သင့်သူငယ်ချင်း ၊ မိတ်ဆွေတွေထဲမှာ အမြဲတမ်းဓာတ်ပုံထဲမှာ ကြည့်ကောင်းနေတတ်တဲ့ သူတွေရှိကြတယ် မဟုတ်လား။ ဓာတ်ပုံရိုက်တဲ့အခါမှာ အရေးအကြီးဆုံးကတော့ ကင်မရာရဲ့ ရှုထောင့်ပါပဲ။ ဒီတော့ ဓာတ်ပုံရိုက်ရင် ဓာတ်ပုံထဲမှာ ကြည့်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက် ၁၀ ချက်ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) မျက်နှာရဲ့ ဘယ်ဘက်ခြမ်းကိုပဲ ပြပါ ။ ကိုယ့်ရဲ့ မျက်နှာ ဘယ်အခြမ်းက ပိုကြည့်ကောင်းလဲဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ ဖက်ရှင်ဓာတ်ပုံ ဆရာတယောက်ဖြစ်တဲ့ Garance Doré ကရော ၊ဆန်းစစ်လေ့လာချက်တွေကပါ မျက်နှာရဲ့ ဘယ်ဘက်ခြမ်းဟာ ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။
(၂) အဖွဲ့လိုက်ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာရဲ့ အနီးဆုံးကို အရမ်းမကပ်ပါနဲ့။ ရှုထောင့်အရရော အချိုးအရပါ ဘယ်လိုမှ အဆင်မပြေနိုင်တာမို့ပါ။
(၃) ကိုယ်လုံးပြည့်ဓာတ်ပုံတွေ အတွက်ကတော့ အောက်ဘက်ထောင့်ကနေ ရိုက်ယူသင့်ပါတယ်။ ဖက်ရှင်ဘလော့ဂါ တယောက်ဖြစ်တဲ့ Chriselle Lim ကတော့ အဲဒီထောင့်ကနေ ရိုက်ယူခြင်းဖြင့် သင့်ကို ပိုကြည့် ကောင်းစေမယ်လို့ဆို ပါတယ်။
(၄) ကင်မရာကို ဘယ်တော့မှ တိုက်ရိုက် မျက်နှာချင်းမဆိုင်ပါနဲ့ ။ ဒီအချက်ကို ရှောင်ကြဉ်ခြင်းအားဖြင့် ပိုပြီးတိကျတဲ့ သေလည်းသေချာတဲ့ ဓာတ်ပုံအကောင်းစားတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၅) ထိုင်ပြီးရိုက်မယ့် ဓာတ်ပုံအတွက် အပေါ်ဘက်ထောင့်ကို ရွေးချယ်သင့်ပါတယ်။ အပေါ်စီးကနေ ကင်မရာက ရိုက်ယူတဲ့အခါ သင့်မျက်နှာကို မော့ကြည့်နိုင်တာကြောင့် မေးရိုးကို တိတိကျကျပေါ်လွင်စေမှာ ဖြစ်ပါတယ်။
(၆) Crop ကို သေချာလုပ်ပါ။ ဘာလို့လဲဆိုတော့ Crop လုပ်တဲ့အခါ သင့်ခန္ဓာကိုယ်တခုလုံး အပြည့်ပေါ်နေဖို့နဲ့ အလျားအရလည်း အချိုးကျကြည့်ကောင်းနေမှာကြောင့် ဖြစ်ပါတယ်။
(၇) ဓါတ်ပုံထဲမှာ ကြည့်ကောင်းနေစေဖို့အတွက် သက်တောင့်သက်သာ ပြုံးဖို့ လိုအပ်ပါတယ်။ ဒီအတွက်တော့ လိုအပ်ချက် လေးခုရှိပါတယ် ။ အဲဒါတွေကတော့ (၁) မျက်လုံးတွေ မှိတ်ထားလိုက် (၂) အသက်၀၀ရှူ (၃) ကင်မရာခလုတ်မနှိပ်ခင် မျက်လုံးတွေကို ဖွင့်ပြီး (၄) ပြုံးကြည့်လိုက်ပါ။
(၈) ပြုံးတဲ့အခါ လျှာကို သွားနောက်မှာ ထားဖို့ လ်ုအပ်ပါတယ်။ ဒါဟာ သိပ်ကိုအရေးကြီးတဲ့အချက်လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြုံးတဲ့အပြုံးက အတင်းကာရော ဖြစ်မသွားအောင်နဲ့ ဓါတ်ပုံထဲမှာ သဘာဝဆန်ဆန် လှပနေအောင်ပဲ ဖြစ်ပါတယ်။