ချစ်သူရည်းစားတွေကြားမှာ ရန်ဖြစ်တယ်ဆိုတာအဆန်း မဟုတ်ပါဘူး။ သို့သော်လည်းပဲ မကြာခဏ ရန်ဖြစ်နေရတယ်၊ စိတ်ညစ်နေရတယ် ဆိုရင်တော့ ပြန်လည်စဉ်းစားဖို့ လိုအပ်နေတာ အမှန်ပါပဲ။ ရန်ဖြစ်ပြီးနောက် နှစ်ဦးနှစ်ဖက်သား ပြန်လည်အဆင်ပြေအောင် ကြိုးစားနိုင်တဲ့အတွဲက ပြတ်နိုင်ချေ နည်းပါတယ်။ ဒါကြောင့်ရန်ဖြစ်ပြီးနောက် အချစ်တွေ တိုးလာစေမဲ့ နည်းလမ်းလေးတွေ ဝေမျှလိုက်ပါတယ်။
– ပြန်စခေါ်ပါ။
ပြသနာတခုဖြစ်ပြီး နောက်ပိုင်း ဘယ်လို ပြင်ဆင်ရမယ်ဆိုတာပဲ တွေးပါ။ ရန်ဖြစ်ပြီးရင် သူအရင်ခေါ်မှ ပြန်ခေါ်မယ်ဆိုပြီး တင်းခံနေလို့ ပြတ်သွားကြတဲ့အတွဲတွေ ဒုနဲ့ဒေးပါ။ ဒါကြောင့် သင်ဟာကိုယ့်ကိုယ်ကို သဘောထားကြီးသူအဖြစ်သတ်မှတ်ပြီး စိတ်ဆိုးပြေတာနဲ့ ပြန်စခေါ်လိုက်ပါ။
– စိတ်ပျော်အောင်နေပါ။
ရန်ဖြစ်ပြီးနောက် စိတ်ညစ်မနေဘဲ သူသင့်အပေါ်အရင်က ကောင်းပေးခဲ့တာတွေကို တွေးကြည့်ပါ။ သူနဲ့မသက်ဆိုင်တဲ့ ပျော်ရွှင်စရာအရာတွေလည်း တွေးရာပါတယ်။
– အကောင်းမြင်စိတ် မွေးပါ။
ရန်ဖြစ်တိုင်း သင်တို့ဆက်ဆံရေးက ဆိုးရွားသွားပြီလို့ တွေးမနေပါနဲ့။ ရန်ဖြစ်တဲ့အခါ သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုး၊ ကိုယ်ထိလက်ရောက်ပြုမူတာမျိုးကို တတ်နိုင်သလောက်ရှောင်ပါ။
– သူ့ဘက်ကိုယ့်ဘက်မျှတွေးပါ။
သူက သင့်ကို အထင်လွဲနေတယ်ဆိုရင် ငါ့ကိုဘာလို့နားမလည်ရတာလဲလို့ တွေးနေမဲ့အစား သူ ဘယ်လိုခံစားရမယ်ဆိုတာအရင်တွေးကြည့်ပါ။ သင့်ဘက်က အမြင်တင်မကဘူး သူ့ဘက်ကအမြင်ကိုပါ ကြည့်တတ်အောင် ကြိုးစားပါ။
– တယောက်တည်းနေပါ။
သူ့ကိုအရမ်းစိတ်ဆိုးနေတာ်ဆိုရင် တယောက်တည်း နေကြည့်ပါ။ သူ့ကို စကားပြောမနေတော့ဘဲ လက်လွှတ်ခံနိုင်သလား၊ တကယ်ချစ်လားဆိုတာ တွေးကြည့်ပါ။ တကယ်မစွန့်လွှတ်နိုင်ဘူးဆိုရင် သူနဲ့ပြန်အဆင်ပြေဖို့ သင့်ဘက်က မာနလေး ဖြေလျှော့လိုက်ပါ။
ကဲ… ဒီလိုမျိုးလေးတွေ စဉ်းစားကြည့်ပြီး တဦးနဲ့တဦး ခိုင်မာတဲ့ချစ်ခြင်းတရားကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။