ပျိုမေတို့ရဲ့ နေ့စဉ်ဘဝထဲမှာ တစိတ်တပိုင်းအနေနဲ့ ပါဝင်တဲ့ အလှအပရေးရာနဲ့ ပက်သက်ပြီး သိထားသင့်တဲ့ အသုံးဝင်မယ့် အတိုအထွာလေးတွေကို တစုတစည်းတည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။
(၁) ခေါင်းလျှော်ပြီးလို့ ခေါင်းရေသုတ်တဲ့အခါ တဘက်အစား တီရှပ်ကို အသုံးပြုပေးသင့်ပါတယ်။ တဘက်ထက်စာရင် တီရှပ်ဟာ ရေစုပ်ယူမှု ပိုုမိုအားကောင်းတဲ့အပြင် ရေခြောက်သွားတဲ့အခါမှာလည်း ဆံပင်တွေကို ရှုပ်ထွေးမှု ကင်းကင်းနဲ့ ချောမွေ့စေမှာ ဖြစ်ပါတယ်။
(၂) ခရီးသွားတဲ့အခါ အဝတ်အစားတွေကို မီးပူတိုက်ဖို့ မီးပူမပါတဲ့ အချိန်မျိုးမှာ သင့်ရဲ့ ဆံပင်ဖြောင့်စက်ကို မီးပူအဖြစ် အသုံးပြုပြီး တွန့်ကြေနေတဲ့ အဝတ်အစားနေရာပေါ်မှာ အသာအယာ မီးပူတိုက်ပေးနိုင်ပါတယ်။ မီးအပူရှိန် အရမ်းမပြင်းဖို့ ကိုတော့ သတိထားဖို့ လိုပါတယ်။
(၃) ဖိနပ်ကြပ်ကြပ်တွေ စီးတဲ့အခါမျိုးတွေနဲ့ ဒေါက်ဖိနပ်စီးတဲ့ ပျိုမေတို့ ဖြစ်လေ့ရှိတဲ့ ခြေဖနောင့် နာကျင်တာမျိုးနဲ့ ခြောက်သွေ့ အက်ကွဲတာမျိုးတွေ ဖြစ်တဲ့အခါ ပလုပ်ကျင်းဆေးရည် (Mouth Wash) အဖုံး တဖုံးစာ၊ ပန်းသီးရှာလကာရည် အဖုံး တဖုံးစာနဲ့ ရေခပ်နွေးနွေး အနည်းငယ်တို့ကို ရောပြီး ခြေထောက်တွေကို သန့်ရှင်းဆေးကြောပေးရုံနဲ့ အံအားသင့် ဖွယ်ရာ ရလာဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၄) ခြေသလုံးမွှေးနဲ့ ချိုင်းမွှေးတွေ ရိတ်တဲ့အခါမျိုးတွေမှာ မရိတ်ခင် သံလွင်ဆီ အနည်းငယ်ကို ခြေသလုံးနဲ့ ချိုင်းမှာ လိမ်းပေးပြီးမှ ရိတ်ခြင်းအားဖြင့် သင့်အသားအရေကို ကြမ်းတမ်းမှုနဲ့ နာကျင်မှုဖြစ်စေခြင်းမှ လျော့နည်းစေပါတယ်။
(၅) ဂျင်းဘောင်းဘီ လျှော်ဖွပ်ဖို့ အချိန်ကမရှိ၊ အနံ့အသက်ကလည်း မကောင်းတော့ဘဲ နောက်တရက်ဆို ပြန်ဝတ်ရတော့မယ့် အရေးပေါ် အခြေအနေမျိုးတွေမှာ ဂျင်းဘောင်းဘီကို အိတ်တလုံးထဲထည့်၊ သေချာပိတ်ပြီး ရေခဲသေတ္တာ အခဲကန့်ထဲမှာ ထည့်ထားပေးရုံနဲ့ အနံအသက် မရှိတဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်နိုင်မှာပဲ ဖြစ်ပါတယ်။
Ref. http://www.ba-bamail.com