Trend

လူငယ်တွေ သောကြာညကို အဓိပ္ပာယ်ရှိရှိ ဘယ်လို ဖြတ်သန်းကြမလဲ

Want create site? Find Free WordPress Themes and plugins.

ဒီတပတ်လဲ သောကြာနေ့ ရောက်လာပြန်ပြီနော်။ သောကြာညမှာ ပုံမှန်ဆိုရင် အလုပ်လုပ်နေကြတဲ့ လူငယ် လူရွယ်တွေအနေနဲ့ သူငယ်ချင်းတွေနဲ့တွေ့၊ ဘားသွားကြတာတာမျိုး လုပ်လေ့ရှိကြပါတယ်။ ဒါ့အပြင် သောကြာညမှာ သင့်ရဲ့အချိန်တွေ အကျိုးရှိအောင် အောက်က နည်းလမ်းတွေ လိုက်လုပ် ကြည့်နိုင်ပါတယ်။

(၁) အသစ်တွေ သင်ယူမယ်

သောကြာနေ့ညမှာ သူငယ်ချင်းတွေနဲ့ မတွေ့ရလို ပျင်းနေပြီလား။ အွန်လိုင်းကနေ ဟင်းချက်နည်း (သို့မဟုတ်) ဘာသာစကား အသစ်တွေ သင်ယူလို့ရတဲ့ Application တွေ ဒေါင်းပြီး ကလိကြည့်ပါနော်။

(၂) ပါတီ အသေးစား လုပ်မယ်

တကိုယ်တည်း နေတဲ့သူတွေအတွက် ပျင်းရိဖွယ် သောကြာနေ့မဖြစ်ရအောင် ကိုယ်ပိုင်အခန်းလေးထဲမှာ မီးမှိန်မှိန်လေးထွန်း၊ သီချင်းငြိမ့်ငြိမ့်လေး ဖွင့်ပြီး ဝိုင်တခွက်နဲ့ ပါတီအသေးစား လုပ်နိုင်ပါတယ်။

(၃) စာအုပ်အသစ် ဖတ်မယ်

ဖတ်ချင်လို့ ဝယ်ထားတဲ့ စာအုပ်တွေက အချိန်မရလို့ မထိရသေးဘူးဆိုရင် သောကြာနေ့ညကို အသုံးချနိုင်ပါတယ်။ သင်ကြိုက်တဲ့ အချစ်ဝတ္ထု ဖြစ်ဖြစ်၊ မဂ္ဂဇင်းဖြစ်ဖြစ် ဖတ်ပါ။

(၄) အသစ် လေးတွေ ဖန်တီးမယ်

သောကြာနေ့ညလို အချိန်မှာ သင်နှစ်သက်တဲ့ ပန်းချီဆွဲတာမျိုးဖြစ်ဖြစ်၊ လက်မှုပစ္စည်းလေးတွေ ဖြစ်ဖြစ် ဖန်တီးကြည့်ပါ။

(၅) အသားအရေ ထိန်းသိမ်းမယ်

ပိတ်ရက်မှာ ချစ်သူနဲ့ လျှောက်လည်ဖို့အတွက် လှပနေအောင် မျက်နှာပေါင်းတင်တာမျိုး လုပ်ပါ။ လက်သည်းနီ အသစ်ဆိုး၊ ရေနွေးနဲ့ စိမ်ပြေနပြေ ချိုးတာမျိုးလည်း စမ်းကြည့်လို့ရပါတယ်။ ကိုယ့်ကိုယ်ကို Spa ရောက်နေသလိုမျိုး အစအဆုံး ပြင်ဆင်ကြည့်ပါ။

(၆) အခန်းရှင်းမယ်

အချိုု့က အခန်းသန့်ရှင်းရေးကို ညဘက်မှ လုပ်ရတာ သဘောကျပါတယ်။ ဒါဆိုရင်တော့ အလုပ်သွားစရာ မလိုတဲ့ မနက်ဖြန်အတွက် ပူမနေဘဲ အခန်းနဲ ဗီရိုထဲက ပစ္စည်းတွေ အကုန်ပြင်ဆင်နိုင်ပါတယ်။

(၇) ညဉ့်နက်ထိ နေမယ်

အလုပ်တွေ ကျောင်းတွေနဲ့ ညဘက်စောစော အိပ်ရသူတွေအဖု့ိ သောကြာနေ့ညမှာ စိတ်ကြိုက် ညဉ့်နက်တဲ့အထိ နေကြည့်ပါ။ ပြီးရင်တော့ မနက်ဖြန် အဝအိပ်ဖို့အတွက် နှိုးစက်ကို ပိတ်ထားလိုက်ပေါ့။

(၈) ချစ်ရသူနဲ့ ဖုန်းအကြာကြီး ပြောမယ်

သင်ချစ်ရတဲ့ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေက သင့်အဝေးမှာရောက်နေတယ်ဆိုရင် သောကြာနေ့ညမှာ ဖုန်းခေါ်ပြီး စကားတွေအကြာကြီး ပြောလိုက်ပါ။

(၉) တီဗီစိတ်ကြိုက် ကြည့်မယ်

ဒီလိုညမျိုးမှာ သင်ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွဲတွေကို စိုးရိမ်ပူပန်စိတ် မရှိဘဲ စိတ်ကြိုက် ကြည့်နိုင်ပါတယ်။ ဂိမ်းဆော့ရတာ သဘောကျသူတွေလည်း ဂိမ်းတဝကြီး ဆော့ပါ။

(၁၀) လေ့ကျင့်ခန်း လုပ်မယ်

သင်နှစ်သက်တဲ့ သီချင်း အမိုက်စားတွေနဲ့ ကခုန်ပါ။ စိတ်ပျော်ရွှင်ပြီး ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ အထောက်အကူ ပြုပါတယ်။

ကဲ ပရိသတ်ကြီးရော ဒီနေ့ညမှာ ဘယ်အချက်တွေ လုပ်ကြည့်မယ်လို့ စဉ်းစာထားလဲ။

ဆက်စပ် သတင်းလင့်ခ် – ဈေးသက်သက်သာသာနဲ့ အပန်းပြေမယ့် နေပြည်တော်က “Peacock Rooftop Bar”

Did you find apk for android? You can find new Free Android Games and apps.
Loading