မကြာမီ ကျရောက်လာတော့မယ့် မဟာသင်္ကြန်ကာလမျိုး နေရာတော်တော်များများမှာ ရေစိုလွယ်တဲ့ အနေအထားမျိုးမှာ ရုတ်တရက် ဖုန်းဟာ ရေစိုနိုင်တာကြောင့် သင်္ကြန် ရေပက်ခံထွက်မယ့်သူပဲဖြစ်ဖြစ် ၊ အိမ်မှာနေပြီး ရေစိုနိုင်တဲ့ အခြေအနေ ရောက်နိုင်တဲ့သူပဲ ဖြစ်ဖြစ် ရေစိုခံဖုန်း တခုလောက်ကိုတော့ ဆောင်ထားဖို့ လိုအပ်ပါတယ်။
Sony ဖုန်းအမျိုးအစားတွေကတော့ ဈေးနှုန်းနည်းနည်းမြင့်တယ်လို့ ဆိုနိုင်ပေမယ့် ရေစိုခံဖုန်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung ဖုန်းအမျိုးအစားတွေ ထဲမှာလည်း ရေစိုခံဖုန်းတွေရှိနေပြီး iPhone ထဲမှာလည်း ရှိနေပါတယ်။
ရေစိုခံဖုန်းအားလုံးကတော့ ညီတူမျှတ ဖန်တီးထားတာမျိုးမဟုတ်ဘဲ ကွာခြားတဲ့ပစ္စည်းတွေကတော့ ကွဲပြားတဲ့ ကာကွယ်မှု အဆင့်တွေကို ပေးစွမ်းနိုင်မှာပါ။ တချို့ဖုန်းတွေက ရေအောက်ထဲမှာ ရေငုပ်နေတဲ့အချိန်မှာတောင် အသုံးပြုနိုင် ပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ ဖုန်နဲ့ရေကို ကာကွယ်ပေးတဲ့ feature ပါရှိတဲ့ လျှပ်စစ်ပစ္စည်းတွေမှာ အသုံးပြုတဲ့ IP အဆင့် သတ်မှတ်စနစ်ကို ရှင်းပြပါမယ်။
IP ဆိုတာကတော့ Ingress Protection ဆိုတဲ့ စကားရပ်ရဲ့ အတိုကောက်ဖြစ်ပြီး ပြင်ပ က ကိုယ်ထည်တွေနဲ့ ရေငွေ့ပျံမှုတွေ ဝင်ရောက်လာမှုကို လျှပ်စစ်ပစ္စည်းတွေအတွက် တားဆီးပေးနိုင်တာလို့ အဓိပ္ပါယ်ဖွင့် ဆိုနိုင်ပါတယ်။ အခုဖော်ပြမယ့် ဖုန်းအမျိုးအစားတွေကတော့ IP သတ်မှတ်ချက် မြင့်တဲ့ဖုန်းအမျိုးအစားတွေပဲ ဖြစ်ပါတယ်။
(၁) Samsung Galaxy S9
Galaxy S9 ကတော့ ဒီနှစ်အတွက် အကောင်းဆုံးဖုန်း ဖြစ်တယ်ဆိုတာကိုတော့ သံသယဖြစ်ဖွယ် မရှိပါဘူး။ သုံးစွဲသူ အားလုံးကို စိတ်ကျေနပ်စေနိုင်မယ့် ဖုန်းတလုံးဖြစ်ဖို့ အကွေးဒီဇိုင်း၊ Hardware နဲ့ ဆော့ဖ်ဝဲလ်တွေကို ကျွမ်းကျွမ်းကျင်ကျင် ဖန်တီးထားတဲ့ Samsung နဲ့အတူ အကောင်းဆုံး အတွေ့အကြုံတွေကို ခံစားနိုင်မှာပါ။ ဒါပေမယ့် ကင်မရာလိုမျိုး၊ ID စစ်ဆေးတဲ့ နည်းပညာအပိုင်းမှာ အားနည်းချက် အနည်းငယ်ရှိပေမယ့် ဈေနှုန်းမြင့်တဲ့ S8 ဖုန်းတွေနဲ့တော့ တန်းတူလိုက် ပါတယ်။
(၂) Samsung Galaxy Note 8
ဈေးကြီးတဲ့ ဖုန်းတခုလို့ ဆိုနိုင်ပေမယ့် ဘဝမှာ အကောင်းမွန်ဆုံး အရာတချို့ဟာ ဈေးနှုန်း မချိုသာပါဘူး။ သူ့ထက်ပိုမို ဈေးပေါတဲ့ S8+ ကို ရွေးချယ်နိုင်ပေမယ့် ဈေးနှုန်းကို ကွဲပြားသွားစေတာ S Pen ပါဝင်လာလို့ ဖြစ်ပါတယ်။ လုပ်ဆောင်ချက် အပိုင်းမှာ ဆိုရင်လည်း ဖုန်းမျက်နှာပြင်က အံ့သြလောက်ဖွယ်ဖြစ်ပြီး ဓာတ်ပုံရိုက်ကူးတဲ့ အခါမှာလည်း အမှားအယွင်း ဖြစ်ပေါ်နိုင်ဖို့ မလွယ်ပါဘူး။ အားလုံး ကောင်းတယ်ဆိုပေမယ့် မကောင်းတာ တခုက မြင့်မားတဲ့ ဈေးနှုန်းပဲ ဖြစ်ပါတယ်။ လက်ဗွေစကန်ဖတ်စနစ်နဲ့ ရှည်လျားတဲ့ ဖန်ကိုယ်ထည်ကြောင့် အခြား သတ္တုဖုန်းတွေထက်တော့ ကွဲအက်လွယ်ပါတယ်။
