Trend

လူတယောက်ကို တကယ်ချစ်မိနေမှန်း ဘယ်လိုသိနိုင်မလဲ

Want create site? Find Free WordPress Themes and plugins.

ချစ်သူရည်းစား စထားတော့မယ်ဆိုရင် တကယ်သဘောကျသလား သင့်ကိုယ်သင် သေချာအောင်မေးမြန်းသင့် ပါတယ်။ မဝေခွဲတတ်ဘူး မဆုံးဖြတ်တတ်ဘူးဖြစ်နေတဲ့အခါ အောက်ကနည်းလမ်းတွေက သင်တကယ် ချစ် မချစ်ဆုံးဖြတ်ပေးနိုင်ပါတယ်။

(၁)ခံစားချက်တွေလျော့မသွားဘူး။

ဘယ်လောက်ပဲတွဲလာတာ ကြာပါစေ ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကို ပြန်စဉ်းစားလိုက်တိုင်း ရင်ခုန်နေတတ်ပါတယ်။

(၂) ကြိုက်တဲ့အချက် မကြိုက်တဲ့အချက် ချရေးကြည့်မယ်။

သင်တွဲနေတဲ့သူရဲ့ ကောင်းတဲ့အချက် မကောင်းတဲ့အချက် ချရေးကြည့်ပါ။ ကောင်းတဲ့အချက်တွေက များနေပြီး သင်သဘောမကျတဲ့ အချက်တွေကိုတောင် လက်ခံနိုင်တယ်ဆိုရင် တကယ်ချစ်လို့ပါ။

(၃) မျှဝေခံစားနိုင်တယ်။

သူ့ရဲ့ကောင်းသတင်း ဆိုးသတင်းမှန်သမျှက်ု မျှဝေခံစားနိုင်ပါတယ်။ သူ့မိသားစုဝင်တယောက်သေဆုံးတဲ့အခါ သင်ထပ်တူထပ်မျှဝမ်းနည်း ရပါလိမ့်မယ်။

(၄) လွမ်းတယ်။

သူဘေးနားမှာရှိနေတုန်းက သိပ်မသိသာပေမဲ့ သူနဲ့အတူမရှိတဲ့အချိန်ကျရင် အလိုလိုလွမ်းလာပါလိမ့်မယ်။ တယောက်တည်းနေချင်တာထက် သူနဲ့ပဲအချိန်ပြည့်အတူရှိချင်ရင် သင်တကယ်သဘောကျလို့ပါ။

(၅) အနာဂတ်အစီအစဉ်တွေမှာ သူပါတယ်။

သင်တကယ်ချစ်မြတ်နိုးတဲ့အခါ သင့်ရဲ့ ၅ နှစ် သို့မဟုတ် ၁၀ နှစ် စီမံကိန်းထဲမှာ သူပါ ပါဝင်နေမှာ ဖြစ်တယ်။

(၆) သူက သင့်ကို ပြောင်းလဲပေးနိုင်တယ်။

သင့်ကိုယ်သင် ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါ သူ့ကြောင့်သင်ဘယ်လောက်ပြောင်းလဲသွားသလဲ သိနိုင်ပါတယ်။အရင်က ဆိုးခဲ့တဲ့သင်ဟာ သူ့ကြောင့်မထင်မှတ်လောက်အောင် ပြောင်းလဲသွားနိုင်ပါတယ်။

(၇) သဝန်တိုမယ်။

တကယ်ချစ်တဲ့အခါ သဝန်တိုပါတယ်။ သင့်အပေါ်သူ့ရဲ့စိတ်ဝင်စားမှုတွေ ကုန်ဆုံးသွားမှာကို သင်အမြဲကြောက်နေရပါမယ်။ သူ့ကိုအမြဲသံသယဝင်နေတယ် မယုံသင်္ကာနဲ့ လိုက်ပြီးစစ်ဆေးမေးမြန်းနေရတယ်ဆိုရင်တော့ သင်တကယ်မချစ်သေးလို့ပါ။

ဒီလောက်ဆိုရင် သူ့ကိုသင်တကယ်ချစ်မချစ် စစ်ဆေးလို့ရပြီထင်ပါတယ်နော်။

Did you find apk for android? You can find new Free Android Games and apps.
Loading