စာရေးသူတို့ နေ့စဉ် အသုံးပြုနေတဲ့ အသုံးအဆောင် ပစ္စည်းတွေမှာ စာရေးသူတို့ကိုယ်တိုင် သေချာ သတိမထားမိတဲ့ အဲဒီပစ္စည်းတွေရဲ့ အဓိက အသုံးဝင်တဲ့ အချက်တွေ ရှိပါတယ်။ အသုံးအဆောင် ပစ္စည်းတွေမှာ သင်သိထားတဲ့ နည်းတွေအပြင် အခြားဘယ်လို နည်းလမ်းတွေနဲ့ သုံးလို့ရနိုင်သလဲဆိုတာ ဗဟုသုတအနေနဲ့ ရေးသားဖော်ပြ လိုက်ပါတယ်။
(၁) ဒယ်အိုး လက်ကိုင်
သုံးနေကျ ဒယ်အိုးက လက်ကိုင်မှာ အပေါက်ပါနေတာ ဘာအတွက်လဲဆိုရင် ယောက်မနဲ့ အခြား ခပ်စရာဇွန်း တို့ကို အလွယ်တကူ ထည့်နိုင်ဖို့ အတွက်ပါ။
(၂) ဓာတ်လှေကား တံခါးက အစက်လေးတခု
ဓာတ်လှေကားရဲ့ အပြင်ဘက်အပေါက်မှာ အစက်လေးတခု ပါတာ သတိထားမိပါသလား။ ဒါဟာ အခြားသူတွေ သင့်ကို ချောင်းကြည့်ဖို့အတွက် မဟုတ်ပါဘူး။ အရေးပေါ်အခြေအနေမှာ စက်ပြင်ဆရာတွေ အတွက် အထူး စပါယ်ရှယ် သော့ပေါက်ပါ။
(၃) ကော်ဖီဘူး အဖုံး
ဆိုင်ကရောင်းတဲ့ ပလတ်စတစ်ဘူး အဖုံးကို ကော်ဖီခွက်ရဲ့ အောက်ခံပြား အနေနဲ့လည်း ထားလို့ရပါတယ်နော်။
(၄) သံဗူးအပေါက်
အအေးသောက်တဲ့ သံဗူးမှာ ခွာဖို့ပေးထားတဲ့ ကွင်းကို ဆွဲမဖြုတ်ဘဲ ပိုက်ထည့်ထားလို့ ရပါတယ်။
(၅) လည်ရှည်ပုလင်း
လည်တံရှည်တဲ့ ပုလင်းတွေကို ကိုင်မယ်ဆိုရင် ကိုယ်ထည်ကနေ ကိုင်စရာမလိုအောင် လည်ပင်းတွေကို ရှည်ရှည် လုပ်ထားပေးပါတယ်။ အကြောင်းက ကိုယ်တွင်းကအပူ လက်ကနေတဆင့် ပုလင်းဆီကို မရောက်အောင်လို့ပါ။
(၆) ပါစတာဇွန်း
လူတယောက်အတွက် ပါစတာ ဘယ်လောက် စားသင့်သလဲဆိုတာ ချိန်ပေးဖို့အတွက် ဇွန်းပါ။ ဇွန်းရဲ့ အပေါက်ကို ဝင်တဲ့ ပါစတာ ပမာဏကိုသာ စားသုံးသင့်ပါတယ်။
(၇) ဘောပင်အဖုံး
လူအများစုက ဘောပင်အဖုံးနဲ့ အခြားသော ဘောပင် အစိတ်အပိုင်းကြောင့် အသက်ရှူကြပ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်စဉ်ကို ကာကွယ်ဖို့အတွက် ဘောပင်အဖုံးထိပ်မှာ အပေါက်ဖောက် ပေးထားပါတယ်။
(၈) Bread Tag
ပေါင်မုန့်မှာထားတဲ့ ကတ်ပြားလေးတွေက သင့်ပေါင်မုန့် ဘယ်လောက်လတ်ဆတ်သလဲ ဖော်ပြနေပါတယ်။ ကတ်ပြားက အရောင်တွေကို ကြည့်ပြီး ပေါင်မုန့်ကို ဘယ်နေ့က ပို့ထားတယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ Black, Green, Red, White, Yelllow ဆိုပြီး အက္ခရာအလိုက် ရှေ့ဆင့်နောက်ဆင့် စီထားတာကြောင့် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာဆိုပြီး ခန့်မှန်းနိုင်ပါတယ်။
(၉) ဒတ်ရှ်ဘုတ်ပေါ်က မြား
သင့်ကား ဒတ်ရှ်ဘုတ်ပေါ်က မြားနီလေးက သင့်ကားရဲ့ဆီတိုင်ကီ ဘယ်ဘက်က ဖွင့်ထားသလဲဆိုတာ ဖော်ပြနေတာပါ။
ဒါဆိုရင်တော့ သတိ မမူမိတဲ့ နေ့စဉ်သုံးပစ္စည်းတွေရဲ့ အသုံးဝင်နည်းအချို့ကို သိလောက်ပြီ ထင်ပါတယ်။
Ref : lifebuzz.com