အလုပ်လုပ်နေရတာ ကြာပြီဖြစ်ပေမဲ့ စိတ်မပျော်မရွှင်နဲ့ မရေရာ မသေချာဖြစ်နေတယ်ဆိုရင် အလုပ်ထွက်သင့် နေပါပြီ။ သင်ကိုယ်တိုင်က ထွက်ချင်သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် သည်းခံနေတာက ရေရှည်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အောက်ကလက္ခဏာမျိုးဖြစ်နေပြီဆိုရင်တော့ သင် တကယ်ပဲထွက်သင့်နေပါပြီ။
(၁) နေ့တိုင်းလုပ်နေရတဲ့အလုပ်မှာ စိတ်ညစ်နေရတယ်။
သင်လုပ်နေရတဲ့အလုပ်ချိန် ၈ နာရီမှာ အချိန်ပြည့် စိတ်ညစ်ပြီး စိတ်ဖိစီးမှုတွေ ခံစားနေရပြီလား။ ပျင်းရိငြီးငွေ့ပြီး အထင်လွဲတာတွေပဲ ဖြစ်နေပြီလားဆိုတာ ပြန်လည် သုံးသပ်သင့်ပါတယ်။ သင်လုပ်နေရတဲ့အလုပ်က သင့်အတွက် ဘာမှ အရေးမပါတော့သလို ဖြစ်နေရင် နားသင့်နေပါပြီ။
(၂) အဆင်မပြေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရတယ်။
သူဌေးနဲ့ မဖော်ရွေတဲ့ပတ်ဝန်းကျင်ကြား နေနေရပြီး ရင်ဖွင့်ဖို့လုပ်ဖော်ကိုင်ဖက်ကောင်း တယောက်မှ မရှိတဲ့အခါမျိုး၊ HR က ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်မပြုသလို ရုံးရဲ့အုပ်ချုပ်ပုံစနစ်က စိတ်ပျက်ဖွယ်ဖြစ်နေတဲ့အခါမျိုးမှာ ဆက်ရှိမနေသင့်တော့ပါဘူး။
(၃) ကိုယ်နဲ့မကိုက်ညီတဲ့အရာလုပ်နေရတယ်။
သင်က အေးအေးလူလူနေတတ်တဲ့သူဆို လူအများနဲ့ဆက်ဆံရတာက အဆင်ပြေမှာမဟုတ်သလို သင်စိတ်မဝင်စားတဲ့ အရာတခုကို အားသွန်ခွန်စိုက်လုပ်နေရတာက ကြာလာရင် သင့်အတွက် စိတ်ဖိစီးမှု ဖြစ်စေပါတယ်။
(၄) တက်လမ်း မရှိဘူး။
သင်က ဒီ့ထက်ပိုပြီးအများကြီးမျှော်မှန်းထားသော်လည်း အလုပ်က သင့်ကို ရာထူးတိုး မပေးတာမျိုး၊ သင်လုပ်နိုင်တယ် ထင်ပေမဲ့ သင့်ကို အခွင့်အရေးမပေးတာမျိုးတွေ ကြုံရမှာပါ။ ဒီလိုအရာတွေဖြစ်လာရင် ဆက်ရှိမနေဘဲ အမြင့်ကို ပျံတက်နိုင်ဖို့ အခြားနည်းလမ်းတခုကို ရွေးချယ်သင့်ပါတယ်။
(၅) ထွက်လာတဲ့ ရလဒ်နဲ့ ပတ်သက်ပြီး မပျော်ရွှွင်ဘူး။
သင်လုပ်လိုက်တဲ့အလုပ်တခုက ပြီးမြောက်သွားတဲ့အခါ သင့်ကိုပျော်ရွှင်မှု အပြည့်အဝ မရစေဘူးဆိုရင် ပြန်လည်စဉ်း စားသင့်ပါပြီ။ အခြားဘယ်လိုပြသနာပဲရှိရှိ သင်လုပ်နေရတဲ့အလုပ်အပေါ် သင်ကျေနပ်နေတယ်ဆိုရင် ပျော်နေဦးမှာပါ။ ဒီလိုမှမဟုတ်ဘဲ အလုပ်ကို တာဝန်ကျေလုပ်နေတယ်ဆိုရင် မကောင်းတဲ့ အခြေအနေတခုပါ။
အလုပ်တခုရဖို့ ခက်ခဲတယ်ဆိုပေမဲ့လည်း သင့်အတွက်မပျော်ရွှင်နိုင်ဘူး၊ မျှော်လင့်ချက် ဘာတခုမှ မရှိတော့ဘူး ဆိုရင် တွယ်ကပ်မနေဘဲ ကောင်းမွန်တဲ့နောက်တခုကို ရဖို့ ရှာဖွေသင့်ပါတယ်။ ငွေကြေးထက် စိတ်ပျော်ရွှင်မှုက အရေးကြီးတာကြောင့် ဝါသနာအရင်းခံတဲ့ အလုပ်ကိုသာ အောင်မြင် အောင်လုပ်သင့်တယ်လို့ ထင်မြင်မိပါတယ်။