Trend

သင်မသိသေးတဲ့ နည်းပညာရဲ့ လျှို့ဝှက်ချက်များ

နည်းပညာရဲ့ အံ့မခန်း တိုးတက်မှုတွေနဲ့အတူ အသုံးပြုမှုတွေကလည်း တဖြည်းဖြည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လို့ လာပါပြီ။ နည်းပညာရဲ့ လျှို့ဝှက်ချက်တွေထဲကမှ အသုံးဝင်တဲ့ အချက်အလက်တွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

(၁) ဖုန်းဘက်ထရီ ကုန်ကာလည်း နီးနေပြီ၊ အားသွင်းစရာ နေရာလည်း မရှိဘူးဆိုတဲ့ အခြေအနေမျိုးမှာ ဖုန်းကို မပိတ်လိုက်ပါနဲ့။ အဲဒီအစား Airplane mode ကိုဖွင့်လိုက်ပါ။ ပြီးရင်တော့ ပြန်ပိတ်လိုက်ပါ။ နောက်တခါထပ်ပြီး ပြန်အဖွင့်အပိတ် လုပ်လိုက်မယ် ဆိုရင်တော့ ဖုန်းပါဝါဟာ အရေးပေါ် အသုံးပြုလို့ရတဲ့ အနေအထားကို ပြန်လည် ရောက်ရှိ သွားမှာပဲ ဖြစ်ပါတယ်။

(၂) ဘက်ထရီတွေကို ရေခဲသေတ္တာထဲမှာထားခြင်းအားဖြင့် ဘက်ထရီရဲ့သက်တမ်းကို ပိုမိုကြာမြင့်စေမှာပဲ ဖြစ်ပါတယ်။ ဘက်ထရီအစို မပြန်ရအောင် အဝတ်နဲ့သေချာပတ်ပြီး ထည့်ဖို့တော့ လိုပါတယ်။

(၃) Google ရဲ့အသုံးဝင်မှုတွေကိုတော့ အတန်အသင့်သိထားပြီဖြစ်ပေမယ့် Google ကို timer တခုအနေနဲ့ အသုံးပြုလို့ရတယ် ဆိုတာရော သင်သိပါသလား။ အဲဒီအတွက် ကုတ်ကတော့ Search box မှာ Set timer (x) Minutes လို့ ရိုက်ထည့်လိုက်ရုံပဲ ဖြစ်ပါတယ်။

(၄) Google.com မှာ ရှာဖွေနေတာကို သင့်အနေနဲ့ ရပ်သင့်ပါပြီ။ အဲဒီက ရလာမယ့် အချက်အလက်တွေထက် ပိုတိကျသေချာတဲ့ အချက်အလက်တွေ အတွက် scholar.google.com ရှိနေပါပြီ။

(၅) iPad အားသွင်းကြိုးတွေဟာ iPhone တွေကို မြန်မြန် အားပြည့်စေမှာပဲ ဖြစ်ပါတယ်။

(၆) ဟိုတယ်တခုမှာ ရောက်နေတဲ့အချိန် ဖုန်းအားကလည်းကုန်တော့မယ်၊ အားသွင်းစရာ ပလပ်ပေါက်လည်း ရှာမတွေ့တဲ့ အခြေအနေမျိုးမှာတော့ TV မှာရှိတဲ့ USB ပေါက်က သင့်ဖုန်းအတွက် အကူအညီ တခု ဖြစ်ပါလိမ့်မယ်။

(၇) တခါတရံ အပြင်ထွက်တော့မယ့် အချိန် ၊ဖုန်းကိုလည်း ရှာမတွေ့၊ silent လည်း လုပ်ထားမိပြီး ပျောက်နေတယ် ဆိုရင် ကွန်ပျူတာ ဒါမှမဟုတ် တခြား ဖုန်းတလုံးထဲကနေ Google Search box ဆီသွားလိုက်ပါ။ နောက်ပြီး play> android device manager > ring လို့ ရိုက်ထည့်လိုက်ရုံနဲ့ သင့်ဖုန်းကို အလွယ်တကူ ပြန်တွေ့စေမှာပါ။

Ref; Sadcasm (Technology Hacks)

Loading