တစ်ယောက်နဲ့တစ်ယောက်သဘောကျလို့ တွဲကြည့်ကြမယ်ဆိုရင် နှစ်ယောက်သား နားလည်မှုတွေနဲ့သာ ရေရှည် လက်တွဲနိုင်မှာပါ။ တစ်ခါတစ်လေကျ မိန်းကလေးတွေက နားလည်ရခက်တယ်၊ ဘာကိုဖြစ်ချင်နေမှန်း မခန့်မှန်းနိုင်ဘူး ဆိုတဲ့ ကိုကိုတွေအတွက် သင့်ကောင်မလေး ပိုပိုပြီး အချစ်တိုးလာစေမယ့် နည်းလမ်းလေး တွေဝေမျှလိုက်ပါတယ်။
– မလိမ်ပါနဲ့။ မိန်းကလေးတွေအများစုက လိမ်တာကိုမုန်းကြပါတယ်။
– သူမနဲ့ပတ်သက်ပြီး အသေးစိတ်လေးတွေက အစမှတ်မိနိုင်အောင်ကြိုးစားပါ။
– သူတို့ကိုလှတယ်လို့ မကြာခဏပြောပေးပါ။
– သူတို့ကိုဖက်ဖို့မရှက်ပါနဲ့။
– မိန်းကလေးအများစုက အစားများများစားကြပါတယ်။ အစားများများစားတဲ့အခါ မဝေဖန်ပါနဲ့။
– သင့်အကြောင်းကို သင့်ကောင်မလေးရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ တော်တော်များများ သိပါတယ်။ ဒါကိုအပြစ်မတင်ပါနဲ့။
– သင်ကမိန်းကလေးသူငယ်ချင်းတယောက်နဲ့ စကားပြောနေပြီဆိုရင် သင့်ကောင်မလေးကို သင်နဲ့ အနီးဆုံးမှာထားပါ။
– ရန်ဖြစ်ရင်လက်မပါပါနဲ့။ မိန်းကလေးတွေအများစုက အဲ့ဒါကို မုန်းပါတယ်။
– လျှောက်လည်ဖို့ဘယ်နေရာသွားရမလည်း ခေါင်းစားမခံပါနဲ့။ သူတို့က သင်နဲ့အတူရှိရတာကိုပဲ သဘောကျတာပါ။
– မွေးနေ့၊ Anniversary နေ့မျိုးမှာ ပြောင်ချော်ချော်လက်ဆောင်သွားပေးရင် သူတို့စိတ်ဆိုးပါ တယ်။
– သင့်ကောင်မလေးက သင့်ကိုအကုန်ယုံပေးတယ်ဆိုရင် သင့်မှာ တာဝန်အရမ်းကြီးသွားပါပြီ။ သူတို့ကိုလိမ်တာမျိုးမလုပ်မိအောင်ရှောင်ပါ။ မဟုတ်ရင် စိတ်နာသွားနိုင်ပါတယ်။
ဒါဆိုရင် ဒီလိုအချက်လေးတွေကို သိပြီး နှစ်ယောက်သားရေရှည်ခိုင်မြဲတဲ့ ချစ်ခြင်းတည်ဆောက်နိုင်ဖို့ ဆန္ဒပြုပါတယ်။