ဆက်ကျော်သက်တွေကြားထဲမှာ ရေပန်းစားလာတာက ကိုရီးယားဖက်ရှင်တွေပါ။ ကိုရီးယားဖက်ရှင်တွေက ပေါ့ပါးပြီး လူငယ်ဆန်တာကြောင့် အထာကျကျဝတ်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။
(၁) ပေါ့ပေါ့ပါးပါး စတိုင်
ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပါးတဲ့အထည်မျိုး ရွေးချယ်ဝတ်ဆင်ပါ။ အရောင်တွေမရှုပ်စေဖို့ သတိပြုပါ။
(၂) ယောကျာ်းလေးစတိုင်
ဂျင်းဘောင်းဘီနဲ့ ဂျင်းအကျီၤ (သို့) ရှပ်နဲ့ စတိုင်ပန့်မျိုး ဝတ်ဆင်နိုင်ပါတယ်။ ယောကျာ်းလေးဆန်တဲ့ ဒီဇိုင်းမျိုးကိုမှ ဆံပင်ကို ကပိုကရိုလေးလုပ်ထားကြည့်တာက သင့်ကို အမြင်ဆန်းစေမှာပါ။
(၃) Bitin Pants
ပုံထဲကအတိုင်း မြင်နေရတဲ့ ဒီလိုဘောင်းဘီဒီဇိုင်းကို ဆယ်လီတွေကအစ ဝတ်ဆင်နေတာတွေ့ရမှာပါ။ အပေါ်က တီရှပ်ပဲဖြစ်ဖြစ်၊ မိန်းမဆန်တဲ့ အကျီၤ ပွယောင်းယောင်းနဲ့ ဖြစ်ဖြစ် ဝတ်ဆင်ပါ။
(၄) Sneakers
ချစ်စရာကောင်းတဲ့ ကိုရီးယားမလှလှလေးတွေကို ကြည့်ရင် Sneaker အမြဲစီးတာတွေ့ရမှာပါ။ လူငယ်ဆန်ဆန် ချစ်စရာကောင်းတဲ့ ပုံစံအတွက် Sneaker က မရှိမဖြစ်ပါပဲ။
(၅) အလွှာများများ
ကိုရီးယားမလေးတွေက အထပ်ထပ်ဝတ်ကြပါတယ်။ ပုံပါအတိုင်းအလွှာများများပါတဲ့ ဒီဇိုင်းမျိုးနဲ့ သင့်ကိုသင် ပုံစံပြောင်းကြည့်ပါ။
(၆) အနွေးထည်
Denim jacket, Bomber jacket, cardigan စသည်ဖြင့် အနွေးထည်ဒီဇိုင်းမျိုးစုံနဲ့ သမရိုးကျ စတိုင်ကနေ ခွဲထွကိကြည့်ပါ။
အထက်ပါ နည်းလမ်းလေးတွေနဲ့အတူ နုပျိုလန်းဆန်းတဲ့ လူငယ်စတိုင်လေး ဖန်တီးကြည့်ပါ။