မနက်ခင်းတွေမှာ နေ့စဉ် သောက်သုံးနေကျ ကော်ဖီမှုန့်ဟာ သင့်ကို လန်းဆန်း တက်ကြွစေရုံသာမက ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ အိမ်တွင်းသန့်ရှင်းရေး ပြုလုပ်ရာမှာပါ အသုံးတည့်တာကြောင့် ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ကော်ဖီမှုန့်ရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အသားငါးတွေ ကိုင်ပြီးတဲ့အခါမှာ ဖြစ်ဖြစ်၊ ကြက်သွန်လှီးပြီးအခါ ကြက်သွန်နံ့တွေ လက်မှာ စွဲကျန်နေတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် ဆပ်ပြာထဲကို ကော်ဖီမှုန့် အနည်းငယ်ထည့်ပြီး ဆေးကြောပေးရုံနဲ့ အနံ့ဆိုးတွေကို ပျောက်ကွယ်စေမှာ ဖြစ်ပါတယ်။
(၂) ရေခဲသေတ္တာထဲကို အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ပေါင်းပြီး ထည့်ထားတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ အနံ့အသက် မကောင်းတာတွေအတွက် ကော်ဖီမှုန့် အနည်းငယ်ကို ရေခဲသေတ္တာထဲ ဖြူးပေးခြင်းအားဖြင့် အနံံ့ဆိုးတွေ လျင်လျင်မြန်မြန် ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။
(၃) သင့်အိမ်မှာရှိတဲ့ အလှစိုက်ပန်းအိုးထဲက မြေဆွေးတွေကို ကော်ဖီမှုန့် အနည်းငယ်နဲ့ ရောပြီး စိုက်ပျိုးပေးမယ် ဆိုရင် သန်စွမ်းလာတဲ့ ပန်းပင်လေးတွေရဲ့ ရလဒ်ကောင်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၄) သင့်အိမ်က သစ်သား ပရိဘောဂတွေ ပြန်လည် တောက်ပြောင်လာစေနိုင်ဖို့အတွက် ကော်ဖီမှုန့်ဟာ အကောင်းဆုံး Cleaner ပဲ ဖြစ်ပါတယ်။ ကော်ဖီမှုန့် အနည်းငယ်ကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး သစ်သား ပရိဘောဂတွေပေါ်မှာ အဝတ်နဲ့ ပွတ်တိုက် သန့်ရှင်းပေးခြင်းအားဖြင့် အသစ်အတိုင်း တောက်ပြောင်လာစေမှာ ဖြစ်ပါတယ်။
(၅) သင့်အိမ်ခန်းထဲမှာ အနံ့အသက် မကောင်းတဲ့ အခါမျိုးတွေအတွက် ကော်ဖီမှုန့်ကို သဘာဝ Air Freshener အဖြစ် အသုံးပြုနိုင်ပါတယ်။ ကော်ဖီမှုန့် အနည်းငယ်ကို တစ်ရှူးစက္ကူလေးထဲ ထုပ်ပြီး အခန်းရဲ့ထောင့်တွေမှာ ထားပေးရုံနဲ့ မကောင်းတဲ့ အနံ့အသက်တွေ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။
Ref : brightside.me