အဝတ်အစားတွေပေါ်ကို မတော်တဆ တခုခုကြောင့် ဟင်းဆီ၊ စက်ဆီနဲ့ မှင် အစရှိတဲ့ အစွန်းအထင်းတွေ ပေကျံသွားတဲ့ အခါ လျှော်ဖွပ်ရခက်တဲ့ အခါမျိုးတွေအတွက် အစွန်းအထင်းတွေကို ပြောင်စင်သွားအောင် သန့်စင်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) အကျီၤပေါ်မှာ အဆီကွက်တွေ စွန်းထင်းသွားတဲ့အခါမျိုးမှာ မိမိသုံးနေကျ ခေါင်းလျှော်ရည်အနည်းငယ်ကို အဆီကွက် ပေါ်မှာ လောင်းချပေးပြီး မိနစ် ၅၀ ခန့်ထားပြီးမှ လျှော်ဖွပ်ပေးခြင်းအားဖြင့် ဆီကွက်တွေ ပြောင်စင်သွားမှာ ဖြစ်ပါတယ်။ မြေဖြူမှုန့် အနည်းငယ်ကို အဆီကွက်နေရာပေါ် မိနစ် ၅၀ လောက် ဖြူးထားပြီးမှ လျှော်ဖွပ်ပေးရုံနဲ့လည်း သန့်စင်နိုင်ပါတယ်။
(၂) ကော်ဖီ၊ လက်ဖက်ရည်တို့ကြောင့်ဖြစ်တဲ့ အစွန်းအထင်းတွေအတွက် ရေနဲ့ရှာလကာရည်ကို ဆတူရောပြီး လျှော်ဖွပ် ပေးနိုင်ပါတယ်။ နောက်ထပ် တနည်းကတော့ ပြောင်းဖူးကော်မှုန့် အနည်းငယ်နဲ့ ရှာလကာရည်တို့ကို ရောစပ်ပြီး စွန်းပေနေတဲ့ နေရာပေါ်မှာ ခြောက်သွေ့သွားတဲ့အထိ သုတ်လိမ်းထားပြီးမှ လျှော်ဖွပ်ပေးခြင်းအားဖြင့်လည်း အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
(၃) မှင်စွန်းသွားတဲ့ အဝတ်အစားတွေအတွက်တော့ အိမ်သုံးဆားအနည်းငယ်နဲ့ အရက်ပြန်တို့ကို ရောပြီး စွန်းသွားတဲ့ နေရာကို ပွတ်တိုက်လျှော်ဖွပ်ပေးနိုင်ပါတယ်။
(၄) ဖျော်ရည်တွေ အကျီၤပေါ်မှောက်ကျလို့ စွန်းထင်းသွားတဲ့အခါမျိုးတွေအတွက် ရှာလကာရည်နဲ့ ရေဆတူ ရောထားတဲ့ အရည်ထဲမှာ ခဏလောက်စိမ်ပြီးမှ လျှော်ဖွပ်ပေးနိုင်ပါတယ်။ နောက်ထပ်တနည်းကတော့ ရှားစောင်းလက်ပတ်ဂျယ် အနည်းငယ်ကို အစွန်းကွက် နေရာပေါ်မှာ မိနစ် ၅၀ ခန့် သုတ်လိမ်းထားပြီးမှလည်း လျှော်ဖွပ်ပေးနိုင်ပါတယ်။
(၅) ချော်လဲတာမျိုးကြောင့်ပဲဖြစ်ဖြစ်၊ ခြင်ကိုက်တဲ့အခါ ခြင်ကိုရိုက်လိုက်လို့ အကျီၤပေါ် သွေးစွန်းသွားတဲ့အခါမျိုးတွေမှာ စွန်းထင်းသွားတဲ့ နေရာကို အိမ်သုံးဆားအနည်းငယ်နဲ့ ပွတ်ပြီးလျှော်ဖွပ်ပေးရုံနဲ့ အလွယ်တကူ သန့်စင်သွားပါလိမ့်မယ်။
Ref ; www.ba-bamail.com