(၃) Google Pixel 2
Pixel 2 ဖုန်းကတော့ စက် မဖွင့်ခင်အထိ ပျင်းဖို့ကောင်းတဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဖွင့်ပြီး သုံးကြည့်လိုက်မယ်ဆို ရင် တချို့ပြိုင်ဘက်တွေကို အလဲထိုးနိုင်တဲ့ ကင်မရာဟာ အရင်ဖန်တီးခဲ့တဲ့ အမျိုးအစားတွေ အားလုံးထက်သာလွန် ကောင်းမွန်နေတာကို တွေ့ရပြန်ပါတယ်။ Google က ထုတ်တဲ့ Hardware ကို ဝယ်မယ်ဆိုရင်အဲဒီလိုမျိုး အကျိုးကျေးဇူး တွေရမှာဖြစ်ပြီး Apple ကုမ္ပဏီက ဆယ်စုနှစ်နဲ့ ချီပြီးထုတ်နေတဲ့ နည်းပညာမြင့် ထုတ်ကုန်တွေကို ကောင်းကောင်း လိုက်မီနိုင်ပါတယ်။ ဓာတ်ပုံရိုက်ကူးတဲ့နေရာမှာ Galaxy S8 ထက်ပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။ အခုခေတ်ပေါ် Android စနစ်သုံး စမတ်ဖုန်းတွေထဲမှာ ကင်မရာနဲ့ ဆော့ဖ်ဝဲ အတွေ့အကြုံ ကောင်းမွန်မှုတို့ကို ပေးစွမ်းနိုင်မှာပါ။
(၄) LG V30
V30 နဲ့ ပတ်သက်လို့ ကြိုက်စရာတွေ အများကြီး ရှိပါတယ်။ LG က G6 အဓိကကျတဲ့ နေရာတွေမှာ အဆင့့်မြှင့်တင်လိုက် ပြီးတော့ ချောမွေ့ပြောင်လက်တဲ့ ဒီဇိုင်းကို မြင်တွေ့ရမှာပါ။ အခုတော့ ဈေးနှုန်းက ၅၉၉ ပေါင်ပဲ ရှိပြီးတော့ အကောင်းဆုံး ဒီဇိုင်း၊ ဖုန်းမျက်နှာပြင်၊ ကင်မရာနဲ့ အသံပိုင်းဆိုင်ရာကို ပေးစွမ်းမယ့် ဖုန်းကို ရှာနေတယ်ဆိုရင်တော့ ဒီဖုန်းကို ထောက်ခံ ပေးချင်ပါတယ်။
(၅) Apple iPhone X
iPhone X ကတော့ တမူထူးခြားမှုအချို့နဲ့ ထွက်လာခဲ့တယ်လို့ ဆိုနိုင်ပေမယ့် သုံးစွဲသူတွေအနေနဲ့ အားကိုးလောက်တဲ့ အရာမျိုး ပါမလာခဲ့ဘဲ အရင်ကဖုန်းတွေထက် တိုးတက်မှုတချို့ရှိတယ်ဆိုတာကိုတော့ မြင်တွေ့ခဲ့ရပါတယ်။ အခြား iPhone အသစ်တွေနဲ့ ယှဉ်မယ်ဆိုရင် feature တချို့ ပိုပါလာပေမယ့် အနိုင်ရရှိနေဆဲဖြစ်ပါတယ်။ ဒီလိုအဆင့်နဲ့ ဖုန်းတလုံးကို Android ဖုန်းမှာ ပိုနည်းတဲ့ ဈေးနှုန်းတဲ့ ရနိုင်ပေမယ့် iPhone ကတော့ ဈေးနှုန်း အမြင့်နယ်ပယ်မှာ မင်းမူနေဆဲ ဖြစ်ပါတယ်။
(၆) Huawei Mate 10 Pro
Mate 10 Pro ဖုန်းကတော့ Huawei ရဲ့ အကောင်းဆုံး ဖုန်းတလုံးဖြစ်ပါတယ်။ ကင်မရာက Pixel 2 XL လိုမျိုး မကောင်းပေမယ့် ပိုကောင်းတဲ့မျက်နှာပြင်၊ ပိုကောင်းတဲ့ ဘက်ထရီသက်တမ်း တု့ိပါရှိလာပါတယ်။ AI ပရိုဆက်ဆာက ဖုန်းထဲမှာ ပါဝင်လာပေမယ့် အဲဒါကို ဘယ် App တွေက အဓိက ထားသုံးနိုင်မယ်ဆိုတာ အာမခံချက်တော့မရှိပါဘူး။ အဲဒါတွေ ဖယ်လိုက်ရင်တောင် အကောင်းဆုံး ဖုန်းတလုံးအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
(၇) Samsung Galaxy S8
