow
သင့်မျက်ခွံမှာ အရောင်တောက်တောက် ရှဲဒိုးအစား အငြိမ်ဘက်သွားတဲ့ အရောင် ခြယ်သနိုင်ပါတယ်။ သင့် အသားအရောင်ထက် ပိုညိုတဲ့ အရောင်မျိုးရွေးပါ။ အရမ်းကြီး နက်တဲ့ အရောင်က သင့်ကို Natrual Look ရစေမှာ မဟုတ်ပါဘူး။
(၆) Lipstick
နှုတ်ခမ်းနီ ရွေးချယ်တော့မယ်ဆိုရင် အရောင်တောက်တဲ့ ပန်းရောင် (သို့မဟုတ်) မက်မွန်ရောင် ၊ ဒါမှမဟုတ် သဲ အရောင်မျိုးကို ရွေးချယ်ပါ။ ပြီးရင် Gloss နည်းနည်းတင်ပါ။
(၇) Mascara
သဘာဝ မိတ်ကပ်အတွက် Mascara အနည်းငယ်လောက်ကိုသာ သုံးပါ။ သင်က နဂိုကတည်းက မျက်တောင် ပါးတယ်ဆိုရင် မျက်လုံး ထင်းဖို့အတွက် Mascara သုံးနိုင်ပါတယ်။ နဂိုကတည်းက မျက်တောင် ထူပြီးသားဆိုရင်တော့ မလိုအပ်ပါဘူး။
(၈) Eye Liner
သဘာဝအတိုင်း လေးလှနေတဲ့ အသွင်မျိုးလိုချင်ရင် Eye Liner မသုံးပါနဲ့။ အပေါ်ကော အောက်ကော လိုင်နာ ခြယ်တာမျိုး ရှောင်ပါ။
အပေါ်က လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့အတူ ရိုုးရှင်းတဲ့ အသွင်အပြင်ကို ပြင်ဆင်နိုင်ပါပြီ။