သောကြာနေ့ ရောက်လာပြန်ပြီနော်။ ဒီတပတ်မှာတော့ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ့် နည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။
(၁) မုန့်အတူ လုပ်စားမယ်
သူငယ်ချင်းတွေ အတူစုပြီး ညဘက်မှာ ဟော့ပေါ့၊ အကင် (သို့မဟုတ်) မုန့်တခုခု လုပ်စားကြည့်ပါ။ ပြီးရင် ဒီညက သောကြာည ဖြစ်တဲ့အတွက် သောက်တတ်တဲ့ သူတွေပါရင် ဝိုင် (သို့မဟုတ်) ဘီယာ သောက်ပြီး အချိန်ကုန်ဆုံးနိုင်ပါတယ်။ ဒီတညကို ဝိတ်တက်မှာ တော့ စိတ်မပူနေပါနဲ့တော့။
(၂) ရှော့ပင်း ထွက်မယ်
ဒီညဘက်မှာ စိတ်ကြိုက် ရှော့ပင်းစင်တာတွေ သွားပြီး အကျီင်္လှလှ၊ ဖိနပ်၊ အိတ်၊ လက်ဝတ်ရတနာ(သို့) အခြားသဘောကျတဲ့ ပစ္စည်းတွေ ဝယ်ပစ်လိုက်ပါ။
(၃) ရုပ်ရှင်ကြည့်မယ်
ရုပ်ရှင်ရုံမှာ လက်မှတ်ကြိုတင် မှာထားပြီး သူငယ်ချင်းတွေနဲ့ အတူသွားကြည့်ပါ။ ဒါမှမဟုတ်ရင်လည်း အိမ်မှာ သရဲကားတူတူ စုကြည့်တာမျိုးက ပျော်စရာ ကောင်းမှာပါ။
(၄) ကစားမယ်
ပန်းခြံထဲ စက်ဘီးစီးတာမျိုး၊ စကိတ်စီးတာမျိုးနဲ့ ဘိုးလင်းသွားပစ်တာမျိုးတွေ စမ်းကြည့်ပါ။ သူငယ်ချင်းတွေများတယ်ဆိုရင်တော့ အဖွဲ့ခွဲပြီး ပြိုင်ရတဲ့ ကစားနည်းမျိုး စမ်းကြည့်ပါ။ ကိုယ်တိုင် ငယ်ဘဝရောက်သွားသလို ခံစားရပြီး စိတ်တွေပေါ့ပါးသွားစေမှာပါ။
(၅) အလှပြင်မယ်
လက်သည်းနီ ဒီဇိုင်းအသစ် ဖော်တာမျိုး၊ မျက်နှာပေါင်းတင်တာမျိုးကို သူငယ်ချင်းတွေ အုပ်စုလိုက် လုပ်ကြည့်ပါ။ ပြီးရင်တော့ သူဘယ်လောက် ပြောင်းလဲသွားတယ်၊ ကိုယ့်အသားအရေကကော တကယ် သိသာလာလားဆိုတာ ငြင်းခုန်လို့လည်း ရသေးတယ်လေ။
ကဲ… သူငယ်ချင်းတွေနဲ့တွေ့ဖို့ မအားဘူးဆိုသူတွေ ဒီသောကြာနေ့မှာ အထက်က နည်းလမ်းလေးတွေသုံးပြီး သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းကြည့်ပါ။