Trend

ရုပ်ရှင်ရုံထဲမှာ မပြုလုပ်သင့်တဲ့ အပြုအမူများ

ရုပ်ရှင်တွေမှာ ရုပ်ရှင်သွားကြည့်တဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အပြုအမူတွေတွေနဲ့ ပက်သက်ပြီး ကိုယ့်ကြောင့် တခြားသူတွေ စိတ်အနှောင့်အယှက် မဖြစ်ရအောင် ရှောင်ကြဉ်သင့်တဲ့ အပြုအမူတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရုပ်ရှင်ရုံဟာ Public Area တခုဖြစ်တာကြောင့် အနည်းနဲ့အများဆိုသလို စကားပြောဆိုတာတွေ ရှိနိုင်ပေမယ့် ရုပ်ရှင်ပြသနေစဉ်အတောအတွင်းမှာတော့ စကားကို ကျယ်ကျယ်လောင်လောင်ပြောဆိုခြင်း အပါအဝင် တတွတ်တွတ်နဲ့ ပြောဆိုနေခြင်းဟာ ရုပ်ရှင်ကြည့်ရှုနေသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

(၂) ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ချစ်သူတော်တော်များများ နောက်ထပ်ကြုံတွေ့ရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတခုကတော့ ရုပ်ရှင်ဇာတ်လမ်းတွေကို Spoil လုပ်ခြင်းပဲဖြစ်ပါတယ်။ ဇာတ်ကားတကားရဲ့ ဇာတ်ရှိန်အမြင့်ဆုံး နေရာတွေနဲ့ ဇာတ်ကားရဲ့ အဆုံးသတ်အခန်းတွေမှာ ဇာတ်လမ်းကိုပြောပြနေတဲ့ spoiler အများစုဟာ ဒီလို အပြုအမူမျိုးကို ရှောင်ကြဉ်သင့်ပြီး ဒါဟာ မိမိရဲ့ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျကြောင်းကိုလည်း ဖော်ပြရာ ရောက်ပါတယ်။

(၃) ဖုန်း Ringtone ကို Silent လုပ်ထားခြင်းဖြင့်လည်း ရုပ်ရှင်ရုံထဲက တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်ခြင်း ကနေ ကူညီရာရောက်ပါတယ်။ အကယ်၍ သင်ဟာ ဖုန်း Ringtone ကို Silent ပြုလုပ်ဖို့ မေ့လျော့နေခဲ့တယ် ဆိုရင်တော့ အနီးအနားကလူတွေကို တောင်းပန်စကားပြောဆိုဖို့ မမေ့လျော့သင့်ပါဘူး။ ရုပ်ရှင်ရုံတွင်းမှာ အသံကျယ်လောင်စွာ ဖုန်းပြောတာဟာ ရိုင်းစိုင်းတဲ့ အပြုအမူပါ။

(၄) ရုပ်ရှင်ကြည့်တဲ့အခါ မိမိထိုင်ခုံရှေ့ကခုံကို ခြေထောက်နဲ့ကန်ထားခြင်းဟာ အလွန် ရိုင်းစိုင်းတဲ့ အပြုအမူပဲဖြစ်ပါတယ်။ သင့်ရှေ့ကလူက သင့်ကိုအားနာလို့ ဘာမှမပြောဘူး ဆိုရင်တောင် ဒါဟာ လုံးဝမလုပ်သင့်တဲ့ အပြုအမူပဲ ဖြစ်ပါတယ်။

(၅) ရုပ်ရှင်ပြသနေစဉ်အတွင်းမှာ Selfie တွေ တဖျတ်ဖျတ် ရိုက်ကူးနေခြင်းဟာ သင့်အနီးအနားက ကြည့်ရှုသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတာကြောင့် မလုပ်သင့်တဲ့ အပြုအမူပဲဖြစ်ပါတယ်။

Ref. https://blog.fromtheboxoffice.com

Loading