Trend

တာရှည်ခံပြီး ကိုယ်နဲ့လိုက်ဖက်မယ့် ရေမွှေးရနံ့မျိုး ဖြစ်အောင် ဘယ်လိုဆွတ်မလဲ

Want create site? Find Free WordPress Themes and plugins.

မိန်းကလေး တယောက်အတွက် ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ မိတ်ကပ် အလှပြင်ပစ္စည်းတွေ သုံးထားပါစေ၊ ရာနှုန်းပြည့် မပြည့်စုံသေးပါဘူး။ ကိုယ်သင်းနံ့ကို ကိုယ်စားပြုတဲ့ ရေမွှေးလေး ဆွတ်လိုက်မှပဲ အားလုံးပြီးပြည့်စုံ သွားတာပါတဲ့။ ဒါကြောင့်လည်း မိန်းကလေး တယောက်မှာ သူနဲ့အလိုက်ဖက်ဆုံး မွှေးရနံ့ တမျိုးတော့ ပိုင်ဆိုင်ထားသင့်ပါတယ်။

သင်နဲ့ အလိုက်ဖက်ဆုံး ရေမွှေးနံ့ ရွေးနိုင်ပြီဆိုရင် ရာခိုင်နှုန်း တဝက်လောက် သင့်အလှကို ထောက်ပံ့ ပေးနိုင်ပါပြီ။ ရွေးချယ်လိုက်တဲ့ အဝတ်အစားနဲ့ လိုက်ဖက်ညီတဲ့ ရေမွေးနံ့ကို ရွေးချယ်နိုင်ဖို့လည်း လိုအပ်ပါတယ်။

တန်ဖိုးကြီး နာမည်ကျော် ရေမွှေးတွေက တနေကုန် အနံ့စွဲပြီး မွှေးတယ်ဆိုပြီး ဈေးများတာကို ပိုက်ဆံအကုန်ခံ မဝယ်နိုင်လို့လည်း စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး။ ကိုယ်တတ်နိုင်သလောက်နဲ့ ဝယ်လိုက်တဲ့ ရေမွှေးကိုလည်း တန်ဖိုးကြီးပစ္စည်းတွေလို အနံ့တာရှည်စွဲအောင် ဖန်တီးယူလို့ရပါတယ်။

ပထမဆုံးအချက်က ရေမွှေးနံ့နဲ့ အနံ့တူတဲ့ အလှကုန်ပစ္စည်းတွေကို ရွေးဝယ်ပါ။ ဥပမာ- Body lotion ၊ ရေချိုး ဆပ်ပြာနဲ့ deodorants တွေကို အရောင်တူတာမျိုး မဟုတ်လည်း အနံ့ခပ်ဆင်ဆင်မျိုး သုံးတာက ခန္ဓာကိုယ်ပေါ် အနံ့စွဲနေပြီး ကိုယ်သင်းနံ့လို တာရှည်စွဲစေပါတယ်။

နောက်တချက်က ရာသီဥတုပေါ် မူတည်ပြီး ရေမွှေးနံ့တွေကို ရွေးချယ်ပါ။ နွေရာသီနဲ့ လိုက်ဖက်မယ့်ရနံ့၊ ဆောင်းရာသီနဲ့ သင့်တော်မယ့်ရနံ့ စသဖြင့် သေချာရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါ့အပြင် မနက်နဲ့ ညဘက်အတွက် အနံ့ မတူတာမျိုး သုံးပါ။

အနံ့ပိုစွဲအောင် ရေမွှေးကို ခန္ဓာကိုယ်ပေါ်က နားနောက်ဘက်၊ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်နား ဆွတ်ပေးပါ။ ရေမွှေး ဆွတ်လိုက်တဲ့ နေရာကို လက်နဲ့ ပြန့်သွားအောင်ဆိုပြီး မပွတ်တိုက်လိုက်ပါနဲ့။ ဒါဟာ အနံ့ပိုမစွဲစေပဲ ဆွတ်လိုက်တဲ့ အနံ့တောင် ပြယ်သွားစေလို့ပါ။

တချို့သူတွေက ရေမွှေးဆွတ်တဲ့အခါ အကျႌပေါ်ကိုဆွတ်ရင် အနံ့ပိုစွဲတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အသားရေပေါ် ဆွတ်ပေးမှ သွေးကြောတလျှောက် စိမ့်ဝင်သွားပြီး အနံ့ပိုစွဲသွားတာပါတဲ့။

Ref: Better Me

Did you find apk for android? You can find new Free Android Games and apps.
Loading