ကလေးအတွက် ထုတ်လုပ်ထားတဲ့ Baby Powder တွေဟာ အမျိုးသမီးတွေရဲ့ နေ့စဉ် အလှအပရေးရာ အတွက်လည်း အသုံးဝင်လှတာကြောင့် ပျိုမေတို့အတွက် Baby Powder ရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်တောင်ကော့တဲ့အခါ မျက်တောင်ကော့ဆေး (Mascara) အသုံးမပြုခင် Baby Powder အနည်းငယ်ကို Brush အသေးစား ဒါမှမဟုတ် နားသန့်ရှင်းရေး ပြုလုပ်တဲ့အခါ အသုံးပြုတဲ့ ဂွမ်းတံလေးနဲ့ယူပြီး မျက်တောင်တွေပေါ်မှာ အရင် သုတ်ပေးပါ။ ပြီးမှ Mascara နဲ့ မျက်တောင်တွေကို ကော့ပေးခြင်းအားဖြင့် မျက်တောင်တွေကို ပုံမှန်ထက် ပိုမို ထူထဲ ရှည်လျားစေမှာ ဖြစ်ပါတယ်။
(၂) ခေါင်းလျှော်ဖို့ အချိန်ကလည်းမရှိ၊ ဆံသားတွေကလည်း စေးကပ်ညစ်ပတ်နေတဲ့ အခါမျိုးတွေမှာ Baby Powder ကို Dry Shampoo အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဆံသားတွေပေါ်ကို Baby Powder အနည်းငယ်ဖြူးပြီး ဘီးခပ်ကြဲကြဲနဲ့ ဖြီးချ ပေးခြင်းအားဖြင့် ခေါင်းလျှော်ထားသလို ဆံသားတွေက ပုံကျလှပနေမှာ ဖြစ်ပါတယ်။
(၃) မိတ်ကပ်လိမ်းပြီးတဲ့အခါ မိတ်ကပ်သား ကြာကြာခံစေဖို့နဲ့ အောက်ခံမိတ်ကပ် Foundation ကို နေရာ မရွေ့အောင် Setting လုပ်တဲ့အခါ အသုံးပြုတဲ့ Setting Powder အနေနဲ့ Baby Powder ကိုအသုံးပြုနိုင်ပါတယ်။
(၄) အဝတ်အထည်တွေ မတော်တဆ ဆီစွန်းသွားတဲ့ အခါမျိုးတွေမှာ Baby Powder အနည်းငယ်ကို ဆီစွန်းကွက်ရဲ့ အတွင်းနဲ့ အပြင်ဘက်ပေါ်ကို အနည်းငယ် ဖြူးပေးပြီး တနာရီခန့် ထားပေးပါ။ ပြီးကာမှ လျှော်ဖွပ်ပြီး လှန်းပေးခြင်းအားဖြင့် အဝတ်အထည်တွေပေါ်က ဆီစွန်းကွက်တွေကို အလွယ်တကူ ပျောက်ကွယ်သွားစေမှာ ဖြစ်ပါတယ်။
(၅) အရောင်မှိန်နေတဲ့ လည်သာအဝတ်အစားတွေပေါ်ကို Baby Powder အနည်းငယ်ဖြူးပြီး ခြောက်သွေ့ပြီးသန့်ရှင်းတဲ့ အဝတ်စတခုနဲ့ အသာအယာ သုတ်ပေးခြင်းအားဖြင့် လည်သာအဝတ်အစားတွေကို အသစ်အတိုင်း အရောင်ပြန်ထွက်လာ စေမှာ ဖြစ်ပါတယ်။
Ref. http://stylecaster.com