Samsung ကတော့ ၂၀၁၆ ခုနှစ်မှာ အကောင်းဆုံးဖုန်းတလုံးကို ဆောင်ကျဉ်းလာခဲ့ပြီး အံ့သြလောက်ဖွယ် Infinity မျက်နှာပြင်နဲ့ ပရီမီယံဒီဇိုင်းက တခြားဖုန်းတွေထက် သာလွန်ကောင်းမွန်ပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း အကောင်းဆုံး ဖုန်းတွေထဲကတခုဖြစ်ပါတယ်။ iPhone X ဈေးနှုန်းရဲ့ တစ်ဝက်လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ID စစ်ဆေးမှု စနစ်မှာတော့ ချို့ယွင်းချက်ရှိပါတယ်။ ပိုပါးလွှာတဲ့ မျက်နှာပြင်နဲ့ ဘက်ထရီပါတဲ့ ဖုန်းကိုလိုချင်ရင် တော့ S8+ ဖုန်းကို ထောက်ခံပေး ချင်ပါတယ်။
(၈) HTC U11
Samsung နဲ့ LG တို့ကိုပဲ ကြိုက်နှစ်သက်တဲ့သူတွေနဲ့လားရာမတူတဲ့ ဈေးကွက်အကြိုက်နဲ့ ခွဲခြားဖို့ခက်ခဲနေတဲ့ ဖုန်းတလုံး က HTC U11 ဖြစ်ပါတယ်။ ချောမွတ်တောက်ပပြီး အရောင်စုံတာက ဆန်းသစ်ပေမယ့် လူတိုင်းအတွက်တော့ မဖြစ်နိုင်ပါ ဘူး။ ဒါပေမယ့်လည်း ရေစိုခံတဲ့ ဖုန်းတလုံးဖြစ်ပါတယ်။
(၉) Google Pixel 2 XL
လုံးဝကို လန်းတဲ့ Pixel 2 XL စမတ်ဖုန်းဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းရော၊ တည်ဆောက်မှုအပိုင်းရော၊ အမြင်အပိုင်းရော အလွန်ကောင်းမွန်ပါတယ်။ ဖုန်းမျက်နှာပြင် ပြဿနာတချို့ကြောင့် စိတ်ရှုပ်ရနိုင်တဲ့အပြင် နားကြပ်ပေါက်နဲ့ microSD အပေါက်ပါရှိ မလာပါဘူး။ ကင်မရာအရည်အသွေးမှာ အကောင်းချည်းတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် Android စနစ်အသစ်ထွက်ရင် အလျင်အမြန် Update ရသလို သုံးနှစ်ကြာ အကန့်အသတ်မရှိတဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို သိမ်းဆည်းနိုင်ပါတယ်။
(၁၀) Apple iPhone 8
ကြိုးမဲ့အားသွင်းနိုင်တာ၊ သိုမှီးနိုင်တဲ့ပမာဏ 64GB ပါရှိတာ၊ လျင်မြန်တဲ့ A11 Bionic ပရိုဆက်ဆာပါရှိတာတို့ အပါအဝင် iPhone 8 မှာ ကောင်းတဲ့အချက်တော်တော်များများရှိနေပါတယ်။ ဒါပေမယ့် ဈေးနှုန်းမြင့်ပြီးတော့ iPhone 7 အသုံးပြု နေတဲ့သူတွေကို ဖုန်းပြောင်းကိုင်ပါလားလို့ အကြံမပြုနိုင်လောက်တဲ့အထိ တူညီမှုက မြင့်မားပါတယ်။
iPhone 6 ရဲ့ ခေတ်ဟောင်းပစ္စည်းပုံစံ ဒီဇိုင်းနဲ့ပိုဆင်တူပေမယ့် ပြောင်းလဲမှုကြီးကြီးမားမား တချို့လည်း ရှိပါတယ်။ iPhone နဲ့ Android ပြိုင်ဘက်တွေကို နှိုင်းယှဉ်ဖို့ ခက်ခဲပြီး သုံးစွဲသူတော်တော်များများ ကလည်း ခြံစည်းရိုးရဲ့ ဟိုဘက် ဒီဘက်မှာ ရှိနေကြဦး မှာပါ။ ဆော့ဖ်ဝဲလ်နဲ့ပတ်သက်လို့ မေ့ထားလိုက်မယ်ဆိုရင် iPhone 8 ဟာ သူနဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Galaxy S8 နဲ့ LG G6 တို့လို စိတ်လှုပ်ရှားစရာ ဖုန်းတလုံးတော့ မဟုတ်ပါဘူး။
ဆက်စပ် သတင်းလင့်ခ် – ဈေးကွက်ထဲက အကောင်းဆုံး ရေစိုခံစမတ်ဖုန်းများ