အခု ဖော်ပြမယ့် ဆံပင်ပုံစံတွေကတော့ ဒီနှစ်ထဲမှာ ခေတ်စားနေတဲ့ ဆံပင်ပုံစံတချို့ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၈ ခုနှစ်မှာ အမျိုးသားတွေအတွက် ခေတ်စားနေတဲ့ ဆံပင်ပုံစံ Trend ကတော့ ဆွဲဆောင်မှုရှိပြီး နာမည်ကျော် ပုံစံတွေကို အခြေခံထားတဲ့ ပုံစံ၊ အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ စတိုင်ပုံစံတွေနဲ့ မြောက်အမေရိကအထိ ကျော်ကြားနေတဲ့ ဥရောပ ဆံပင်ပုံစံတွေ ဖြစ်ပါတယ်။
ဆံပင်ပုံပန်း သွင်ပြင်ကို ထင်းကနဲ ဖြစ်စေဖို့ ဆံပင်တို ညှပ်ကြတဲ့ပုံစံက ၂၀၁၇ ခုနှစ်မှာ တော်တော်လည်း လူကြိုက် များခဲ့ပြီး၂၀၁၈ ခုနှစ် အတွင်းမှာလည်း ဆက်လက် လူကြိုက်များနေတာ တွေ့ရပါတယ်။ ဆံပင်ညှပ်တဲ့ပုံစံနဲ့ စတိုင် အမျိုးအစား အားလုံးမှာ ဆံပင်ပုံပန်း သွင်ပြင်ကို ထပ်ပေါင်း ထည့်လာကြပါတယ်။
ဆံပင်တို၊ ဆံပင်ရှည်နဲ့ လှိုင်းတွန့် ဆံပင်အမျိုးအစားတွေအတွက် Taper ဆံပင်ပုံစံက အညှပ်များလာတာ တွေ့ရပြီး အဲဒီ ပုံစံတွေနဲ့အတူ ဆံပင်စတိုင်အားလုံးမှာ ဆံပင် မတိုမရှည် ပုံစံတွေကိုလည်း မြင်တွေ့ရပါတယ်။ မကြာခင် မြန်မာ့ရိုးရာ သင်္ကြန် အချိန်ခါလည်း နီးပြီမလို့ ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ၂၀၁၈ ခုနှစ်မှာ ခေတ်စားနေတဲ့ အမျိုးသား ဆံပင်ပုံစံတွေ အကြောင်း ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) Textured Crop
ဒီဆံပင်ပုံစံက ဆံပင်အမျိုးအစား အများစုနဲ့ လိုက်ဖက်တဲ့ ရှင်းသန့်ပြီး ခေတ်ဆန်တဲ့ ဆံပင် ပုံစံ ဖြစ်ပါတယ်။ ထူတဲ့ ဆံပင်ပဲ ဖြစ်ဖြစ်၊ ပါးတဲ့ဆံပင်ပဲဖြစ်ဖြစ် ထင်းကနဲ လင်းကနဲ ဖြစ်သွားစေနိုင်ပြီး လှိုင်းတွန့်ဆံပင်နဲ့ ကောက်တဲ့ ဆံသားပိုင်ရှင် အမျိုးသားတွေအတွက် သဘာဝကျကျ လိုက်ဖက်မယ့် ပုံစံတမျိုးလည်း ဖြစ်ပါတယ်။
(၂) Messy Short Crop
သာမန် ဆံပင်ပုံစံပဲဖြစ်ဖြစ် ပါးတဲ့ဆံပင်ပုံစံပဲဖြစ်ဖြစ် အနောက်လှန်ဖီးရတဲ့ ဆံပင်ပုံစံနဲ့ပဲဖြစ်ဖြစ် ဒီဆံပင် ပုံစံနဲ့က လိုက်ဖက်မှာပါ။ ဆံပင်အလွှာ၊ အသွင်သဏ္ဍာန်နဲ့ ရှုပ်ရှုပ်ထွေးထွေး စတိုင်ပုံစံက အပြည့်အဝ ကြည့်ကောင်းတဲ့ပုံစံတခုကို ပုံဖော်ပေးနိုင်မှာပါ။
