မကြာခင် ကျရောက်တော့မယ့် သင်္ကြန်အခါမယမှာ ဆံပင်စတိုင် အလန်းလိုချင်တယ်ဆိုရင် ဒီအရောင် ၆ ရောင်ကို စမ်းကြည့်သင့်ပါတယ်။ ဒါ့အပြင် ဆံပင်ဆိုးဖို့ ရည်ရွယ်ထားသူတွေ အတွက်လည်း ၂၀၁၈ မှာ ခေတ်စားလာနိုင်တဲ့ အရောင်တွေကို ပြင်သစ်နိုင်ငံ အခြေစိုက်၊ နိုင်ငံတကာ လစဉ်မဂ္ဂဇင်း တခုဖြစ်တဲ့ Marie Claire မှာ အခုလို ဖော်ပြထားပါတယ်။
(၁) Iridescent Lilac
လင်းလက်တောက်ပနေတဲ့ ခရမ်းဖျော့ရောင်က မော်ဒယ်တွေအတွက် အကြိုက်ဖြစ်စေမှာပါ။ အရောင်က သာမန်လူတွေ ဆိုးဖို့အတွက်ဆို နည်းနည်းတော့ အကြပ်ရိုက်ပေမယ့် လူကြားထဲမှာ အထာကျကျ အမိုက်စား ဖြစ်ချင်သူတွေ ဆိုးသင့်ပါတယ်။ ဆံပင်အရောင်ကိုက လင်းလက်နေတာကြောင့် သင့်အသားအရောင်ကို ပိုတောက်ပစေပါတယ်။
(၂) Honey-Blonde Ombre
ရွှေအိုရောင်ဖြူ ဖျော့ဖျော့လေးကိုမှ တခေါင်းလုံး အပြည့်မဆိုးဘဲ Highlight ဖောက်သလိုလေး လုပ်ကြည့်မယ်ဆိုရင် လူကြားထဲမှာ ထင်းနေစေမှာပါ။ နွေရာသီမှာ ဘိုမလေး တယောက်လို လှပနေတဲ့ အသွင် ဖန်တီးနိုင်ပါတယ်။
(၃) Crimson Red
အရောင်တောက်တောက်ကြီး မကြိုက်ဘူးဆိုသူတွေအတွက် ဒီလိုအရောင်မျိုးက သင့်တော်ပါတယ်။ အရောင်က နဲနဲ မှောင်တဲ့ဘက် သွားတာကြောင့် အသားတော့ ညိုသလို ဖြစ်စေပါတယ်။
(၄) Inky Black
Jet-black လိုမျိုး မည်းနက်နေတဲ့ အရောင်ကလည်း အခုဆယ်လီတွေကြားမှာ ခေတ်စားနေပါတယ်။ နိုင်ငံခြားသူတွေက ဆံပင်အနက်ကိုု လိုချင်လိုု့ ဆိုးကြတယ် ဆိုပေမယ့် မြန်မာမလေးတွေလည်း မည်းနက်တဲ့ ဆံပင်မျိုး လိုချင်ရင် နီကြောင်ကြောင် အရောင်ကို ဖျောက်ပြီး ဒီလိုမျိုး ဆိုးကြည့်ပါ။
(၅) Ash Brown
စာရေးသူ သဘောကျတဲ့ အရောင်ပါ။ အရောင်က မီးခိုးရောင် ဖျော့ဖျော့လေးကိုမှ အညိုဖောက်ထားတာကြောင့် အထာကျ နေမှာပါ။ ဒါ့အပြင် အခုမှ ဆံပင်စဆိုးမယ့်သူနဲ့ အရောင်တောက်တောက် မဆိုးရဲသူတွေ စမ်းကြည့်လို့ ရပါတယ်နော်။
၆) Icy Platinum
၂၀၁၈ မှာလည်း ဒီလို White-blonde တွေ ခေတ်စားမယ် ခန့်မှန်းရပါတယ်လို့ Marie Claire က ဆိုပါတယ်။ အမိုက်စား မော်ဒယ်နဲ့ Fashion Queen တွေ သဘောကျမယ့် အရောင်မျိုးပါ။
ကဲ ဒီအရောင် ၆ ရောင်နဲ့အတူ အလန်းစား ဆံပင်အရောင်တွေ ဖန်တီး ကြည့်ကြပါနော်။