Trend

သင့်ဘေးနားကသူက အဆိုးမြင်သမား တယောက်လားဆိုတာ ဘယ်လိုအကဲခတ်မလဲ

Want create site? Find Free WordPress Themes and plugins.

နေ့စဉ် လူအများနဲ့ တွေ့ဆုံကြတဲ့အခါ ဘယ်သူက ဘယ်လိုစိတ်ထားရှိလဲ အချိန်တိုအတွင်း မသိနိုင်ပါဘူး။ အကောင်းမြင်သမားနဲ့တွေ့ရင် ကိုယ့်စိတ်က အလိုလို အေးချမ်းပြီး သူနဲ့စကားပြောရတာကိုက စိတ်ချမ်းသာရပေမယ့် အဆိုးမြင်သမားနဲ့ တွေ့ခဲ့ရင်တော့ ဘာလုပ်လုပ် စိတ်မကြည်တော့ပဲ ကိုယ့်အပေါ်ပါ အကျိုးသက်ရောက် စေပါတယ်။

ဒီတော့ ဘယ်လိုလူမျိုးက ကိုယ့်ကို အဆိပ်တောက်ဖြစ်စေမယ့် အဆိုးမြင်သမားလည်းဆိုတာ အချိန်တိုအတွင်း အဖြေထုတ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ ကြည့်ရအောင်။

တပါးသူအတင်း အမြဲပြောနေသူ

တယောက်နဲ့ တယောက်ဆုံရင် ကောင်းသတင်းတွေကြီးပဲ ဝေမျှတတ်တာ မဟုတ်ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် တွေ့တာနဲ့ သူများ မကောင်းကြောင်းပဲ တရစပ် ပြောနေသူမျိုးက ဘယ်လိုမှ အကောင်းမြင်သမား မဖြစ်နိုင်ပါဘူး။ ခုမှ စတွေ့တဲ့သူကိုတောင် တပါးသူ အတင်းပြောနေပြီဆိုရင် သင်သတိထားသင့်တဲ့ လူစာရင်းထဲ ထည့်ရမယ့်သူပါ။

စောဒက တက်လွန်းသောသူ

ဘယ်နေရာမဆို တစ်ခုခုတော့ အထွန့်တက်တတ်တဲ့သူမျိုးက ပေါင်းသင်းအပ်တဲ့ မိတ်ဆွေထဲ မပါပါဘူး။ စောဒက တက်သင့်တဲ့နေရာ တက်ရမယ် ဆိုပေမယ့် အသေးအမွှားကအစ မကျေနပ်ဖြစ်နေပြီဆိုရင် ကိုယ်ပါ သူ့အမူ အကျင့်တွေ မကူးအောင် အရော မဝင်ပါနဲ့။ လုပ်ငန်းခွင် တနေရာတည်းမို့ တွေ့နေရမယ်ဆိုရင်တောင် ကိုယ်ပေါင်းစိတ်ခွာ နေပါ။

အခွင့်ထူးခံ ဖြစ်ချင်သူ

ကိုယ့်ကိုကိုယ် သူတပါးထက် အခွင့်အရေး ရသင့်သူလိုပဲ အမြဲမြင်နေသူပါ။ ကြိုးစားသလောက်နဲ့ ရသင့်တဲ့ အခွင့်အရေး ရတာကို ဒီထက်မက လောဘတက်နေတာက အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒီလိုအခွင့်ထူးခံ ဖြစ်ချင်သူတွေ ကိုယ့်အနားမှာရှိနေရင် သတိထားပေါင်းပါ။

တပါးသူ စိတ်ဓာတ်ကျအောင် ခံစားမိစေသူ

နဂိုတည်းက ကိုယ့်အခြေအနေကိုယ် စိတ်ဓာတ်ကျနေတဲ့သူဆိုရင် ဒီလိုလူမျိုး အနားမှာရှိရင် သတ်သေချင်စိတ်တောင် ပေါက်သွားနိုင်ပါတယ်။ ကျနေတဲ့စိတ်ကို အကောင်းအတိုင်းပြန်ဖြစ်ဖို့ စိတ်ခွန်အားရမယ့်အစား လက်ရှိ အခြေအနေ ကတောင် ထိုးဆင်းသွားနိုင်တာမို့ ဒီလိုလူမျိုး သင့်ဘေးနားမှာ ရှိနေတာဟာ ဆိုးကျိုးသက်ရောက် စေပါတယ်။

တပါးသူအတွက် ဘယ်တော့မှ ထည့်မစဉ်းစားတတ်သူ

ကိုယ့်အတွက်ပဲ ကြည့်တတ်တဲ့ တကိုယ်ကောင်းသမားတွေပါ။ တခြားသူရဲ့ ခံစားချက် ဝေဒနာတွေကို လျစ်လျူ ရှုတတ်တဲ့အပြင် စိတ်လည်းမဝင်စားတတ်သူတွေမို့ သူတို့နဲ့ဝေးရာမှာပဲ နေပါ။

Ref: Ideapod

Did you find apk for android? You can find new Free Android Games and apps.
Loading