သက်တောင့်သက်သာလည်းရှိ စတိုင်လည်းကျပြီး မိန်းကလေးရော ယောကျာ်းလေးပါ ဘာနဲ့ပဲ တွဲဖက်ဝတ်ဝတ် အဆင်ပြေပြီး စတိုင်မိုက်တာ၊ ဘယ်တော့မှ ရိုးအီမသွားတဲ့ ဖက်ရှင်ဟာ ဂျင်း (Jeans) ဖက်ရှင်ပါပဲ။ လူတိုင်းမှာလဲ ဂျင်းနဲ့ ပတ်သတ်ပြီး တမျိုးမဟုတ် တမျိုးတော့ ရှိတတ်ကြပါတယ်။ ဂျင်းထည်တွေကလည်း ဘာနဲ့ တွဲဝတ်ဝတ် လိုက်ဖက်တာမို့ ဂျင်းထည်တွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာတော့ သိထားသင့်တာပေါ့။
ဂျင်းထည်တွေကို ခေါက်ပြီး ဗီဒိုထဲမှာ ထည့်ပြီး မသိမ်းသင့်ပါဘူး။ အဲ့လို ထည့်မသိမ်းဘဲ ချိတ်နဲ့လှန်းပြီး ထားသင့်ပါတယ်။ အဲ့လို ချိတ်နဲ့ လှန်းတာကလည်း ဂျင်းထည်တွေကို ပုံမပျက်ဘဲ ကြာရှည်ခံနိုင်ပါတယ်။
ဂျင်းတွေကို ခဏခဏ မလျှော်သင့်ပါဘူး။ ခဏခဏ လျှော်ခြင်းအားဖြင့် ဂျင်းဘောင်းဘီ အရောင်ပျယ်ပြီး ပုံလည်း ပျက်လာနိုင်ပါတယ်။ နာမည်ကြီးတံဆိပ်တွေကတော့ အရောင်မြန်မြန် မလွင်ပေမယ့် နာမည်ကြီးတံဆိပ် မဟုတ်တဲ့ ဂျင်းထည်တွေကတော့ အရောင် အမြန်မြန်လွင့်နိုင်လို့ ခဏခဏ မလျော်ဘဲ လျှော်ခဲ့ရင်လည်း ပြောင်းပြန်လှန်လျှော်တာ အကောင်းဆုံးနည်းလမ်းပါဘဲ။
အရောင်လွင့်ခြင်းကနေ ကာကွယ်နိုင်အောင် ရှာလကာရှည်အကြည်တခွက်ကို ဂျင်းတွေလျှော်တဲ့ အခါ ထည့်သုံးပေးသင့်ပါတယ်။ ဂျင်းထည်တွေက ခဏခဏလျှော်ရင် အရောင်လွင့်တာတွေ ပွတ်တိုက်လျှော်ဖွတ်တာတွေကြောင့် ဂျင်းတွေက ပျက်စီးတတ်တယ်ဆိုတော့ အနံ့တွေ ပျောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းကတော့ ပလပ်စတစ်အိတ်ထဲမှာထည့်ပြီး မုန့်ဖုတ်ဆော်ဒါ တဇွန်းကို ထည့်ပြီးလှုပ်ပါ။ အဲ့လိုလှုပ်ခြင်းက အနံ့တွေကို သိသိသာသာ ပျောက်သွားတာတွေ့ရမှာပါ။
Jeans အတော်များများက ဆွဲအား ကောင်းတဲ့အတွက် ပြန်ကျုံ့သွားအောင်လို့ ဆိုပြီး ထပ်ခါထပ်ခါ လျှော်စရာမလိုပါဘူး။ ဝတ်ပြီးတိုင်းလည်း မလျှော်ပါနဲ့။ ဆပ်ပြာ မှုန့်တချို့က သင့် Jeans ဘောင်းဘီတွေ ရဲ့ မူလအရောင်ကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ အတွက် အရောင်တောက်တဲ့Jeans တွေဆို မွဲသွားတာမျိုးနဲ့ အရောင်နုတဲ့ Jeans တွေဆို အရောင် ပြောင်းသွားနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ၄၊ ၅ ခါ လောက်ဝတ်ပြီး တခါလောက် လျှော်တာကသာ သင် တန်ဖိုးထားရတဲ့ သင့်Jeans အတွက် အကောင်းဆုံးနည်းလမ်းပါ။
အပေါ်မှာ ပြောသွားသလို ၄၊ ၅ ခါ လောက် ဝတ်ပြီးမှ တခါသာ လျှော်ရမယ် ဆိုတော့ ညစ်ပတ်မနေဘူးလားလို့ တွေးကောင်းတွေးနေမယ် ထင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့ Jeans တွေကို တခါ ဝတ်ပြီးတိုင်း ခဏလောက် နေလှန်းပေးတာ ဒါမှမဟုတ် ချိတ်လေးနဲ့ ချိတ်ထားပြီး လေသလပ်ခံပေးတာမျိုး လုပ်ပေးမယ် ဆိုရင် အကောင်းဆုံးပါဘဲ။