(၃) Taper + Neck Fade
အပေါ်မှာ ဖော်ပြခဲ့တဲ့ Tape ဆံပင်ပုံစံက လှိုှုင်းတွန့်ပုံစံ ဆံသားရှိတဲ့ အမျိုးသားတွေနဲ့လည်း လိုက်ဖက်မှာပါ။ ဆံသားကို ခပ်ရှည်ရှည် ဆွဲဆန့်ထားတဲ့ပုံစံက ပိုမိုစတိုင်ကျစေပြီးတော့ လှိုင်းတွန့်ပုံစံက ဆွဲဆောင်မှုရှိတဲ့ ဆံပင် ပုံကျမှုကို ဖြစ်ပေါ်စေနိုင်မှာပါ။
(၄) Textured Sweep Back
Hot ဖြစ်စေမယ့် ဆံပင်ပုံစံ တမျိုးလည်း ဖြစ်ပါတယ်။ ဆံသား မတိုမရှည် ပုံစံနဲ့ Taper ပုံစံကို ပေါင်းစပ်လိုက်တဲ့အခါ စတိုင်ကျတဲ့ ဆံပင်ပုံစံ တခုကို ရရှိနိုင်မှာပါ။
(၅) Side Part Hairstyle
တဖက်ယိမ်းတဲ့ ဆံပင်ပုံစံက အခုထိ နေရာခိုင်ခိုင်မာမာ ယူထားဆဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ပြေလျော့တဲ့ ဆံပင်စတိုင်မှာ ပိုမိုရှည်လျားတဲ့ဆံပင်နဲ့ အရှေ့ပိုင်းမှာ အနားကွပ်ထားတာဖြစ်ပါတယ်။
(၆) Heavy Crop + Mid Fade
ဒီဆံပင်ပုံစံကတော့ ဆံသားထူပြီး ရှည်လျားတဲ့ ပုံစံကို ဘေးတဝိုက်မှာ အပါးပုံစံနဲ့ ဖန်တီးထား ဖြစ်ပါတယ်။ ဦးခေါင်း ထိပ်ပိုင်းမှာ ပိုမိုထူထဲပြီး ပုံစံကျတဲ့အသွင်ကို ဆောင်နိုင်မှာပါ။
(၇) Textured Bangs
ဦးခေါင်းအနောက်ပိုင်းက ဆံသားကို ပုံသွင်းမယ့်အစား ဆံပင်တွေအားလုံးကို အရှေ့ဘက်ကို လားရာ ညွှန်ထားတဲ့ ပုံစံ မျိုးလည်း ရှိပါသေးတယ်။ အနောက်ဘက်မှာ ဆံသားကို ပါးလွှာထားပြီး အရှေ့ဘက်မှာ ဆံပင်တွေကို စုပုံထားတဲ့ ဆံသား အရှည်ပုံစံလေး ဖြစ်ပါတယ်။
(၈) Pink Merman Hair
ပိုမိုရှည်လျားတဲ့ ဆံပင်စတိုင်တွေက သက်တန့်ရောင် ကာလာတွေထဲက တခုခုကို ဆိုးထားတဲ့ Merman ဆံပင်ပုံစံကို ဖန်တီးဖို့ အကောင်းဆုံးကုန်ကြမ်း ဖြစ်ပါတယ်။ ခပ်ပွပွ ဆံပင်ပုံစံက စတိုင်ကျပြီး သက်တောင့်သက်သာ ဖြစ်နေမှာပါ။
ကဲ… ၂၀၁၈ ခုနှစ်အတွင်းမှာ အမျိုးသားတွေအနေနဲ့ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ပြောင်းညှပ်ပြီး စတိုင်ကျကျ ရှိုးထုတ်လို့ ရပြီပေါ့။
ဆက်စပ် သတင်းလင့်ခ် – ၂၀၁၈ ခုနှစ်အတွက် စမ်းကြည့်သင့်တဲ့ ဆံပင်အရောင် ၆ မျိုး
Ref : menshairstyletrends