ချစ်သူနဲ့ ဘယ်လောက်ထိ ရေရှည်လက်တွဲသွားနိုင်မလဲ၊ သူနဲ့ ကိုယ်နဲ့စိတ်ထားချင်း ဘယ်လောက်ထိ တိုက်ဆိုင် နိုင်သလဲဆိုတာ ဆန်းစစ်ကြည့်ချင်သူတွေအတွက် အောက်ကအချက်တွေက တကယ်ပဲ အရေးပါပါတယ်။ ဒီအချက်တွေကို တကယ်ကျော်ဖြတ်နိုင်ပြီ ဆိုရင်တော့ ရေရှည်လက်တွဲသွားနိုင်ဖို့ ရာခိုင်နှုန်း တော်တော်များနေပါပြီ။
(၁) သူငယ်ချင်းလို ဆက်ဆံနိုင်တယ်
သင့်ချစ်သူကို အရင်းနှီးဆုံး သူငယ်ချင်း တယောက်လို ဆက်ဆံနိုင်ပြီ၊ လျှို့ဝှက်ချက်တွေ ထိန်ချန်ထားစရာ မလိုဘူး ဆိုတဲ့အချက်က ရေရှည် ဆက်ဆံရေးတည်ဆောက်နိုင်ဖို့အတွက် အရေးကြီးပါတယ်။
(၂) ကိုယ်ပိုင်ဘဝတွေ ရှိကြတယ်
သူနဲ့ အကုန်နေရာတကာ လိုက်ညှိစရာမလိုဘဲ သင်ဝါသနာပါရာ သင့်အိပ်မက်ကို စိတ်ကြိုက်ဖန်တီးနိုင်တဲ့ အခြေအနေရောက်ပြီလား သုံးသပ်ကြည့်ပါ။
(၃) စိတ်ထားချင်း တူညီတယ်
ကိစ္စအသေးတွေမှာ စိတ်သဘောထားချင်း ကွဲလွဲပေမယ့် ကိစ္စကြီးကြီးတွေမှာတော့ သင်တို့နှစ်ယောက်က ညှိယူစရာ မလိုအောင် စိတ်ထားချင်းတိုက်ဆိုင်ကြပါတယ်။
(၄) အခြေအနေတခုကို ဘယ်လိုထိန်းသိမ်းရမလဲ သိတယ်
နှစ်ရှည်လများ လက်တွဲမယ်ဆိုရင် ပျင်းစရာကောင်းလာမှာ အမှန်ပါပဲ။ ဒါပေမဲ့ သင်ကဒီလိုအချိန်ကို ဘယ်လိုမျိုးစိတ်လှုပ်ရှားစရာကောင်းအောင် ဖန်တီးမလဲသိဖို့ လိုအပ်ပါတယ်။
(၅) ရန်ဖြစ်ဖူးတယ်
ပြဿနာ ကြီးကြီးမားမားတွေကတောင် သင်တို့နှစ်ယောက်ကို ကွဲသွားအောင် မလုပ်ဆောင်နိုင်တဲ့ အခြေအနေရောက်ပြီလား။
(၆) အချိန်၊ သံသယ၊ အနာဂတ်တွေ
အချိန်ဘယ်လောက်ကြာကြာ မဝေးသွားဘူး။ သံသယတွေကို ဝေမျှနိုင်သလို အနာဂတ်တွေမှာလည်း သူနဲ့အတူ ရှိချင်တယ် ဆိုရင်တော့ သင်တို့ ရေရှည်လက်တွဲသွားနိုင်ပါပြီ။