Trend

ရေမွှေး ဝယ်ယူတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

ရေမွှေးအသုံးပြုခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုရှိစေသလို စိတ်ကို နိုးကြား တက်ကြွစေတာကြောင့် အမျိုးသားရော အမျိုးသမီးတွေပါ နေ့စဉ်အသုံးအဆောင် ပစ္စည်းတမျိုး အနေနဲ့ ရေမွှေးကို အသုံးပြုလာကြတာပဲဖြစ်ပါတယ်။

ရေမွှေးကို တခါမှ အသုံးမပြုဖူးသူတွေရော အသုံးပြုသူတွေပါ သိထားသင့်တဲ့ ရေမွှေးနဲ့ပက်သက်တဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေမွှေး မဝယ်ခင်မှာ ကိုယ်ဝယ်မယ့် ရေမွှေးအမျိုးအစားနဲ့ ပက်သက်ပြီး Official Website တွေမှာ ဝင်ရောက် ကြည့်ရှုတာမျိုးကို ပြုလုပ်သင့်ပါတယ်။ Online မှာ ရောင်းချတဲ့ ရေမွှေးတွေကို ဝယ်ယူတာမျိုးထက် မိမိကိုယ်တိုင် ရေမွှေးဆိုင်မှာ စမ်းသပ် ဝယ်ယူတာမျိုးကို ပြုလုပ်သင့်ပါတယ်။

(၂) ရေမွှေး ဝယ်ယူတော့မယ်ဆိုရင် မိမိလိုချင်တဲ့ ရေမွှေးရနံ့ကို သေချာစွာသိဖို့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေတဲ့ အနံ့မျိုးကို လိုချင်တာလား၊ ပါတီနဲ့အခမ်းအနားတွေ တက်တဲ့အခါ အသုံးပြုဖို့အတွက်လား၊ မိမိဟာ သစ်သီးရနံ့ ကြိုက်သူလား စသဖြင့် ရနံ့နဲ့ ပက်သက်ပြီး မိမိအကြိုက်ကို အရင်ဦးဆုံးသိဖို့ လိုအပ်ပါတယ်။

(၃) ရေမွှေး ဝယ်ယူတဲ့အခါ ဈေးကြီးမှကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို မထားသင့်ပါဘူး။ ရေမွှေး တပုလင်း ဝယ်ထားပြီးပြီ ဆိုရင် ရေရှည်အသုံးပြုရမှာ ဖြစ်တဲ့အတွက် မိမိနဲ့ ကိုက်ညီပြီး ကိုယ်တကယ်ကြိုက်နှစ်သက်တဲ့ အနံ့အမျိုးအစားကို အဓိကထား ရွေးချယ်သင့်ပါတယ်။

(၄) ရေမွှေးအနံ့ကို စမ်းသပ်တဲ့အခါ ရေမွှေးပုလင်းကို နှာခေါင်းမှာ တေ့ပြီး အနံ့ခံကြည့်တာထက် လက်ကောက်ဝတ်မှာ စမ်းသပ် ဆွတ်ကြည့်တာမျိုးကို ပြုလုပ်သင့်ပါတယ်။ သင်ဟာ Sensitive skin အမျိုးအစား ပိုင်ရှင်တယောက် ဆိုရင်တော့ လက်ကောက်ဝတ် အရေပြားကို စမ်းသပ် ဆွတ်ကြည့်ခြင်းအားဖြင့် ဓာတ်မတည့်တာမျိုးကြောင့် ယားယံတာမျိုးနဲ့ အသားအရေ နီရဲ ရောင်ရမ်းလာတာမျိုးတွေ ဖြစ်တဲ့အခါ ရှောင်ကြဉ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – တာရှည်ခံပြီး ကိုယ်နဲ့လိုက်ဖက်မယ့် ရေမွှေးရနံ့မျိုး ဖြစ်အောင် ဘယ်လိုဆွတ်မလဲ

Ref : brightside.me

Loading